Wednesday 15 February 2012

“ဆိုင်ခန်းငှားရမ်းခြင်းနှစ်ဦးသဘောတူကတိစာချုပ်”


ဆိုင်ခန်းငှားရမ်းခြင်းနှစ်ဦးသဘောတူကတိစာချုပ်

ဤစာချုပ်ကို မြို့နယ်၌ သက္ကရာဇ်၊ - ခုနှစ်၊ လ( )ရက်နေ့ တွင်အောက်အမည်ပါ ဆိုင်ခန်းပိုင်ရှင် နှင့် ငှားရမ်းသူတို့ သဘောတူချုပ်ဆိုကြခြင်းဖြစ်ပါသည်။

ဆိုင်ခန်းပိုင်ရှင်

ဆိုင်ခန်းငှားရမ်းသူ

ငှားရမ်းသည့်ဆိုင်ခန်း

ငှားရမ်းသည့်သက်တမ်း ခုနှစ်၊ လ ( ) ရက်နေ့မ ခုနှစ်၊ ( ) ရက် နေ့ထိ လပေါင်း( ) လ

ငှားရမ်းသည့်နှုန်းထား တစ်လလျှင် ငှားရမ်းခ /-(ကျပ် ) တိတိ

ဆိုင်ခန်းတွင် ဖွင့်လှစ် မည့်စီးပွားရေးလုပ်ငန်း

စည်းကမ်းချက်များ

(၁) ဆိုင်ခန်းငှားခနှုန်းခထားမှာ တစ်လလျှင် /- ဖြစ်ပြီး ငှားရမ်းသည့်သက်တမ်း ( ) လ အတွက် ကျသင့်ငွေ /-(ကျပ် ) တိတိကို ယနေ့စာချုပ် ချုပ်သည့်နေ့တွင် အကြေပေး ချေရပါမည်။

(၂) ငှားရမ်းသူသည် ဆိုင်ခန်းတွင် သုံးစွဲသည့်လျှပ်စစ်ဓါတ်အားခကို လစဉ် /-(ကျပ် တိတိ) သတ်မှတ်ပြီး လစဉ် လဆန်း ( ) ရက်နေ့တွင် ဆိုင်ရှင်သို့ ပေးဆောင်ရပါမည်။

(၃) ဥပဒေနှင့်ငြိစွန်းသော ဆောင်ရွက်မှုများ ပြုလုပ်ပါက ဆိုင်ခန်းငှားရမ်းသူဧ။် တာဝန်သာဖြစ်ပြီး အကယ်၍ ဥပဒေနှင့်ငြိစွန်းမှု တစ်စုံတရာ ပေါ်ပေါက်လာပါက ဆိုင်ရှင်သို့ပေးထားပြီးသော ဆိုင်ခန်းငှားခများကို အဆုံးရှုံးခံ၍ ဆိုင်ခန်းမှဖယ်ရှား ထွက်ခွာသွားရပါမည်။

(၄) ဆိုင်ခန်းကို နှစ်ဦးနှစ်ဖက် ဆက်လက်ငှားရမ်းလိုပါက အငှားစာချုပ်အသစ် ထပ်မံချုပ်ဆိုရမည်ဖြစ်ပြီး ငှားရမ်းခကို ပြောင်းလဲ သတ်မှတ်ခွင့်ရှပါသည်။ ဆိုင်ရှင်မှသော်လည်းကောင်း၊ ဆိုင်ငှားမှသော်လည်းကောင်း ဆိုင်ခန်းကို ဆက်လက်ငှားရမ်းရန် ဆန္ဒမရှိပါက အငှား သက်တမ်း မကုန်မီ ( )လ ကြိုတင်၍ အသိပေးရမည်ဖြစ်ပါသည်။

ဤငှားရမ်းခြင်းသဘောတူစာချုပ်ကို ချုပ်ဆိုကြသူများသည် ဤစာချုပ်ပါ စည်းကမ်းချက်များကို ကိုယ်တိုင်ဖတ်ရှုနားလည် သဘောပေါက်ကြသဖြင့် မိမိတို့ဧ။် လွတ်လပ်သော ဆန္ဒနှင့် အညီ သက်သေများရှေ့၌ လက်မှတ်ရေးထိုးကြပါသည်။

( ) ( )

ဆိုင်ခန်းပိုင်ရှင် ဆိုင်ခန်းငှားရမ်းသူ

အသိသက်သေများ

၁ ။ ၂ ။

အမည် အမည်

မှတ်ပုံတင် မှတ်ပုံတင်

လိပ်စာ လိပ်စာ

No comments:

Post a Comment