Monday 6 July 2009

မေ့သားလေး Luca

ကျွန်မ သားလေးနာမည်က Luca တဲ့။ သားလေးက အငယ်ဆုံးဖြစ်ပြီး ချစ်ဖို့လဲ ကောင်းတယ်။ အရမ်းလဲဆော့တယ်။ သားလေးက ရှက်တတ်ပြီး။ အရမ်းလဲ တတ်လွယ်တယ်။ တစ်ခါတစ်ခါ ကျွန်မသားလေးကို naught boy လို့တောင် စိတ်ထဲကခေါ်မိတယ်။ သားအစ်ကိုကြီးနဲ့သားက 12 နှစ်ကွာပြီး... အစ်မ Eleni နဲ့ 7 နှစ်ကွာတယ်။
အခု သားလေးက ကျောင်းတက်နေပြီလေ။ ဟိုနေ့က ကျောင်းမှာ ဘယ်လောက်ဆော့လဲဆိုရင် လက်ကျိုးသွားလို့ operation လုပ်ထားရတယ်။ အခုတော့ ပတ်တီးလေးနဲ့ဆိုတော့ ဆော့ချင်တိုင်းမဆော့ရဘူးလေ။ ဒီပုံလေးက သားလေးလက်မကျိုးခင် သူ့အစ်မသူငယ်ချင်းမွေးနေ့ပွဲမှာ သူနဲ့ စကားပြောဖော်၊ ကစားဖော်မရှိလို့ တစ်ယောက်ထဲ ဆူပုတ်နေတုန်း... သားလေး ဒီကိုကြည့်ဆိုပြီး ရိုက်ထားတာလေ.... ကျွန်မသားလေး ချောရဲ့လား?

လေးဖြူ... ခရီးအဆုံးထိ

တေးရေး - လင်းလင်း

Key : D
Intro : ( D A Bm G )2

D A
မင်းရဲ့အနမ်းတရှိုက်နဲ့
Bm G
ငါ့ရဲ့ အနမ်းတရှိုက်နဲ့ ခံစားချက်တူညီ
D
ရှိခဲ့တဲ့နောက်
A Bm
မင်းရဲ့အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့
G
အနာဂတ်သစ် တူညီ
D
ထားခဲ့တဲ့နောက်တော့
A Bm
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံး ခရီးတစ်ခု
G D
ငါတို့နှစ်ယောက် ကိုယ်တိုင် ရွေးထားခဲ့ပြီး
A Bm
သဘောထားများ အပြည့်နဲ့ ဆူးလမ်းများ နင်းဖြတ်
G D
ဘာဖြစ်ဖြစ်ပါကွယ် ခရီးများအဆုံးထိလျှောက်

Cho :
A
အဆိုးများကြုံကြိုက်တုန်းမှာ
Bm
ဒုက္ခတွေဟာ ခဏပါ
G D
အနမ်းများကို အသက်သွင်းကာ ခရီးများ အဆုံးထိလျှောက်
A Bm
လက်တွေ့ဟာ ရင်ဘက်မှာ လမ်းဆုံးဟာ ခဏလေးပါ
G
အနမ်းများကို အသက်သွင်းကာ
D
ခရီးများ အဆုံးထိလျှောက်
Bm G
ခရီးများ အဆုံးထိလျှောက် အူး
D
ခရီးများ အဆုံးထိလျှောက်

Music : D A Bm G
Repeat : Verse & Cho: ( Fine )