Wednesday 15 February 2012

“နှစ်ဦးသဘောတူ အိမ်ခြံမြေ အရောင်းအ၀ယ် ကတိစာချုပ်”


“နှစ်ဦးသဘောတူ အိမ်ခြံမြေ အရောင်းအ၀ယ် ကတိစာချုပ်”

ရက်စွဲ။ ခု၊ လ၊ ( ) ရက်

ရောင်းသူ ။ ။ အမည်

အမျိုးသားမှတ်ပုံတင်အမှတ်

နေရပ်လိပ်စာ

ဝယ်ယူသူ ။ ။ အမည်

အမျိုးသားမှတ်ပုံတင်အမှတ်

နေရပ်လိပ်စာ

အရောင်းအ၀ယ် ပြုလုပ်သည့်အိမ်ခြံမြေ


တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ လမ်း၊ အမှတ် ( ) ဟုခေါ်တွင်သော အလျား ( ) ပေ အနံ ( ) ပေရှိ မြေကွက်နှင့် ၄င်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် အိမ်နှင့် အိမ်သုံးမီတာ အပါအ၀င် သီးပင် စားပင် မြေပေါ်မြေအောက် အကျိုးခံစားခွင့်အရပ်ရပ် -

၁ ။ အထက်တွင်ဖေါ်ပြပါ ရောင်းသူက မိမိသာတရားဝင်ပိုင်ဆိုင် အကျိုးခံစားခွင့်ရှိနေသည့် ဖေါ်ပြပါ မြေနှင့်အိမ် အကျိုးခံစားခွင့် အရပ်ရပ်ကို တန်ဘိုးငွေ ကျပ် /- ( ကျပ် ) တိတိ ဖြင့်ရောင်းချလိုကြောင်း အဆိုပြုကမ်းလှမ်းလာရာ၊ အထက်ပါ ၀ယ်ယူသူကလည်း ယင်းတန်ဘိုးဖြင့်ပင် ၀ယ်ယူရန် သဘောတူပါသည်။

၂ ။ ဤသို့ သဘောတူညီကြသည့်အလျှောက် ယနေ့စာချုပ်ချုပ်ဆိုသည့် ( - - ) ရက်နေ့၌ပင် အဆိုပါ တန်ဘိုးငွေ ကျပ် /- ( ကျပ် ) တိတိကို တစ်လုံးတစ်ခဲတည်း အပြေအကြေ ၀ယ်ယူသူမှ ပေးချေရာ ရောင်းသူကလက်ခံရရှိကြောင်း ၀န်ခံပါသည်။ ယင်းအိမ်မြေ အကျိုးခံစားခွင့်အရပ်ရပ်နှင့် ယင်းအိမ်မြေ နှင့်သက်ဆိုင်သည့်စာရွက်စာတမ်းတို့ကို ၀ယ်ယူသူသို့ လက်ရောက်လွှဲပြောင်းပေးအပ်သည်ကို ၀ယ်ယူသူက လက်ခံရရှိကြောင်း ၀န်ခံပါသည်။

၃ ။ ဖေါ်ပြပါ ရောင်းချသည့် အိမ်မြေနှင့် ပက်သက်၍ ပေါင်နှံထားခြင်း၊ အခြားတစ်ဦး တစ်ယောက်သို့ ရောင်းခြထားခြင်း၊ အမွေစား အမွေခံ ပေးကမ်းထားခြင်း၊ အခြားတနည်းနည်းဖြင့် လွှဲပြောင်းထားခြင်းတို့မှ ကင်းရှင်းပါကြောင်း ရောင်းသူက ၀န်ခံကတိပြုပါသည်။ နောက်နောင် အရှုပ်အရှင်း ပေါ်ပေါက်လာပါက ၀ယ်ယူသူတွင် နစ်နာဆုံးရှုံးမှုမရှိစေပဲ၊ မိမိတို့စရိတ်ဖြင့်ပြေလည် ကင်းရှင်းသည်အထိ တာဝန် ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း ရောင်းသူက ၀န်ခံသဘောတူပါသည်။

ဤစာချုပ်ပါ အချက်အလက် စကားရပ်တို့ကို နှစ်ဦးနှစ်ဖက် ဖတ်ရှုနားလည်သဘောတူညီကြပါသဖြင့် အောက်ပါအသိသက်သေများ ရှေ့တွင် မိမိတို့ဆန္ဒ္ဒအရ လက်မှတ်ရေးထိုး အတည်ပြုချုပ်ဆိုကြပါသည်။

ရောင်းချသူ ၀ယ်ယူသူ

အသိသက်သေများ

၁ ။ ၂ ။

အမည် အမည်

မှတ်ပုံတင်အမှတ် မှတ်ပုံတင်အမှတ်

No comments:

Post a Comment