Tuesday 20 December 2011

`ပျင်း´ `ပျော်´ `ပြေး´

အလတ်မကတော့ ဒီနိုင်ငံမှာ အလုပ်လာလုပ်တဲ့ လူတွေကို `ပျင်း´ `ပျော်´ `ပြေး´ ဆိုပြီး နှိုင်းလိုက်ချင်တာပါပဲ။

ဒီကိုရောက်လာတဲ့ လူတိုင်းကတော့ ရောက်ရောက်ခြင်းပျော်တယ်ဆိုတာ အခုချိန်ထိ မကြားမိသေးဘူးရယ်။ (Passport Change) ပြီး ပြန်လာတဲ့လူတွေကိုတော့ မဆိုလိုပါဘူး။ တော်တော်များများဟာ ရောက်ခါစမှာ အဆင်မပြေတာများကြတယ်။ ဘယ်နိုင်ငံမှ မရောက်ဖူးသေးတဲ့ အလတ်မတို့လို အသစ်ကလေးတွေ အတွက်တော့ ပိုလို့တောင် ဆိုးသေးတယ်။ (စင်ကာပူ၊ ထိုင်း၊ အစ္စရေးတို့မှလဲ ဒီကို ကူးလာတဲ့သူများ ရှိတဲ့အတွက်ပါ) ငရဲအလားပေါ့။

Sunday တစ်ရက်ပဲ နားရက်ရပြီး မြို့ငယ်လေးတွေမှာ အလုပ်လုပ်ရတဲ့ ရွှေတွေအတွက် သွားရေး/လာရေး အလွန်ခက်ခဲလှတာကတော့ အဓိက ကြတာပေါ့။ အလတ်မတို့မြို့မှာကတော့ Bus ကားလိုင်းတွေက အများကြီးမို့ ဘယ်သွားသွား အဆင်ပြေတယ်လေ။ ကားခကို 2 Euro ပေးပြီး One Day လို့ပြောဝယ်လိုက်ရင် တနေ့လုံး ကားလျှောက်စီးတောင်ရသေးတယ်။ အဲ့ဒီ့ Ticket နဲ့ မြို့ထဲသွားတဲ့ ကြိုက်တဲ့ကားကို တက်စီးလို့ရတယ်။ တချို့ဆို အိမ်နီးတော့ လမ်းလျှောက်ကြတယ်။ အဝေးကြီးကို သွားစရာရှိရင် ရွှေအချင်းချင်း အဲ့ဒီ့ Ticket လေး ငှားပြီး သွားချင်တဲ့နေရာ သွားကြသေးတယ်။ 2 Euro သက်သာလဲ နဲလားနော့။ အဓိက သွားချင်တဲ့ နေရာသွားရဖို့ပဲလေ။

ရောက်လာတဲ့ အသစ်မှန်သမျှ ဒုက္ခမျိုးစုံ ခါးစီးခံကြပြီး `ပျင်းတယ်´ `ပြန်ချင်တယ်´ ဆိုတဲ့ စကားလုံးလေးတွေပဲ ကြားနေရတတ်တယ်။ တချို့Sundayနားရက်မရတဲ့ ရွှေတွေဆို ပိုလို့တောင် သနားစရာ ကောင်းသေး။ တော်တော်များများက အေးဂျင့်ခပေးပြီး လာရတဲ့အတွက် တခြားလိုအပ်တာတွေ (Phone, Computer, DVD, MP3) ၀ယ်ဖို့ထက် အေးဂျင့်ခကျေဖို့ကိုပဲ ကြိုးစားပြီးနေကြရတယ်။ Computer ရှိတဲ့ ရွှေတွေအတွက်ကျပြန်တော့လဲ နားရက်မရလဲ အပျင်းပြေစရာက ရှိနေတော့ `ပျင်း´ စကား သိပ်မကြားရပြန်ပေဘူးပေါ့။

ဘယ်ရွှေပဲဖြစ်ဖြစ် ရောက်ခါစမှာ `ပျင်း´ ဆိုတဲ့ စကားလုံးနဲ့တော့ ကိုက်ညီနေတတ်ကြပြန်တယ်လေ။ တဖြည်းဖြည်းနဲ့ လုပ်သက်လေးရလာလို့ `ပျင်း´ တာလေး ပျောက်ပြီး `ပျော်´ တာလေးရောက်လာပြန်တယ်။ သွားတတ်/လာတတ်၊ ပေါင်းတတ်/သင်းတတ်လို့ လူရည်လေးလည်၊ အ၀တ်အစားလေးလဲ စတိုင်ကျကျ ၀တ်တတ်လာကြတယ်။

လည်တတ်လာပြီး ကိုယ့်ကိုကိုယ်လှအောင်လဲ ပြင်ပြီး သွားစရာလမ်းစလေးများကလဲ များလာတတ်ပြန်တယ်။ တခြားမြို့တွေကို လျှောက်လည်ရင်းနဲ့ပဲ ပျော်ရွှင်စွာ ဘ၀ခရီးကြမ်းလေးကို ဖြတ်သန်းပြီး ကုန်ဆုံးစေ ခဲ့တယ်။ နွေရာသီဆို Beach ရှိတဲ့မြို့က ရွှေတွေအတွက်တော့ အားအားရှိ ရေဆင်းကူးပြီး ပျော်နိုင်ပေမဲ့ အလတ်မတို့မြို့မှာတော့ Beach မရှိလို့ သူများမြို့သွားပြီး ရေကူးရင်း ပျော်အောင်နေတတ်တဲ့ အကျင့်လေးဖြစ်အောင် လေ့ကျင့်ခဲ့ရတယ်။

သင်္ကြန်ပွဲတော်တို့၊ တခြားပွဲတော်တွေရှိပြန်ရင်လဲ ကိုယ်နေတဲ့မြို့ကိုယ်စားပြု တက်ကကြရင်း ပျော်ရွှင်ခဲ့ကြရပြန်တယ်။

တချို့ရွာသူလေးများက ဒီ့ထက်တောင်ပျော်စရာကောင်းတဲ့အကြောင်းလေးတွေရှိသေးပြန်တယ်။ ဖူးစာရေး နတ်မင်းကြီးကြောင့်ပဲဆိုရမလား၊ အောင်သွယ်တော်တွေကောင်းလို့ပဲလို့ ဆိုရမလားတော့သိဘူး။ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီး လက်ထပ်တဲ့သူထပ်၊ စေ့စပ်တဲ့လူထပ်နဲ့ အပျော်လေးတွေ ဖန်တီးတတ်ကြတယ်။

ဂေါ်မစွံလူပျိုကြီး/အပျိုကြီးတွေကလဲ အောင်သွယ်ကောင်းလို့ စွံသွားကြသလို၊ ရွာမှာ ရည်းစားနဲ့ပြတ်လုလု ရွာသူလေးများကလဲ ဒီမှာအသစ်ရှာပြီး အတိတ်ဘ၀ကို မေ့သွားတတ်ကြသေးတယ်။

တချို့များကြတော့ ဦးနှောက်နဲ့ရွေးပြီး မိမိဘ၀ လက်တွဲဖော်နဲ့ ပျော်ရွှင်စေခဲ့ပြန်တယ်။ (အလတ်မနဲ့များ တခြားစီ)

ဒီလိုနဲ့ အပျော်ကိုယ်စီနဲ့ အချိန်ကုန်မှန်းမသိကုန်ခဲ့တယ်။ `ပျော်လို့ အားရနေပြီဆိုမှ´ (၄) နှစ် Visa ပြည့်ပြီမို့ ပြန်ဖို့ `ပြေး´ ဖို့ ပြင်ရပြန်တာပေါ့။ (ပုံမှန်အားဖြင့် (၄) နှစ်ပဲရကြပြီး Visa အမျိုးအစားပေါ်မူတည်ပြီး ထပ်တိုးလို့ ရတာတွေလဲ ရှိပါသည်။)

ရွာကို `ပြေး´ ကြတဲ့ တချို့ ရွှေများကြတော့လဲ သံယောဇဉ်မကုန်စွာ ပြန်လာဖို့ စာအုပ်လေး နာမည်ပြောင်းပြီး ထပ်လာကြပြန်ရော။ ရိုးရိုးဗီဇာမရရင်လဲ Student Visa လေးနဲ့ ပြန်လာကြပြန်ပြီး `ပျော်´ ရွှင်စွာ အလုပ်လုပ်ကြလေပြန်တယ်။ ဒီနိုင်ငံက ယောက်ျားလေး Visa ခက်တဲ့အတွက်ကြောင့် အထူးသဖြင့် ယောက်ျားလေးများ Student Visa ဖြင့် လာရခြင်းဖြစ်ပါသည်။ အခုနောက်ပိုင်း ဒီနိုင်ငံသည် Europe Member ဖြစ်သွားသဖြင့် European အလုပ်သမားများပဲခန့်ရမည်ဟု သဘောတူညီမှုဖြင့် Asian များနေရာတွင် European များဝင်လာခြင်းကြောင့် မိန်းခလေးများအတွက် ဗီဇာမှာလဲ အရင်ကလောက် မလွယ်ကူတော့ပါ။ ကံပေါ်မှာလည်း မူတည်၍ နေပါသည်။

ဒီလိုနဲ့ ရွှေများမှာ ရောက်ခါစ `ပျင်း´ ၍ `ပျော်´ လာသောအခါ `ပြေး´ ရပါလေတော့သည်။

Thursday 15 December 2011

ရေထဲမှာရှင်သန်နေရသော သင်္ဘောသီး

သင်္ဘောသီးဆိုလို့ စားလို့ရတဲ့ သင်္ဘောသီးလို့ မထင်လိုက်ပါနဲ့။ သူတို့ကိုယ် သူတို့ `ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်´ လို့ မော်ကြွားတတ်ကြတဲ့ သင်္ဘောသီးတွေ အကြောင်းပါ။

ကိုယ်တိုင်က သင်္ဘောသီးမဟုတ်တော့ အခေါ်အဝေါ်လေးများ မှားတာရှိရင် ၀န်တာမိပါ။ တွေ့မြင်၊ ကြားသိ နေရတဲ့အကြောင်းလေးပါ။

သင်္ဘောသီးဇာတ်လမ်းကို စရမယ်ဆိုရင် လွန်ခဲ့တဲ့ (၁၄) နှစ်လောက်က လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံလေးကိုပဲ Memory ပြန်ခေါ်ရမှာပဲ။ ဗိုလ်တထောင်မြို့နယ်က သင်္ဘောကုမ္ပဏီတစ်ခုမှာ Computer Operator ရာထူးနဲ့ အလုပ်လုပ်ဖူးတယ်။ လုပ်ရတဲ့အလုပ်ကတော့ Fax ရိုက်တာတို့၊ အဓိက ကတော့ သင်္ဘောသီးတွေရဲ့ Biography ကို Software နဲ့ ဖြည့်ရတာပါပဲ။ (အဲ့ဒီ့အချိန်တုန်းက email သိပ်မသုံးကြသေးဘူးလေ။)

ကုမ္ပဏီပိုင်ရှင်က အသက် (30) ကျော်နဲ့ Captain ဖြစ်ပြီး ချမ်းသာတဲ့ မိသားစုမှ ပေါက်ဖွားတဲ့သူ ဖြစ်ပြန်တော့ မောက်မာပြီး၊ စကားပြော အရမ်းကြမ်းပါသည်။ တစ်ယောက်ယောက်ကို ဟောက်လိုက်ရင် ၀န်ထမ်းများအားလုံး တုတ်တုတ်မျှ မလုပ်ရဲပါ။ ကုမ္ပဏီ အပေါ်ထပ်တွင် သင်္ဘောသီးသင်တန်းလဲ ဖွင့်ထားသဖြင့် အားလုံးကြားနေရပါသည်။ သင်တန်းသားများ ကိုလဲ ဟောက်ပါသည်။ အဲ့ဒီ့အလုပ်မှ ထွက်ခဲ့သော်လည်း အမှတ်တရရှိနေဆဲပါ။

အလတ်မ မှတ်မိ၊ စပ်စုထားသလောက် သင်္ဘောပေါ်မှာ Deck ပိုင်းနဲ့ Engine ပိုင်းဆိုပြီး ရာထူးတွေကို သတ်မှတ်ထားတယ်ဆိုတာပါပဲ။ ရာထူးအကြီးဆုံးကတော့ Captain, ပြီးတော့ Chief Officer, Chief Engineer, 1st Officer (Mate), 1st Engineer, 2nd Officer (Mate), 2nd Engineer, 3rd Officer (Mate), 3rd Engineer, 4th Engineer, JE (Junior Engineer), Bosun, Chief Cook, AB (Able Seaman), R/O (Radio Officer), Oiler, Fitter, Mess Boy, Watch Man, Deck Cadet, Engine Cadet, Training Fitter, Training Oiler ဆိုပြီး ရာထူးမျိုးစုံ၊ အလွှာမျိုးစုံ၊ အဆင့်အတန်းမျိုးစုံ ရှိတယ်ဆိုတာပါပဲ။

သူတို့ ဖာသာ သူတို့ သင်္ဘောပေါ်မှာ ဘယ်လိုရာထူးမျိုးကိုပဲ လုပ်လုပ်၊ ကုန်းပေါ်မှာတော့ သင်္ဘောသီးဆိုပြီး မော်ကြွားတတ်တဲ့လူက ခပ်များများရယ်။ ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ တို့ရွာမှာတော့ သင်္ဘောပေါ်တက်တက်ခြင်း AB ဖြစ်တဲ့လူလဲရှိသလို၊ JE နဲ့ တန်းတက်တဲ့လူလဲရှိတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ရင်တော့ ဘယ်အဆင့်ပဲဖြစ်ဖြစ် မျက်နှာမငယ်ရတာတော့ အသေအချာ ပဲလေ။

လမ်းကြောင်းကချော်တော့မယ်။ အလတ်မပြောချင်တာက အလတ်မတို့ ဒီကျွန်းပီစိလေးကို သင်္ဘောသီးလေး တွေ သင်တန်းလာတက်ကြတယ်။ လာတဲ့ သင်တန်းသားတိုင်းကတော့ ဆရာကြီးစတိုင်အပြည့်ပဲ။ နဲနဲမှကို မလျော့။ သင်သန်းသား (၁၀) ယောက်မှာ (၈) ယောက်ကတော့ သောက်တယ်။ မသောက်တဲ့ (၂) ယောက်က ကုလားကားကြည့်တာ ၀ါသနာပါရင်ပါ၊ မပါရင် QQ ၀ါသနာပါတယ်။ တချို့ကျတော့ ဘက်စုံ ထူးချွန်ပြန်ကော။ သင်တန်းတက်ချိန်မှာတော့ စာသင်ပြီး ကျန်တဲ့အချိန်မှာ သင်္ဘောကျောင်းဝင်းထဲက အမှိုက်ပုံမှာ သံချေးခါက်သူခေါက်၊ အိမ်သာဆေးသူဆေး၊ အမှိုက်လှဲသူလှဲ၊ ဂဟေဆော်ချင်ဆော်၊ ခိုင်းသမျှ မညည်းမညူလုပ်ရတဲ့ဘ၀။ ဒါကိုတောင် တို့ရွာက လူတွေ သင်တန်းသားဖြစ်ချင်လို့ တန်စီပြီးစောင့်နေတဲ့တာ တပုံကြီးရယ်။

တချို့သင်္ဘောသီးလေးတွေဆို တံတွေးထွေးလို့ အပြစ်ပေးခံတာလဲရှိသေး။ ရွာက အကျင့်တွေက ပါလာသကိုး။ ရွာကလွဲလို့ နိုင်ငံခြားတော်တော်များများမှာ ဘယ်သူမှ လမ်းပေါ် အမှိုက်မပစ်ကြဘူး။ ရွာမှာပဲ ကွမ်းတံတွေးလေး ပစ်ခနဲထွေးလိုက်၊ အမှိုက်လဲ ဖတ်ကလဲ ပစ်လိုက်။ အလုပ်ကိုဖြစ်လို့။

ထားပါတော့လေ။ သူတို့တွေ ကိုယ့်မြို့ကို လာလည်တာဖြစ်ဖြစ်၊ ကိုယ်ကပဲ ကိစ္စရှိလို့သွားရင်း ကြုံတာပဲဖြစ်ဖြစ် မိတ်ဆက်ပေးကြတော့လဲ သူတို့အကြောင်းလေးတွေကို သိလာရတာပေါ့။ အဲဒါကြောင့်လဲ ဒါလေးရေးဖြစ် သွားတာပါ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ကောင်းတဲ့လူတွေလဲ ပါပါတယ်။ တချို့ကောင်လေးတွေဆို မိဘကချမ်းသာတယ်၊ ရာထူးလဲရှိတယ် သူတို့သားကို မနိုင်လို့ သင်္ဘောပေါ်အတင်းလွှတ်လိုက်တယ်။ ဘာပြောကောင်းမလဲ နဂိုထဲက လေကြီးပါတယ်ဆို အခု သင်္ဘောသီးဆိုတဲ့ နာမည်ပါ တပ်လိုက်တော့ လိုက်လို့ကို မမှီတော့ဘူး။ စိတ်ရင်းလေးတော့ ကောင်းရှာပါတယ်။ သောက်တာလေးနဲ့ QQ လုပ်တာလေးက လွဲရင်လို့ ပြောရမလိုဖြစ်နေပြီ။ :P

Q တာကတော့ ဘာပြောကောင်းမလဲ? ဟိုမှာလဲ ရည်စားတွေတပုံကြီး မိန်းမလှကျွန်းလို့ခေါ်တဲ့ ဒီကျွန်းကိုရောက်လာတော့ ပိုဆိုးပေါ့။ ဒီကျွန်းပိစိမှာ ရွှေယောက်ျားလေးထက် ရွှေမိန်းခလေးတွေများတယ်။ အဖော်မရှိ၊ စကားပြောဖော်မရှိတဲ့ ရွာသူလေးတွေက သူတို့အတွက် ဂွင်ပေါ့။ သူတို့ကျောင်းက သူတို့ သင်တန်းသားလေးတွေကို မုန့်ဖိုးပေးပါရဲ့။ ရတဲ့ မုန့်ဖိုးက အရက်ဖိုး၊ ဘီယာဖိုးနဲ့လောက်တောင် မလောက်ဘူး။ ဒီတော့ ရွာသူလေးက ဖုန်းခေါ်ပေါ့။ တော်သေးတယ် သူတို့က နားထောင်ဖော်ရလို့။ :D တချို့များဆို ကုလားကြည့်တာ မုန့်ဖိုးကိုတောင် ပေါင်ပြီး ကြည့်ကြတယ်။ ငါ့လက်ထဲ အခုတော့ပိုက်ဆံမရှိဘူး။ ငါ့မုန့်ဖိုးနဲ့ ချမယ်ကွာဆိုတာကရှိသေး။ အော် ၀ါသနာကြီးပါပေ့။

အမယ်.. တချို့ သင်္ဘောသီးလေးတွေ ကံကောင်းချက်ကတော့ လိုက်မမှီပေါင်တော်။ (၃) ယောက်သား ဘီယာစုပြီးဝယ်ကြတယ် ပိုတဲ့ပိုက်ဆံကို ဒီနိုင်ငံက ခဲခြစ်ထီကို ၀ယ်ပြီး ၀ိုင်းခြစ်ကြတယ်။ တစ်ယောက်က Three in One လို့ ထအော်တယ်။ အဲ့ဒီ့မှာ ပေါက်တဲ့ တစ်ယောက်ကလဲ အကုန်မခြစ်ရသေးတော့ Yes ပေါ့။ Yes အဖြေကောင်းတာ ယူရို (၁) သောင်းကို (၃) ယောက်ခွဲပေးရလေသတည်းပေါ့။ အလတ်မကို အဲ့ဒီလို့ 3 in 1 တွေ 4 in 1 တွေ လာအော်လို့ကတော့ No.. တော့မယ်.. :D

အီးလိုကောင်းတဲ့ သင်္ဘောသီးလေးတွေကျတော့ ရွာသူကိုမကြိုက်ဗျ။ ဖားမလေးတွေ၊ ဘူဂေးယီးယားမလေးတွေ၊ အာမေးနီယားမလေးတွေနဲ့ ဟိုတယ်ကို လည်လည်သွားသဗျ။

ကိုရွှေ သင်္ဘောသီးလေးတွေအကြောင်းတော့ ပြောမဆုံးပေါင်ပဲဗျို့။ သူတို့အချင်းချင်းပြောနေတာ ကြားဖူးတာတော့။ ဘာတဲ့။ ``မင်းတို့ `နှစ်သီးစား´ သိပ်မလုပ်နဲ့နော်။ အသက်ကြီးရင် ခံရလိမ့်မယ်တဲ့။´´ အလတ်မတော့ နားမလည်ပေါင်။

သင်္ဘောသီးအကြောင်းရေးရတာ မီးမီးကြောက်ကြောက်ရယ်။ တော်ကြာကိုယ့်ကို လာသတ်နေမှ ဒုက္ခ။ လက်ကလဲ မရေးရင် မနေနိုင်တာကလွဲလို့ ဖြစ်နေပြီ။ သင်တန်းသား သင်္ဘောသီးလေးတွေနဲ့ ရွာသူလေးများ ရည်စားဖြစ်ကြတာတွေလဲ ရှိသလို၊ QQ အဆင့်ပဲလဲရှိပ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုအချိန်ထိ ဒီက ရွာသူနဲ့ `ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း´ သတင်းတော့ မတွေ့ရတာ အမှန်ပေ။ ရွာသူတွေပဲ ညံ့လို့လား? သင်္ဘောသီးတွေပဲ လည်လို့လားတော့ တိဝူး။

တခြား ကုမ္ပဏီနဲ့လာတဲ့ သင်္ဘောသီးလေးတွေအကြောင်းကတော့ ရွာက စာချုပ်နဲ့ ဒီမှာပေးတဲ့ လစာ မတူလို့ ပြဿနာတက်ပြီး ရဲတိုင်၊ တရားစွဲတွေကလဲ ရှိသေးတယ်။ နောက်ဆုံးတော့ လည်သူစားဆိုသလို ကုမ္ပဏီကပေးသလောက်နဲ့ ပြန်ရတော့ပေါ့။ သူများနိုင်ငံမှာ နေစရိတ်၊ စားစရိတ်ကြီးရတဲ့ ကြားထဲ အမှုစရိတ်နဲ့ဆို လူပေါင်တောင် လက်ခံမဲ့လူမရှိတော့ အောင်ဖေညောင်းရတော့တာပေါ့။

စကားအမျိုးမျိုးပြောတတ်တဲ့ Gay သင်္ဘောသီးတစ်ယောက်ဆို လူခေါ်ပေးမယ်ဆိုပြီး အေးဂျင့်ခ ဒေါ်လာ 2500 ရိတ်သွားပြီး ရွာမှာ ဘယ်အချိန် သူ့အိမ်သွားချောင်းချောင်းမတွေ့ရတော့ပါတဲ့။ အော်.. ဒီလောက် ဒေါ်လာက ဘယ်နှစ်နှစ် စားရမှာမို့လဲ? အင်းပေါ့လေ... စရိုက်ဆိုတာထက် ဗီဇပါလာတဲ့လူကို ဘယ်လိုပြင်ပြင် ပြင်ရရိုးထုံးစံမှ မရှိသကိုး။

အလတ်မ အခုလေ့လာမိသလောက် သင်္ဘောသီးတွေအကြောင်းဆိုရင် မြန်မာလူမျိုးစစ်စစ် သင်္ဘောသီးထက်၊ တိုင်းရင်းသားလူမျိုး သင်္ဘောသီးများကတော့ တော်တော် အဆင်ပြေကြတာများပါသည်။ အလတ်မသူငယ်ချင်း (ကရင်လူမျိုး) ဦးလေးဆိုရင် အင်းစိန်၊ တောင်သူကုန်းမှာ (၂) ထပ်တိုက်၊ အပြင်ဘက်က ကြည့်ရင်တော့ (၂) ထပ်၊ မြေအောက်ခန်းနဲ့ အကောင်းတကာ့အကောင်းဆုံးပစ္စည်းတွေနဲ့ မြင်ရတော့ ၀မ်းသာကြည်နူးဖြစ်မိတယ်။

အမေ့ဘက်ကအမျိုး အလတ်မ ၀မ်းကွဲအစ်ကိုကျတော့ ဟိုး.. အလတ်မတို့ နှပ်ချေးတွဲလောင်းထဲက သင်္ဘောလိုက်တာ အခုလဲ သင်္ဘောလိုက်တုန်းပဲ။ သား (၄) ယောက်၊ သမီး (၂) ယောက်နဲ့ သာကေတမှာ အခုထက်ထိ ပျဉ်ထောင်အိမ်က မတတ်တော့ဘူး။ သား (၃) ယောက်က သင်္ဘောသီး တစ်ယောက်မှ အဖေကိုလှည့်မကြည့်ဘူး။ အခုဖအေက နိုင်ငံခြားသင်္ဘောလိုင်း မဟုတ်တော့ဘူး ပြည်တွင်းသင်္ဘော လိုက်လေရဲ့။ သူတို့ ပိုက်ဆံရှိတဲ့အချိန်တုန်းက မောက်မာချက်ကတော့ ပြော ပြောချင်ပါဘူး။ သုံးလိုက် ဖြုန်းလိုက်ကြတယ်ဆိုတာ ဘီလီယံနာတောင် လိုက်မှီမယ် မထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးဆိုတော့ မခေါ်ရင်ရတယ် မတော်လို့ကမရဘူးလေ။

မြန်မာ့အသံက သူငယ်ချင်းရဲ့ သင်္ဘောသီးကျတော့ တမျိုးဗျ။ အလတ်မတို့ မြန်မာ့အသံက အစ်မတွေက ယောက်ျားမယူခင် (၆) လ ဆေးကြိုပြီးစစ်တဲ့ အလေ့ရှိကြတယ်။ (ဟိဟိ အလတ်မလဲ ချစ်ချစ်နဲ့ မစေ့စပ်ခင်တုန်းက စစ်ခိုင်းတယ်။ ပွစိပွစိနဲ့ စစ်ပေးရှာပါတယ်။) သူငယ်ချင်းကလဲ သူ့သင်္ဘောသီးကို ဆေးစစ်ဖို့ ပြောတာပေါ့။ သူတို့ (၂) ယောက်ကြိုက်လာတာ (၇) နှစ်လောက်ရှိပြီ။ အဲဒါကို အဲ့ဒီ့ ကိုရွှေသင်္ဘောသီးကလေ `သင်္ဘောမတက်ခင်လဲ စစ်ရတယ်။ သင်္ဘောပေါ်ရောက်တော့လဲ စစ်ရတယ်။´ သူ့ကို မယုံလို့လား ဘာလား ညားလားနဲ့ စကားတွေများကြတယ်ဗျာ။ သူငယ်ချင်းကလဲ မာနကြီးကြီးမို့ ဆေးမစစ်ရင် မယူနိုင်ဘူးဆိုပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး ကွဲသွားကြတယ်ဗျာ။ အလတ်မ သူငယ်ချင်းကတော့ နောင်တမရ `ရေးချ´ မရပါ ရှင့်။ (ကိုယ့်ချစ်သူစစ်ခိုင်းတာပဲ စစ်ပေးလိုက်ရင် သေသွားမှာ မှတ်လို့)

ကုမ္ပဏီမှာလုပ်တုန်းက Bosun တစ်ယောက်အကြောင်းကို မှတ်မိနေသေးတယ်။ Form ဖြည့်တုန်းကတော့ လိပ်စာက `ဒလ´ လိပ်စာနဲ့ပေါ့။ ဖုန်းနံပါတ်ကပါတော့ ရုံးကနေ Bosun ပြန်ထွက်ဖို့ ဆက်သွယ်တိုင်း သူ့အိမ်က `မရှိဘူး´ `အပြင်သွားတယ်´ `ခရီးသွားနေပါတယ်´ နဲ့ပဲ ကြုံနေရတယ်။ ပြန်လာရင်ပြောပေးပါဆိုတော့လဲ မလာဘူးက ခပ်များများ။ နောက်ဆုံးတော့ ရုံးကိုလာတဲ့ လူတိုင်းနဲ့ပဲ မှာရတော့တာပေါ့။ ဘယ်ဟုတ်မလဲ Bosun က နောက်ဆုံးတော့ `အငယ်လေးတို့ရွာ´ မှာ `အငယ်လေးနဲ့´ ပျော်နေတာကိုး။ အဲ့ဒါကြောင့် မယားကြီးက မရှိ၊ မသိ၊ မလာ လုပ်နေတာကိုး။ နောက်ပိုင်းလူတွေကျတော့ ရုံးကလူတွေ လည်သွားပြီ။ လိပ်စာ (၂) ခုရှိရင် (၂) ရေးပါလို့ ပြောရတဲ့ ဘ၀ရောက်သွားပါလေသတည်းပေါ့။

အလတ်မသူငယ်ချင်း အရှည်ကြီးသင်္ဘောသီးဆိုရင် အရက်တော့ မသောက်ဘူး။ ဖဲရိုက်တယ်၊ ဂျင်ကစားတယ်၊ ချဲထိုးတယ်၊ လောင်းကစားမှန်သမျှ သူအကုန်လုပ်တယ်။ သူများတွေ သင်္ဘောတက်ဖို့ သိန်း (40) ဆို သူ့အမေက (80) ကုန်တယ်။ ညာညာပြီးတောင်းလို့။ သူ့အမေက ရွှေဟမ်းချိန်းလုပ်ပေးထားတယ်။ သူ့ပိုက်ဆံအိတ် ထဲမှာ ရွှေနဲ့အရောင်တူတဲ့ ဆင်တူဟမ်းချိန်းတခုက ရှိသေးတယ်။ အစစ်ကိုပေါင်တဲ့အချိန်မှာ အတုကို သူ့အမေ မြင်အောင်ဝတ်ပြရတာကိုး။ သူ့အိမ်မှာ အငယ်ဆုံးဆိုတော့ ဆိုးသလောက် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ အရမ်းအနစ်နာခံတယ်။ အလတ်မ ရုံးနားရက်ဆို `အာလာဒင်´ `Happy World´ တို့မှာ ဖဲဆော့ကြတယ်။ အလတ်မ ဒီကိုထွက်လာတော့ အရှည်ကြီးလဲ သင်္ဘောကို တတိယ အကြိမ်ပြန်တက်တဲ့အချိန် သူ့အဖေဆုံးသွားတယ်ဆိုတာ ကြားရပေမယ့် အန်တီက မပြောနဲ့ဆိုလို့ မပြောဖြစ်ဘူး။ အခုတော့ သူငယ်ချင်းတွေ တကွဲတပြားနဲ့ အလတ်မ ဖုန်းခေါ်မှ အဆက်အသွယ်ရတဲ့ ဘ၀ကို ရောက်ကုန်ပါပြီ။

အလတ်မ မောင်လေးတစ်ယောက်ကျတော့ ကိုးရီးယားလိုင်းမှာ သင်္ဘောလိုက်တယ်။ သင်္ဘောပေါ်မှာ ဒဏ်ရာရတယ်။ (15) ရက်လုံးလုံး ဒဏ်ရာနဲ့ လူးလိမ့်ခံရတယ်။ ကနေဒါကို သင်္ဘောကပ်မှ ဆေးရုံးတက်ခွင့်ရပြီး ညာခြေတစ်ဖက် စတီးချောင်းအစားထိုးနဲ့။ ဘယ်ခြေထောက်က အသားတွေကြေသွားလို့ မနည်းကုယူ ရတယ်။ ဆေးရုံက ဆင်းခွင့်မပြုတာတောင် ကုမ္ပဏီက မြန်မာပြည်အတင်းပြန်လွှတ်လို့ ကနေဒါမှာရှိတဲ့ မြန်မာတွေကကူညီလို့ ဂျိုင်းထောက်ဘ၀မရောက်ပဲ (၂)နှစ်လုံးလုံး ဆေးကုခဲ့ ရတယ်။ မြန်မာပြည်က ကုမ္ပဏီက အခုအချိန်ထိ လျော်ကြေး မပေးသေးဘူး။ မောင်လေးဆို သင်္ဘောဆို ကြောက်ပါပြီဖြစ်နေပြီ။ မိဘကိုလုပ်ကျွေးတဲ့ သားဖြစ်တဲ့အတွက်ကြောင့် သေကံမရောက် သက်မပျောက်တာကိုပဲ ဖြည့်တွေးနေရတယ်။

တကယ်တော့ သင်္ဘောသီးဆိုတာက ရာထူးကြီးမှ ခံစား စံစားရတာပါလို့ ပြောရင်းလဲ မှားမယ် မထင်ပါဘူး။ Cadet အဆင့်လောက်နဲ့တော့ စုနိုင်ဖို့က တော်တော်ကိုရှားပါတယ်။ ပါလာတဲ့ ပိုက်ဆံလေးက ပြန်မထွက်ခင် သင်တန်းပေါင်းစုံတက်ရတာနဲ့ ပြန်ကုန်တာက ခပ်များများကိုး။ JE နဲ့ ပြန်လာတဲ့လူကလဲ 4E, 3E လောက်နဲ့ပြန်ထွက်ချင်တာကိုး။ ဒီကြားထဲ အသောက်လေးနဲ့ အလန်းလေးတွေ ပါလာရင်တော့ မွေးရတဲ့မိဘကတော့ မွေးရကြိုးနပ်ပြီးရင်း နပ်ပေါ့။ တချို့များဆို (၂) ခေါက်ပဲ သင်္ဘောလိုက်ရသေးတယ် မိန်းမတန်းယူတယ်။ ဘုရား ဘုရား... ဒီလိုသားမျိုး မမွေးမိပါစေနဲ့ ဘုရားလို့ ဆုတောင်းရမလိုဖြစ်နေပြီ။

လိမ်မာတဲ့ သင်္ဘောသီးလေးတွေကျတော့လဲ Mess Boy လုပ်တာနဲ့တင် ပိုက်ဆံပို့နိုင်တာလဲ တွေ့ဖူးတာပဲ။

S.E.C.D ရုံးတို့ ရေကြောင်းပို့ဆောင်ရေးတို့က ဘယ်လောက်ပဲ ကြီးကြပ် ကြီးကြပ် သင်္ဘောသီးအတုကတော့ ရှိမြဲ ရှိနေဆဲပါ။ တချို့ဆို Show Job နဲ့ ရွာကထွက်လာတယ်။ ထိုင်းကျမှ CDC ပြောင်းတယ်ဆိုပဲ။ အလတ်မတော့ နားမလည်ပေါင်။

ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောသီးဖြစ်ချင်တယ်ဆိုရင် `အီး´ တော့ သေချာ သင်ထားစေချင်တယ်။ ဘယ်နိုင်ငံရောက်ရောက် `အီး´ကောင်းတော့ Q လို့ရတာပေါ့။ :P

အခုနောက်ပိုင်း သတင်းတွေမှာ မြန်မာ Captain တွေ အသက်ကယ်တဲ့သတင်းတွေဖတ်ရတော့လဲ ၀မ်းသာပီတိဖြစ်မိတာပဲ။ ဒဏ်ရာရတာတို့၊ သင်္ဘောပေါ်က တွန်းချခံရတာတို့၊ ပြုတ်ကျတာတို့၊ နေမကောင်းလို့ ဆုံးသွားတာတို့လို သတင်းဆိုးမျိုးတွေ မကြားရပါစေနဲ့လို့ ဆုတောင်းလျှက်သာ....

Wednesday 14 December 2011

အထုပ်

ဒီကျွန်းပိစိလေးမှာ တန်ခိုးအကြီးဆုံးကတော့ အထုပ်ပါပဲ။ (၃) နှစ်လောက် အတူတူ ညီမအရင်းလိုချစ်ကြတဲ့ သူငယ်ချင်းတွေလဲ ဒီအထုပ်ကြောင့်ပဲ စကားများကြတယ်။ ရန်ဖြစ်ကြတယ်။ ကွဲကြရတယ်။ ဒီအထုပ်ကြောင့်ပဲ ဖုန်းခကုန်၊ ပိုက်ဆံကုန်ကြတယ်။ ဒါပေမဲ့လဲ အဲ့ဒီ့အထုပ်ကိုပဲ ဘယ်သူမှ မကင်းနိုင်ကြဘူး။

အထုပ်ဇာတ်လမ်းကိုစရမယ်ဆို အလတ်မ မြန်မာပြည်ကထွက်ထဲက စရမှာပါ။ အလတ်မ ဇာတ်လမ်းမှာတော့ အေးဂျင့်မခေါနဲ့မပုတ်က မင်းသမီးပေါ့။ (အေးဂျင့်ဆိုသည်မှာ ကျေးဇူးတင်စရာကောင်းသလို၊ မုန်းစရာလဲအလွန်ကောင်းလှပါသည်။)

မပုတ်အိမ်မှာအိပ်ပြီး လေယာဉ်တက်တာဆိုတော့ ကိုယ်ကလဲ မနူးမနပ်၊ ပိန်းလိုက်တာလဲ လွန်ပေါ့။ (အရင်တုန်းက ပြောပါတယ်) နိုင်ငံခြားရူး ရူးနေတဲ့လူဆိုတော့ နိုင်ငံခြားသွားရပြီးရော။ အဓိက ရောက်ဖို့ပဲဆိုတော့ ဘာမှသိဘူး။ အရူးဘုံမြှောက်ဆိုသလို မြှောက်ပြီး ငါ့သမီးအတွက် ငါ့ညီမအတွက် ဒါလေးယူသွား၊ ညီမလဲ ၀ယ်သွားဆိုတော့ မရှိတဲ့ကြားက ချေးပြီး မြေနီကုန်းက DI က Foreign Quality မမှီတဲ့ အ၀တ်တွေကို ၀ယ်တာပေါ့။ များများရယ်မဟုတ် (၂) ထည်ပါ။ သူတို့အနေနဲ့ အလတ်မက `ငါ့ခြံထဲက ကြက် ဘယ်အချိန် ရိုက်သတ်သတ်´ ဆိုသလို ငါ့အိမ်က လေယာဉ်တက်မှာ ငါတို့သယ်ခိုင်းတာ သယ်ပေါ့။ `သောက်အ´ဆိုတော့ သယ်တာပေါ့။ ဘာတွေမှာသလဲဆိုရင် သွားပွတ်တံ၊ DI က ဆောင်းဝတ်တွေ၊ DVD Player (အနောက်နိုင်ငံမှာနေပြီး မြန်မာပြည်ကဟာမှာတယ်) (မသယ်နိုင်လို့ အဲဒါတော့ထားခဲ့ရတယ်)၊ စားစရာ အကြော်မျိုးစုံ၊ လက်ဖက်၊ ငပိ၊ ဆေးဝါးအစုံအလင်၊ ဖိနပ်၊ မျက်ခုံးမွှေးဆွဲတံ၊ နှုတ်ခမ်းနီ၊ မျက်တောင်ကော့စက်၊ ပန်းပျိုးထားတာကို ရေသန့်ဗူးနဲ့ထည့်တားတာက ပါသေး။ ဒီလောက်ပဲ မှတ်မိတော့တယ်။ အဲ့ဒါ သူတစ်ယောက်ထဲ မှာတဲ့ပစ္စည်းပဲရှိသေးတယ်။

အေးဂျင့်မခေါကတော့ လာပေးသမျှ အကုန်သယ်ခဲ့။ မထားခဲ့နဲ့။ ဘာအ၀တ်မှ မယူလာခဲ့နဲ့ ငါတို့ဒီမှာ ၀ိုင်းပေးကြမယ်ဆိုလို့ သယ်လာလိုက်တာ။ ကိုယ့်အ၀တ်အစားဆိုလို့ ( DI က ၂ ထည်အပါဝင်) ၁၀ ထည်တောင်မပြည့်ဘူး။ စားဖို့ အမေကြော်ပေးတဲ့ ငါးခြောက်ကြော်လေးပဲပါတယ်။ လေဆိပ်မှာ Hand Carry က လူတောင်မမြင်ရဘူး။ အထုပ်က ကြီးနေလို့။ သွားပွတ်တံက ထွက်နေတော့ လူတကာကြည့်တာခံရတာပေါ့။ ဒီရောက်တော့ ဘောင်းဘီအစုတ်လေး ၂ ထည်နဲ့ သူမ၀တ်တဲ့ အင်္ကျီ (၃) ထည်ပေးပါတယ်။ အမှတ်တရ သိမ်းထားတယ်။ ဘောင်းဘီကို ဖြတ်ပြီး အခု ဖိနပ်တိုက်နေတယ်။ မြင်တိုင်း သတိရနေအောင်။

အင်း မင်းသမီးတွေပြီးတော့ ဇာတ်ပို့၊ ဇာတ်ရံတွေအကြောင်းပေါ့။

တချို့ချို့သော သူများက ဒီနိုင်ငံမှာ 50 Cent နဲ့ရောင်းတဲ့ အ၀တ်အစားများ၊ ပစ္စည်းများဝယ်၍ ရွာပြန်မဲ့လူကို အားမနာ လျှာမကျိုးပေးတတ်ကြပါသည်။

တချို့ချို့သော သူများက သူများလွှင့်ပစ်ထားသော အကောင်းစားလေးတွေကိုလဲ ပေးတတ်ကြပါသည်။

တချို့ချို့သော သူများက ပြန်မယ်ဆိုသော သတင်းကြားမှ ဖုန်းနံပါတ်တောင်း ခင်အောင်ပေါင်းပြီး အထုပ် (သို့) Euro များကို ပေးကြပါသည်။

တချို့ချို့သော သူများကတော့ သူတို့ အစ်မ၊ သူတို့သားသမီး၊ သူတို့တူမများလာတာကို အလတ်မနှင့် တချို့သော သူများပင် အသိမပေးပဲ သူ့အုပ်စု တစ်စုအတွက် သယ်လာပြီး Sunday မှ မိတ်ဆက်ပေး တတ်ပါသည်။ အဲ့ဒီ့လူများကို အလတ်မ မှတ်ထားပါသည်။ (အလတ်မ ချစ်ချစ်လာရင် အဲ့ဒီ့လူများကိုလဲ ပြောမည်မဟုတ်ပါ) `အလှည့်ကျ မနွဲ့စတမ်း´ ဆိုသလိုပေါ့။

တချို့ချို့သော သူများကြတော့ တိတ်တိတ်လေး ရွာပြန်ကြသလို၊ မကောင်းတတ်လို့ လေဆိပ်ရောက်မှ ဖုန်းဆက်ပြီး Good Bye လုပ်တဲ့လူများလဲရှိပါသည်။

တချို့ချို့သော သူများကြတော့ ငါကတော့ လွတ်ပြီ၊ ကျွတ်ပြီ၊ `နင်တို့ပဲ ကျွန်ဆက်ခံပြီးနေခဲ့ကြတော့´ ဟုပြောပြီး ပြန်သွားပါသည်။ ယခုအခါ ရွာတွေ ကလေးတွေ တပြုံတမကြီးနဲ့ လာချင်လွန်း၍ တစာစာ အကူအညီတောင်းပါသော်ငြားလည်း သူပြောခဲ့တဲ့စကားကို ကြောက်ကြသဖြင့် အခွင့်အရေးရှိတာကိုပင် မခေါ်ကြတော့ပါ။

တချို့ချို့သော သူများကြတော့ လူကြုံရှိတယ်။ တစ်ယောက် (၁) ကီလိုသယ်ပေးမယ်။ အထုပ်တွေ သွားပေးထားကြလို့ ပြောလို့ ရွာကမိဘများကို မှာပြီး အတင်းပို့ခိုင်းကြပါသည်။ လာခါနီးမှ ပစ္စည်းတွေများလို့ ကီလိုပိုကြေး (၁) ကီလို 54 $ ပေးရမည်ဟု ပြောသဖြင့် မပေးနိုင်သော သူများ အထုပ်ပြန်တောင်း ရာဝယ်။ မိမိတို့၏ မူလပေးစဉ်က အထုပ်အတိုင်း မဟုတ်တော့ပဲ အားလုံး ဖောက်ပြီးသားဖြစ်နေ၍ ဟိုတစ ဒီတစ တခုမှ မရဖြစ်ရသည်များကြောင့် စိတ်သောကရောက်၍ စကားမပြောကြတော့ပါ။

တချို့ချို့သော သူများရဲ့ ရွာက လူများကတော့ ပစ္စည်းများမသယ်နိုင်၍ ထားခဲ့သော အကြော်အလှော်များကို စားပစ်ကြသလို၊ မုန့်ဟင်းခါးထုပ်များကို ချက်ပြုတ်စားသောက်ပစ်ကြ၍ ကျွန်းပီစိကလူများ အတင်းချတာ ခံရပြန်သေးသည်။

တချို့ချို့သော သူများကြတော့ လာတုန်းကလဲ ဘယ်သူမှမသိအောင်လာသလို၊ ပြန်တော့လဲ အပြီးပြန်မှာ ဘယ်သူ့ပစ္စည်းမှ မသယ်နိုင်ဘူး။ ကိုယ့်အထုပ်တောင် မနည်းသယ်နေရတယ်ဆိုပြီး အတ္တကြီးစွာ ပြန်သွားကြသဖြင့် ရွာတွင်ဒုက္ခရောက်သောအခါ ဘယ်သူမှပြန်လာဖို့ မကူညီကြတော့ပါ။

တချို့ချို့သော သူများကြတော့ မယူလာသောပစ္စည်းများကို သွားပြန်တောင်းရာဝယ် ဟိုအိမ်လိုလို၊ ဒီအိမ်လိုလိုနှင့် ပြောကြသဖြင့် ကိုယ့်အထုပ်ပြန်မရတော့ပါ။

တချို့ချို့သော သူများကြတော့ တတ်နိုင်သလောက် အကုန်သယ်ခဲ့ပါသော်လည်း ပေးတဲ့အထုပ်ထဲတွင် ငပိကို hand carry အဖြစ် သယ်ခဲ့သဖြင့် Thai လေဆိပ်တွင် Custom များ ဖွင့်ဖောက်ပြီး လက်များနံ့စော်ကုန်သဖြင့် ဒေါသအချောင်းချောင်းနဲ့ အမှိုက်ပုံးထဲသို့ အလှူပေးခဲ့ကြပါသည်။

တချို့ချို့သော သူများကြတော့ သူတို့အတွက် တစ်ဗူး၊ တစ်ထုပ်ပဲပါတာတောင် မစားရက်၊ မသောက်ရက် အလတ်မကို ပေးကြသဖြင့် ချစ်ရပြန်ပါသည်။

တချို့ချို့သော သူများကြတော့ ငပိတို့ ငါးခြောက်တို့ကို ပိဿလိုက်မှာကြသဖြင့် ဘုမသိ၊ ဘမသိ အသစ်ကလေးများ သယ်ခဲ့ရပါသည်။

တချို့ချို့သော သူများမှာ အလတ်မက စားချင်လွန်းလို့ နားပူနားဆာလုပ်မိသည့် မက်မန်းသီးကိုပင် သူ့မိဘများကို ၀ယ်ခိုင်းပြီး ထပ်သွားပို့ခိုင်းခြင်းဖြင့် ကူညီလွန်းသဖြင့် ၀မ်းသာပီတိဖြစ်ရပါသည်။

တချို့ချို့သော သူများက ဖိနိပ်များကို မှာကြသလို၊ အ၀တ်အစားများ၊ ထမင်းပေါင်းအိုးများ၊ ကွန်ပျူတာများလဲ မြန်မာပြည်က မှာကြပါသည်။

တချို့ချို့သော သူများကြတော့ သူတို့ ဒီကနေအပြီးပြန်သွားပြီး ဒီကိုပြန်ထွက်မဲ့ ငူတူတူ အတတလေးများကို သူ့တို့ရဲ့ ဖုန်းအစုတ်ကလေးများကို 100 $ နောက်မှပေးဆိုပြီး ထိုးရောင်းတတ်ကြပါသည်။ အလတ်မလဲ အဲ့ဒီလို ခံရဖူးပါသည်။ ဒီရောက်တော့ အားလုံးက မယူနဲ့ပြောလို့ သူ့တို့ဆွေမျိုးကိုပြန်ပေးလိုက်ပါသည်။ အဲ့ဒီ့အချိန်တုန်းက Nokia Model အသစ် ကြပ်ကျွတ်မှ 35 ပေါင် သာရှိပါသည်။

တချို့ချို့သော သူများဆို ငွေပေးရင် အရာရာအဆင်ပြေတယ်ဆိုတဲ့ စိတ်ကူးနဲ့ ငွေစကားပြောပြီး စေတနာကို စော်ကားတတ်သလို ဂုဏ်ဖော်၍လည်း အထုပ်ပေးတတ်ကြပြန်ပါသည်။

တချို့ချို့သော သူများကြတော့ ဗရုတ်သုခ လုပ်တတ်ကြပါသည်။ လူကြုံပေးသမျှ ပစ္စည်းတွေ၊ ပိုက်ဆံတွေကိုရောပစ်ပြီး ပေးချင်သလိုပေးပစ်လိုက်ပါသည်။ မြန်မာပြည်မှာ ( Euro ရောင်းလျှင် အတန်ကြီး (500, 200, 100) ဆို ဈေးတမျိုးနဲ့ အတန်သေး (50,20,10,5) ဆိုပြီး ဈေးမတူပါ )။ အတန်ကြီးပေးလိုက်သူက အတန်သေးတွေရ၍ ရောင်းတဲ့ပိုက်ဆံ လျော့ရ၍ စိတ်ညစ်ရသလို၊ ကိုယ်ပေး လိုက်တုန်းက ဒေါ်လာအသစ်ကြပ်ချွတ် ကိုယ့်အိမ်က သွားယူတော့ အစုတ်အပြတ်တွေဖြစ်နေ၍ အလတ်မ အမေ (၃) ရက်လောက် ဒေါ်လာ ရောင်းယူရပါသည်။ (အဲ့ဒီ့နောက်ပိုင်း Euro ပဲ ပို့တော့သည်။)

တချို့ချို့သော သူများ၏ မိသားစုများမှ ဒါလဲ ပိုက်ဆံပဲဟု ဟောက်ပြောနဲ့ ပေးသဖြင့် ကြောက်ကြောက်နဲ့ ယူခဲ့ရသူတွေလည်း ရှိပါသည်။

တချို့ချို့သော သူများကြတော့ အထုပ်သွားပေးလျှင် လက်ဆောင်ပစ္စည်းလေးဝယ်သွားပြီး ပေးတတ်ကြပါသည်။ ဒါလေးတွေကြတော့ ချစ်စရာကောင်းနေတတ်ပြန်ပါသည်။

တချို့ချို့သော သူများကြတော့ သူတို့စားလို့မကုန်၊ ထားလို့မရမှန်းသိသော အစားအစာလေး များကို ခွေးကျွေးရမဲ့အတူတူ ဝေမျှပြီး ပေးတတ်ကြပါသည်။

တချို့ချို့သော သူများက ဒီမှာ ညီအစ်မလိုခင်ပြီး မြန်မာပြည်မြေကိုနင်းတဲ့အချိန်ကစပြီး ရှုးရှုးနဲ့တောင် လှည့်မပန်းကြတော့ပဲ ဒီပြန်ရောက်မှ Online မှာ စကားပြောဖော်မရှိတဲ့အချိန်မှ အတင်းခေါ်တတ်ကြသေးသည်။

တချို့ချို့သော သူများကြတော့ပါသမျှ ပစ္စည်းလေးများ၊ ဆေးဝါးလေးများကို ဝေမျှ၍ပေးကျွေးတတ် ပါသေးသည်။

တချို့ချို့သော သူများကြတော့ ငါ့ပစ္စည်းကြတော့ မပါဘူး။ ငါကတော့ သူဒီကိုလာဖို့ ပိုက်ဆံလဲ စိုက်၊ လူလဲစိုက်၊ အလုပ်ပျက်ခံပြီး ကူညီခဲ့ရတယ်။ ငါ့အထုပ်ကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယူခဲ့သင့်တယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့ ကွယ်ရာမှာပြောပြီး။ ရှေ့ရောက်သောအခါ သူမပြောလိုမျက်နှာမျိုးဖြင့် နေတတ်ကြပြန်။

ဟိုတမျိုး ဒီတမျိုးပြောတဲ့ လူတွေကို အလတ်မက အမုန်းခံပြီး ဒီလိုပြောပါသည်။ ``ရှေ့မှာတော့ ယက်နေတယ်။ ကွယ်ရာကြတော့ ပြောချင်ရာပြောတယ်´ ဆိုပြီး။ တချို့လဲနာကြသလို၊ တချို့လဲ မသိချင်ယောင်ဆောင်နေတတ် ကြပြန်ပါသည်။

တချို့ချို့သော သူများသည် အထုပ်ကိစ္စ၊ ငွေရေးကြေးရေးကိစ္စများကြောင့် စကားများကြပြီး အလတ်မ နာမည်သုံး၍ ပြန်တည့်အောင် ပေါင်းသည့်နည်းဖြင့် ကိုယ်ကျိုးရှာတတ်ကြပါသည်။

တချို့ချို့သော သူများကြတော့ ရွာကိုတန်းမပြန်ဘူး စင်ကာပူဝင်မည့် သူများပင် အထုပ်ရအောင် ပေးတတ် ကြပြန်သည်။

အလတ်မရဲ့အထုပ်ကြောင်းတွေက ပြောမဆုံးပေါင်ပေါ့။ အလတ်မခွင့်ပြန်တုန်းက ဒီက တတ်နိုင်သလောက် အထုပ်တွေ အသယ်ကောင်းလိုက်တာ အမေ့အတွက် ၀ယ်ထားတဲ့ပစ္စည်းတွေ အကုန်ကျခဲ့သဖြင့် မျက်နှာငယ်ခဲ့ရဖူးပါသည်။ ဒီကိုပြန်လာတဲ့အချိန်မှာ တိုက်ဆိုင်စွာပဲ St. Joseph ပွဲတော်နှင့် Rainbow Festival ရှိသဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ၀တ်စုံများနှင့် တိုက်ပုံ၊ ပုဆိုး၊ နိုင်ငံတော်အလံတို့ သယ်ခဲ့ရပါသည်။ အဲ့ဒီ့ပွဲတော်များတွင် အလတ်မမှ ခေါင်းရှောင် အဲ..မှားလို့ (ခေါင်းဆောင်)ဖြစ်သဖြင့် မသယ်မဖြစ် သယ်လာရခြင်းလဲ ဖြစ်ပါသည်။ (ကိုယ်စီစဉ်တဲ့ပွဲကိုး) အဲ့ဒီ့ဝတ်စုံများအပြင် လူတကာရဲ့ အထုပ်ရအောင် သယ်ခဲ့သဖြင့် အလတ်မရဲ့ အတွင်းခံ (၂) မျိုးနှင့် စေ့စပ်ပွဲက ၀တ်တဲ့ ၀တ်စုံပဲ ပြန်ပါလာခဲ့ပါသည်။ (ချစ်ချစ်မွေးနေ့လက်ဆောင်ပေးတဲ့ အင်္ကျီကို သူ့ရှေ့မှာပဲထားခဲ့ သဖြင့် လေဆိပ်တွင် ပွစိ ပွစိလုပ်တာခံရပါသည်.. ဟိဟိ.. မတတ်နိုင်ပါ)။ တခြားလူတွေရဲ့ပစ္စည်းများလဲ မသယ်လာနိုင်သဖြင့် ကျန်ခဲ့ပါသည်။ သွားပြန်ယူဖို့ အားလုံးကိုပြောပါသော်လည် ချက်ချင်းသွားမယူကြသဖြင့် တချို့ပစ္စည်းများပျောက်သည် ပြောသဖြင့် အလတ်မ လျော်ပေးလိုက်ပါသည်။ (ချစ်ချစ်က သူ့ဆိုင်ကို ကျန်သည့်ပစ္စည်းများသယ်သွားပါသည်။ ချစ်ချစ်ဆိုင်သည် လူဝင်လူထွက်များသောကြောင့် ပစ္စည်းများ ပျောက်ရခြင်း ဖြစ်ပါသည်။)

တချို့ချို့သော သူများကြတော့ ပြန်မဲ့လူကြုံက အလတ်မနဲ့ရင်းနှီးလို့ ပြောပေးပါလို့ အကူအညီတောင်းသဖြင့် အလတ်မက လျှာကြောရှည်ပြီး ပြန်မဲ့လူကြုံကို ဖုန်းခ အကုန်ခံ၍ ယူသွားပေးဟု ပြောချိန်ဝယ် ``လုံးဝ မသယ်နိုင်ဘူး။ ကိုယ့်ပိုက်ဆံတွေတောင်များနေလို့´´ဆိုပြီး ပြောသဖြင့် ကိုယ့်မှာ ဟိုဘက် ဒီဘက် သူငယ်ချင်းဖြစ်နေတာကြောင့် စကားကိုလှအောင်ပြောပြီး တခြားအကြံပေးလိုက်မိပါသည်။ နောက် 3-4 ရက်ကြာသောအခါ သူတို့အချင်းချင်း ဖုန်းပြောတော့ သယ်သွားပေးမယ်ဟု ပြောသဖြင့် အလတ်မမှာ အံ့သြရပါသည်။ အလတ်မကိုတော့ ခါးခါးသီးသီး မသယ်နိုင်ဟု ပြောသော ပါးစပ် ဘယ်ရောဂါကြောင့် ပိတ်သွားသနည်း???? အဲ့ဒီလို ဘလောင်းဘလဲ လူမျိုးတွေလဲ ရှိကြပြန်ပါသည်။

ဒီနိုင်ငံမှာ လူကြုံနဲ့ပိုက်ဆံပေးတဲ့နည်း တစ်ခုသာ အလတ်မတို့အတွက် အားအကိုးရဆုံးပါ။ Western Union, Coin Star, RIO တို့လို့ Money Transfer တွေရှိသော်ငြားလည်း စင်ကာပူလူခံရှိမှ အဆင်ပြေသမို့ ပိုက်ဆံပို့ဖို့ မလွယ်ကူပါ။ တချို့လူများသည် အလုပ်အဆင်မပြေ၍ ပြန်သွားရသဖြင့် ရွာပြန်ချိန်ဝယ် ပိုက်ဆံများများ မပါသွားကြပါ။ အဲ့ဒီ့လိုလူတွေအတွက် စဉ်းစား၍ အလတ်မကစပြီး 100 $ ကို 1 Euro နှုန်းဖြင့် မုန့်ဖိုးပေးသည့် အကျင့်လေးကို သုံးလိုက်ပါသည်။ (သုံးခါစ လူတိုင်း အလတ်မကို မုန်းကြပါသည်။) အလကားဆိုတာ ဘယ်နေရာမှာမှ မရပါ။ ရတိုင်းလဲ မယူသင့်ပါသည်။ အလတ်မတို့ ပို့ခဈေးအသက်သာဆုံးဖြစ်တဲ့ Coin Star Money Transfer နဲ့ ပို့မယ်ဆိုရင်တောင် Euro 1000 ကို ပို့ခ Euro 40 ပေးရပါသည်။ 1 Euro ဆိုတာ ပေးသင့်ပါသည်။

အလတ်မအနေနဲ့ ၀န်ခံပါသည်။ အလတ်မ လူတိုင်းနှင့် ပိုက်ဆံကိစ္စ၊ လူမှုရေးကိစ္စအားလုံး ကင်းနိုင်ပါသည်။ ဒါပေမဲ့ အလတ်မ အထုပ် (Parcel) (လူကြုံပစ္စည်းအထုပ်) နဲ့တော့ လုံးဝ မကင်းနိုင်ပါ။ ဒီနိုင်ငံမှာ နေသ၍ ကင်းနိုင်လိမ့်ဦးမဟုတ်ပါ။

အလတ်မ အထုပ်တိုင်းနဲနဲဖြစ်ဖြစ်ပါလာသဖြင့် လူတိုင်းက ဘယ်သူလာလာ သူ့အထုပ်အမြဲပါတယ်လို့ မနာလိုသလို၊ ချီးကျူးသလိုနဲ့ ပြောတတ်ကြပါသည်။ အထုပ်ပါရခြင်း လျှို့ဝှက်ချက်ကိုသူတို့မသိပါ။ အလတ်မ အထုပ်ယူပြီးပြန်ရမဲ့ လူကြုံပဲဖြစ်ဖြစ်၊ ရွာကနေ ဒီကိုလာမဲ့လူပဲ ဖြစ်ဖြစ် အလတ်မက သူတို့ကို မေတ္တာပို့ ဆုတောင်းပေးကြတယ်ဆိုတာကိုဖြင့် ဘယ်သူမှ မသိကြပါ။ မေတ္တာအစွမ်းကြောင့် အထုပ်ပါလာရခြင်း ဖြစ်ပါကြောင်း ရင်ဖွင့်အပ်ပါသည်။

Tuesday 13 December 2011

တန်ခိုးကြီးသူ

ဒီနိုင်ငံရောက်မှ ကိုယ့်ကိုကိုယ် တန်ခိုးကြီးမှန်းသိတော့တယ်။ တန်ခိုးကြီးတယ်ဆိုလို့ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းထားလို့ တကယ့်တန်ခိုးကြီးသူတွေလို့တော့ မထင်လိုက်ပါနဲ့။

ဘယ်လိုတန်ခိုးကြီးသလဲဆိုရင် အလတ်မ ဘာလုပ်လုပ် မျက်စိဒေါက်ထောက်ကြည့်ပြီး လိုက်ပြောနေကြတာ ကိုက တန်ခိုးကြီးသူဖြစ်မှန်းမသိ ဖြစ်လာပေါ့။ (အမေတောင် ဒီလောက်မပြောနိုင်) `က´ ဆိုလဲ `က´ ပြန်ပြီ။ `ဆို´ ဆိုလဲ `ဆို´ ပြန်ပြီ။ အလတ်မ ဘာလုပ်တယ် ဘာကိုင်ဆိုတာကို သူတို့က ပါးစပ် မပိတ်တန်းပြော ပြော နိုင်လွန်းတယ်။ ဖုန်းခ အကုန်ခံပြီးတော့ကို ပြောကြတယ်။ `ပြောမဆုံးပေါင် တောသုံးတောင်´ သူတို့ကို ခေါ်သလား မသိ။ ပြောချင်တာပြောကြပါစေ။ အလတ်မတို့က `အပင်မြင့်လေ လေတိုက်ခံရလေ´ လို့ မှတ်ယူထားသူကိုး။


ဇာတ်လမ်းကို စရမယ်ဆို။ ဒီနိုင်ငံမှာ NGO အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲ့ဒီ့အဖွဲ့အစည်းက ဒုက္ခရောက်နေတဲ့ လူတိုင်းကို အကူအညီတွေပေးတယ်။ အလတ်မ ယခုလက်ရှိအလုပ်ကိုလဲ အဲ့ဒီ့ NGO ကပဲ အကူအညီပေးခဲ့တာ။ ကျေးဇူးရှိတဲ့အတွက် NGO က ဘယ်လိုအကူအညီတောင်းတောင်း ချက်ချင်းပြေး လုပ်ပေးနေကြ။ ပွဲလန်းသဘင်တိုင်းလဲ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေပေးသလို၊ ကွန်ပျူတာ တခုခုဖြစ်လို့ လာလုပ်ပေးပါဦးဆိုလဲ လုပ်ပေးတယ်။ ဘာစာလာရိုက်ပေးပါဦးဆိုလဲ အလုပ်ကို ပြစ်ပြီး ပြေးလုပ်ပေးနေကြ။

NGO ဆိုတာက အဖွဲ့အစည်းတခုဆိုတော့ သူ့အစဉ်အလာအတိုင်း Member ဆိုတာလဲ ရှိသပေါ့။ အဲဒါနဲ့ ကိုယ်လဲ Member ပေါ့။ နောက်ပိုင်း အလတ်မကလဲ Sunday ပဲ နားရက်ဆိုတော့ အဲ့ဒီ့နားရက်လေးမှာ `မိုးရွာတုန်း ရေခံ´ ဆိုသလို ကွန်ပျူတာကလဲ သင်စားသေးသကိုး။ Sunday တိုင်း မသွားနိုင်တဲ့အတူတူ Member လဲ မ၀င်ဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ သူတို့ ခိုင်းတိုင်းတော့ သွားပြီး လုပ်ပေးနေကြပါပဲ။

1-1-2012 က အလတ်မမွေးနေ့လေ။ မွေးနေ့တိုင်းအလှူလုပ်နေကြဆိုတော့ ဒီနှစ်လဲ အလှူလုပ်ချင်စိတ် မရှိ တရှိရယ်။ မလုပ်ချင်တာက ဒီလိုပါ။ တိုက်ခန်းဝယ်တုန်းက ချေးထားတဲ့ပိုက်ဆံလေး ပြန်ဆပ်စရာရှိတော့ မလုပ်ချင်/လုပ်ချင်ပေါ့။ အလှူဆိုတာကလဲ မွေးနေ့ကိုလာတဲ့လူတွေကို ကျွေးတာပါ။ Birthday Cake လေး လှီး (တချို့) သူတို့ အသုံးမလိုလို့ ပေးတဲ့ လက်ဆောင်လေးယူ။ မွေးနေ့လာတဲ့လူတွေကို အမှတ်တရ ဘုရားပုံတို့၊ Calender တို့ ပြန်ပေးပေါ့။ ပြက္ဒဒိန်ပြန်ကြည့်တော့ 1st January က Sunday ဖြစ်နေလေတော့ လူတိုင်းက ကိုယ့်မွေးနေ့ကိုသိနေတော့ ရှောင်လို့မကောင်းပါဘူးလေ။ မရှိလဲ ချေးငှားကျွေးမယ်စိတ်ကူးနဲ့ အစီအစဉ်ဆွဲတော့တာပေါ့။ ဗူးသီးနဲ့ ကြက်သားကို ကာလသမီးလေးချက်... (ဟိဟိ.. ချက်ပေးမဲ့မမကြီးက မိန်းခလေးဆိုတော့)၊ ၀က်အချိုချက်လေး၊ ကြက်အသဲအမြစ်အစပ်ချက်လေး၊ ကျောက်ပွင့်သုပ်၊ ပဲပြုတ်နဲ့မျှစ်ကြော်လေး၊ ငပိရည် တို့စရာလေးနဲ့ ကျောက်ကျောလေးထိုးမယ် ဆိုပြီး စိတ်ကူးလဲယဉ် ချက်ပေးမဲ့ အစ်မကြီးနဲ့လဲ တိုင်ပင်ပေါ့။

အလတ်မက လုပ်ဖို့ကို (၂) နေရာပြောထားတာ။ တစ်နေရာက သူငယ်ချင်းအိမ်မှာပေါ့။ မနေ့ညကမှ သူငယ်ချင်းကပြောတယ် သူ့က အိမ်ငှားနေတာဆိုတော့ တခြားလူမျိုးခြားတွေလဲရှိတော့ အဆင်ပြေဘူးပေါ့။ ကိုယ့်ဘက်ကတော့ အားလုံးအဆင်သင့်ဖြစ်နေပြီ လုပ်မဲ့နေရာကို လွန်ခဲ့တဲ့လ ထဲကတော့ ကြိုပြောထားပြီးသား။ သူငယ်ချင်းအိမ်မှာ မလုပ်ဖြစ်တော့။ NGO ကိုကလဲ Confirm မလုပ်ရသေးတာ သတိရပြီး ဒီနေ့သွားလိုက်တယ်။ အဲ့ဒီ့မှာ ပြဿနာက စတာပဲ။ အဲ့ဒီ့ NGO မှာ အလုပ်လုပ်နေတာက (၄) ဦးရှိတယ်။ ရာထူးအကြီးဆုံးက English လူမျိုး၊ တော်တော်သဘောကောင်းတယ်ဆိုတာထက် စိတ်ထားအရမ်းပြည့်တယ်။ လူတွေကိုလဲ လေးစားတယ်။ သူ့ဆို လူတိုင်းက ချစ်ကြောက်ရိုသေကြတယ်။ ဒုတိယရာထူးအကြီးဆုံးက အိန္ဒိယလူမျိုး သူက မြန်မာပြည်မှာ (၅) နှစ်လောက်နေခဲ့ဖူးတော့ မြန်မာစကားနဲနဲတတ်တယ်။ ကျန်တဲ့ (၂) ယောက်က မြန်မာလူမျိုး။ တတိယ ရာထူးအကြီးဆုံးနဲ့ ရာထူးအငယ်ဆုံးပဲဆိုပါတော့။

အဲ့ဒီ့ ရာထူးအငယ်ဆုံး နောက်မှရောက်တဲ့ ရွှေကြာပင်က Power တွေမျိုးစုံပြတယ်။ သူ့အကြောင်းပြောရမယ် ဆိုရင် ဒီနိုင်ငံမှာ မြန်မာလူမျိုးထဲက English လိုကောင်းကောင်းပြောနိုင်၊ ရေးနိုင်တာ သူတစ်ယောက်ပဲရှိတယ်ဆိုပြီး နေရာတကာ ဆရာလုပ်တယ်။ ဒီနိုင်ငံရောက် ရွှေတိုင်းလဲ ပြောတတ် ပါတယ်။ ရောက်တုန်းတာ အိုးနင်းခွက်နင်းပေါ့။ ကြာတော့လဲ ဖွတ် ရွှတ် ဒိုင်း နဲ့ နေတာပဲ၊ ပြောကြတာ။ အဓိက လမ်းမပျောက်ရင်ပြီးရော အလုပ်ရှင်နဲ့ အဆင်ပြေရင်ပြီးရောပေါ့။ (အသားထဲက လောက်ထွက်ဆိုတာ သူလိုလူမျိုးပေါ့) လူတကာကို အော်တယ်။ ငေါက်တယ်။ တချို့ ဒုက္ခရောက်နေတဲ့ လူမျိုးခြားတချို့ကိုတောင် ပါးရိုက်တယ်ဆိုပဲ။ သူ့ကိုယ်သူလဲ အရမ်းတိကျတယ်။ အချိန်ဆိုလဲ Right Time မှဆိုပြီး ပြောလေ့ရှိတယ်။

ဒေါ်တိကျကြီးပေါ့။ ဒေါ်တိကျကြီးတို့ တိကျပုံက မြန်မာပြည်ကို ခွင့်ပြန်တော့ ဒီက ရွှေတွေက ပစ္စည်းတွေ သူတို့ မိသားစုအတွက်ပေးကြတာပေါ့။ အဲ့ဒီ့ပစ္စည်းအထုပ်တွေကို ပိုင်ရှင်ပေးတဲ့အတိုင်း မထည့်ပဲ။ ဟိုလူ့အထုပ်ဖောက်၊ ဒီလူ့အထုပ်ဖောက်နဲ့ ထည့်ချင်သလို ထည့်ပြီး ပြန်သွားလေရဲ့။ မြန်မာပြည်ရောက်တော့ ပစ္စည်းတွေ လာတောင်းလို့ပေးတော့ ပေးချင်သလိုပေးလိုက်မှာပေါ့။ အဲ့ဒီလိုနဲ့ ဒီကလူတွေက ဟိုဟာရလား? ဒီဟာရလား? ဖုန်းဆက်မေးတော့ မရဘူးပေါ့။ နောက်ဆုံးတော့ ဒီကလူတွေ ဖုန်းဖိုးနဲ့ မွဲကြကုန်လေသတည်းပေါ့။ တိကျပုံပြောပါတယ်။ :P

သြော် အလတ်မနှယ် စကားက ဟိုရောက်ဒီရောက်။ ပြန်ကောက်ကြဦးစို့။ ဒီနေ့ NGO ကိုသွားပြီ ဘဲလ်တီးတယ်။ တံခါးဖွင့်ပေးတာက အကြီးဆုံးဆိုတော့ အတော်ပဲဖြစ်သွားတယ်။ ၀င်လဲဝင်လိုက်ကော ဒေါ်တိကျကြီး ထွက်လာတယ်။ နောက်ကနေ ခါးထောက်ပြီးကြည့်နေတယ်။ ကိုယ်ကလဲ အကြီးဆုံးကိုပြောမှ ပြီးမဲ့ကိစ္စဆိုတော့ အကြီးဆုံးနဲ့ စကားနဲနဲပြောချင်ပါတယ်လို့ ခွင့်တောင်းလိုက်တယ်။ လူမှန်ရင် လူမှုရေးဆိုတာရှိတယ် ဟုတ်တယ်ဟုတ်။ နိုင်ငံခြားမှာ နေတဲ့လူတိုင်းလဲ (၂) ယောက်ထဲ ပြောချင်လို့ ခွင့်တောင်းတယ်ဆို တခြားလူတွေက ထွက်ပေးကြတယ်။ ရှောင်ပေးကြတယ်။ ဒေါ်တိကျကြီးကတော့ ခါးထောက်မြဲထောက်ပြီး နားထောင်လျက်ပါပဲ။ အလတ်မမွေးနေ့ပွဲကို လုပ်ခွင့်ပြုပါလို့ အကြီးဆုံးကိုခွင့်တောင်းတော့ သူက ရှေ့တက်လာပြီး ပြောလေသတည်း။ "She is not member anymore thus why some of the girls said why she can do there." တဲ့။ အလတ်မကလဲ ပြောလိုက်ပါတယ်။ Member က Expired ဖြစ်သွားပြီ။ ဒါပေမဲ့ တတိယ ရာထူးအကြီးဆုံးက သူ ခရီးကပြန်လာရင် လုပ်ပေးမယ်လို့ပြောထားလို့ စောင့်နေတာ ပါလို့။ မွေးနေ့မှာ ရွှေမြန်မာတွေကိုမရှိတဲ့ကြားက တစ်နှစ်မှာ တစ်ရက်ပဲလှူရတဲ့ အလှူမို့ ကျွေးချင်လို့ ပါလို့ ပြောလိုက်တယ်။ အဲဒီ့တော့ ဒေါ်တိကျကြီးက ဘာပြန်ပြောသလဲဆိုတော့။ "You don't need to donate" တဲ့။

အလတ်မတို့ကလဲ ပြောလိုက်ပါတယ်။ နင့်ကိုလှူမှာမဟုတ်ပါဘူးလို့။ တခြားမြန်မာ မိန်းခလေးတွေ ကို ကျွေးမှာပါလို့။ ကဲ ရိုင်းတယ်ပြောလဲ ခံရုံပေါ့။ တကယ်ဆို သူက မြန်မာလူမျိုးပါ။ သူက ၀င်ပြီး ကူမပြောပေးတဲ့အပြင် မလုပ်နဲ့။ တခြားလူတွေလဲလုပ်ကြမယ်တဲ့။ သူတို့ပြောတာကို စောင့်နားထောင်ပြီးမှ နေရာရှိတယ်ဆိုမှ လာလုပ်လို့ဝင်ပြောစရာလား။ အဲဒါနဲ့ အကြီးဆုံးက နှစ်ကိုယ်ကြားပြောလိုက်ပါတယ်။ တတိယအကြီးဆုံးလာတော့ တိုင်ပင်ပြီးလုပ်စရာရှိတာကို လာလုပ်ပါတဲ့။

အဲ့ဒီလိုဝင်ပြောခြင်းအားဖြင့် သူ့အတွက် ဘာဖြစ်သွားသလဲဆိုတော့ သူ့စိတ်ဓါတ်ကို ရာထူးအကြီးဆုံးသူက သိသွားတာပေါ့။ အလတ်မတို့က အဲ့ဒီ့မှာ မကျွေးရလဲ ဘာမှမဖြစ်ပေါင်။ မလွှဲသာမရှောင်သာလို့သာ ကျွေးရမှာ။ ပထမ မွေးနေ့ပွဲ မလုပ်တော့ဘူးလို့ ညီမလေးတစ်ယောက်ကိုပြောဖူးတယ်။ သူက အစ်မကလဲ Euro 100 လေးကုန်မှာကို ကတ်စေးနှဲတယ်လို့ပြောလို့ပါ။ ငါက ကပ်စေးမနှဲဘူးလို့ `ကုသိုလ်တပဲ ငရဲတပိဿာ´ ငါ့မွေးနေ့မှာ အဖြစ်မခံချင်လို့ သိပ်မလုပ်ချင်တာလို့ ပြောလိုက်တယ်။

အလတ်မဆိုတာ ငယ်ငယ်ထဲက မာနကြီးသူပီပီ။ သူများက `သေးသေးတင်´ ရင် ကိုယ်က `ဆံခတ်´ ရမှာ ကျေနပ်သူမို့ ဘယ်သူ့အကြောမှ မခံ။ ကိုယ်မှန်တယ်ထင်ရင် ပြန်ကိုက်.. အဲလေ မှားလို့ ပြန်ပြောနေကြဆိုတော့ တချို့လူတွေက ကိုယ့်ဆီက အကူအညီတောင်းတိုင်းရမှန်းသိတော့ `ညီမလေး´ `မကြီး´ နဲ့ ညာခိုင်းတတ်ကြပြန်တယ်။ ညာခိုင်းတယ်ဆိုတာကို သိသိကြီးနဲ့ မကူညီရ မနေနိုင်သူမို့ ကူညီမြဲပေါ့။ အခုခေတ်ကြီးကလဲ `ကျေးဇူးမတင် -င်လှန်ပြ´က တယ်များသဗျို့။ တချို့တချို့ကြပြန်တော့လဲ `(၁၀) ခါခိုင်းပြီး (၁) ခါ မကူညီနိုင်တာလေးကို´ မခေါ်မပြောကြပြန်ဘူးရှင့်။ (စကားမစပ် - မြန်မာ့အသံမှာလုပ်တုန်းက လူတကာက ခိုင်းတိုင်းလုပ်တယ်ဆိုပြီး အစ်ကိုတစ်ယောက်က အမေ့ကို တိုင်ဖူးတယ်။ အန်တီ့သမီး လူတကာက အကူအညီတောင်းတယ်ဆိုပြီး ခိုင်းတာကို `ဘုံကျွန်´ လုပ်တယ်ဆိုပြီး။ အမေကတော့ တိုင်တော့ ဆူတာပေါ့။ နောက်တော့ရှင်းပြလိုက်တော့ မဆူတော့ပါဘူး။) အခုဒီရောက်တော့လဲ `ဘုံကျွန်´ ထပ်လုပ်နေပြန်ပြီ။

အလတ်မတို့ကလဲ ဘယ်သူခေါ်ခေါ် မခေါ်ခေါ် မမှုပေါင်။ အလတ်မ ၀ါသနာပါတဲ့ ကွန်ပျူတာ တစ်လုံးရယ်။ ကိုက်စရာ ချစ်ချစ်ရယ်.. အယ် မှားပြန်ပြီ (ချစ်စရာ) ရှိပြီးသားကိုး။ ဘယ်သူကဖြင့် ငါ့ကိုမခေါ်ဘူးဆိုပြီး စိတ်ဆိုးလဲ ခဏပေါ့။ မေ့သွားတာက များများရယ်။ ဒီနေ့ကတော့ စိတ်တိုလွန်းလို့ ရင်ထဲက ဒေါသကို စာအဖြစ်ပြောင်းလိုက်တာပါ။

မဟုတ်ပါဘူး။ ဘယ်သူတွေက အလတ်မမွေးနေ့လုပ်မှာကို ကန့်ကွက်တာလဲ? ဘာကိစ္စ လုပ်ခွင့်မပြုနဲ့လို့ ဖုန်းဆက်ပြီး (သို့) လူချင်း အတင်းချပြီး ပိတ်ခိုင်းရတာလဲ? သူတို့ကော လာမစားကြဘူးလား? (သေချာပါတယ်။ ချွန်တွန်းလုပ်တဲ့ တလုံးချိုင့်တွေတော့ လာစားမယ် မထင်) အလတ်မ မွေးနေ့ပွဲမရောက်ခင် ဘာဖြစ်လို့ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ရတာလဲ? လူတွေက ဘယ်လိုတွေလဲ?

အလတ်မ သေချာသလောက်ကတော့ ဒီနှစ်မွေးနေ့မှာ ပျော်ရွှင်နိုင်မည် မထင်ပါ။ လုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အကုသိုလ်တပွေ့တပိုက်နဲ့ မွေးနေ့ပွဲဖြစ်ပေလိမ့်မယ်။

Monday 12 December 2011

One Table ကြေး တဲ့လား?

သူ့နာမည်က မျိုးသက်တဲ့။ သူက အလယ်တန်းကျောင်းကနေ (၈) တန်းအောင်လို့ အလတ်မတို့ အထက်တန်းကျောင်းကို ပြောင်းလာခဲ့တဲ့အချိန်မှာ သူ့ကို အလတ်မ တွေ့ခဲ့တယ်။ အလတ်မက (C) တန်းမှာ တက်ရတယ်။ သူကတော့ (B) တန်းမှာပေါ့။ အလတ်မတို့ အခန်းချင်းကပ်ရပ်ပေါ့။

အလတ်မကအခန်းထဲမှာဆို ငယ်ငယ်ထဲက ရှေ့ဆုံးမှာ ထိုင်နေကြလေ။ သူက အလတ်မ အခန်းရှေ့က သူဖြတ်တာနဲ့ လက်ဖြောက် (၃-၄) ချက်လောက် တီးတီးတတ်တယ်။ တစ်နေ့ ဘာရယ် မဟုတ် အလတ်မ ဆရာမ မလာလို့ အတန်းရှေ့က လူတွေကို လျှောက်ကြည့်ရင်းနဲ့ သူ့ရဲ့ လက်ဖြောက်သံကို စိတ်ဝင်စားသွားမိတယ်။ အဲ့ဒီ့အချိန်ကစပြီး သူ့ကို ငြိတွယ်မိခဲ့တယ်။

အလတ်မရဲ့ အစ်မ၀မ်းကွဲတစ်ယောက်နဲ့ သူနဲ့ငယ်ငယ်ထဲက တစ်ကျောင်းထဲနေခဲ့ရတဲ့သူဆိုတော့. သူ့အကြောင်းတွေကို အလတ်မကို ပြောပြောပြတယ်။

သူ့မှာ ရည်စား (၅) ယောက်လောက် ရှိခဲ့ဖူးကြောင်း၊ မိန်းခလေးတစ်ယောက်ကို (၃) လ ထက်ပို မလိုက်ကြောင်း၊ သူလိုက်တဲ့ မိန်းခလေးတိုင်းကလဲ (၃) လ အတွင်းရကြောင်း၊ စာတော်ကြောင်း၊ ဗဟုသုတ လိုက်စားတဲ့အကြောင်း၊ အတန်းထဲမှာ အဆင့် (၁) ကနေ (၅) အထိ ရကြောင်း၊ ဆရာ/ဆရာမတွေက ချစ်ကြောင်း၊ ဂီတာတီးကောင်းကြောင်း၊ သီချင်းဆိုတော်ကြောင်း စုံလင်လှတဲ့ သူ့အကြောင်းတွေကို တဖြေးဖြေးနဲ့ သိလာရတယ်။

အလတ်မ ကျောင်းနာမည်က “ရှင်းရှင်းကလျာ” လေ။ အလတ်မကလဲ ကျောင်းမှာ နာမည်ကြီးတစ်ယောက်ထဲမှာပါတယ်။ အလတ်မ ရည်းစားစာ လိုက်ပေးတဲ့ ကျောင်းသား တိုင်းကို ကျောင်းအုပ်ကြီး ရုံးခန်းအရောက် ပို့ပေးနေကြလေ။ အလတ်မတို့ အဖွဲ့က (၁၃) ယောက်ရှိတယ်။ သူငယ်တန်းထဲကပေါင်းလာတဲ့ သူငယ်ချင်းတွေကြီးပဲ။ အလတ်မက ငယ်ငယ်တုန်းကဆို စာတော်တဲ့အထဲမပါသလို ညံ့တဲ့ထဲလဲ မပါဘူး။ စာကျက်ရမှာ အရမ်းပျင်းတာ အလတ်မပါ့။ သူများစာကျက်တာ နားထောင်ရင်း စာရတဲ့အထဲမှာပါတော့ စာမေးပွဲတိုင်း အသေအလဲ မကျက်ပဲ အောင်နေကြလေ။ အဲ့ဒီလို အပျင်းကြီးလို့ (၉) တန်းမှာ အလတ်မ တစ်ယောက်ထဲ (C) တန်းရောက်သွားတာလေ။

အဲဒီလိုနဲ့ သူက အလတ်မကို စပြီး လိုက်တယ်။ အလတ်မ သတင်းကြားထားလို့ထင်တယ်။ စာတော့ ကျောင်းမှာ လိုက်မပေးရဲဘူး။ စလိုက်တယ်ဆိုတာကလဲ နောက်က လိုက်တာပါပဲ။ စကားတစ်ခွန်းမှ မပြောဘူး။ အလတ်မ တက်တဲ့ ကျူရှင် လိုက်တတ်တယ်။ အလတ်မစီးတဲ့ စက်ဘီးအရောင်အတိုင်း လိုက်ဝယ်ပြီး စီးတယ်။ သူနဲ့ အခန်းတူတဲ့ အလတ်မ သူငယ်ချင်း (၂) ယောက်နဲ့ သူက ပိုင်အောင် ပေါင်းလိုက်တယ်။ ရွှေခိုင်နဲ့ ရွှေစန်းကိုပေါ့။ အလတ်မကလဲ သူ့အကြောင်းတွေ အကုန်ကြားထားတဲ့ လူဆိုတော့ သူ့ကို ခန့်လန့်လန့်ပဲပေါ့။ သူငယ်ချင်းတချို့ကတော့ လုံးဝ ကန့်ကွက်တယ်။ ပြန်မကြိုက်ရဘူး။ သဘောမတူဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့။ သူက မိန်းကလေးတွေ အထာပဲ နပ်တာလား? ကျမ်းပဲ ကြေတာလားတော့ မသိဘူး။ သူလိုက်တယ်ဆိုတာတော့ သိအောင် နည်းမျိုးစုံနဲ့ပြတယ်လေ။

တဖြည်းဖြည်းနဲ့ အလတ်မတို့ ပထမအစမ်းစာမေးပွဲ နီးလာတယ်။ အဲဒီခေတ်တုန်းက ဒိုင်ယာရီလို စာအုပ်မှာ သီချင်းရေးပေးတဲ့ ခေတ်ကိုး။ အလတ်မတို့ သူငယ်ချင်းတွေကို သူ့စာအုပ် ကိုယ်ရေးပေး။ ကိုယ့်စာအုပ် သူရေးပေးနဲ့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ ရေးပေးခဲ့ကြတယ်။ အလတ်မ စာအုပ်က ရွှေခိုင်ဆီရောက်သွားတဲ့အချိန်မှာ သူက အလတ်မ စာအုပ်မှာ သီချင်းလေး တစ်ပုဒ်ရေးပေးခဲ့တယ်။ အဲဒီ့ သီချင်းက...

“တောင်းဆု”

ဒီဘ၀မှာ မင်းနဲ့အတူတူမပေါင်းရပေမဲ့လဲ

နောင်ဘ၀ဆိုတာ ရှိခဲ့ရင် တောင်းဆုပြုနေမယ်...

အတူတူယှဉ်ကာ ပေါင်းကြရစေသား..

ဒီဘ၀ ဒီမျှလောက်သာ ချစ်ခွင့်ပါလာ သလား

အရင်ဘ၀က ရှေးကုသိုလ် နဲခဲ့တာကြောင့်လား

ဒီအချိန်အခါမှာ လမ်းခွဲရတာပဲ...

အချစ်ဦးရေ အခုတော့ အသစ်တစ်ဦးနဲ့ပျော်ပြီပေါ့

အရင်ဆုံး ချစ်ဦးတို့ကို မေ့လို့နေပြီလား

ပျော်ရွှင်နေအောင် တောင်းဆုပြုနေမယ်..

ရင်ထဲမှာ အသည်းနင့်အောင် ချစ်ခဲ့ပေမဲ့လဲ..

ဆုံစည်းစရာ လမ်းဝမှာ စည်းတားနေခဲ့လဲ

ကံကြမ္မာဟာ တို့ဘက် မရပ်တည်ခဲ့...

စည်းတစ်ဖက်မှာ ကျန်ရစ်မဲ့ ခရီးဆက်ပါ ချစ်ဦးရေ ပျော်ပါစေ....

ကျမျက်ရည်ဝေဖို့အတွက် ဘ၀တကွေ့မှာ ဆုံစည်းခဲ့ကြ ရတာပဲ..

အခြေအနေတွေဟာ လွမ်းဖို့ဖြစ်လာတယ်...

ကျွန်မ မမှတ်မိသလောက်လေးပါ...သူတကယ်လဲ မှင်နီနဲ့ ရေးပေးခဲ့တာပါ။

တစ်နေ့ အလတ်မသူငယ်ချင်း ကိုနောင်ကပြောတယ်။ “ရှင့်” နင့်ကို ဟိုကောင်က One Table ကြေး လိုက်တာတဲ့။ (၃) လအတွင်း နင့်ဆီက အချစ်ကို ရစေရမယ်တဲ့။ ငါရရင် မင်းတို့ One Table ကျွေးဖို့ ပြင်ထားတဲ့။ အဲ့ဒီ့စကားကို ကြားလိုက်တဲ့အချိန်မှာ အလတ်မ သူ့ကိုတော်တော်ကို မုန်းသွားခဲ့တယ်။

ငါက One Table ပဲ တန်တာ တဲ့လား?

အလတ်မသူ့ကို တွယ်ခဲ့တဲ့ သံယောဇဉ်တွေက One Table ဖိုးတဲ့လား?

ကိုနောင့်စကားကိုတော့ ယုံတယ်။ အလတ်မတို့အဖွဲ့ထဲမှာ ကိုနောင်က တည်ကြည်တယ်လေ၊ မဟုတ်တာလဲ မပြောတတ်ဘူး။

သူ့ကို အလတ်မ လုံးဝကို ရှောင်နေခဲ့တယ်။ အလတ်မရှေ့မှာ မျက်နှာချင်းဆိုင် လျှောက်လာတာတောင် အလတ်မ မမြင်ချင်ယောင်ဆောင်နေခဲ့တယ်။ သူ အလတ်မကို စာရေးပြီး နည်းမျိုးစုံနဲ့ တောင်းပန်ခဲ့တယ်။

အရင်ကောင်မလေးတွေက ရည်စားပါတဲ့။

အလတ်မက အချစ်ဦးတဲ့။

အလတ်မအတွက် သူပြောခဲ့တဲ့ စကားလုံးတွေ။ စာတွေက ဟာသတွေ ဖြစ်သွားခဲ့တယ်။ သူ့သူငယ်ချင်းတွေနဲ့ One Table ကြေးလောင်းတယ်ဆိုတာလဲ မှန်ပါတယ်တဲ့။

သူ အလတ်မကို ဘယ်လိုကနေ ဘယ်လိုချစ်သွားမှန်း မသိပါဘူးတဲ့။ ဒါပေမဲ့ သူနောက်ကျသွားခဲ့တယ်။ အရမ်းကို နောက်ကျသွားခဲ့ပါတယ်။ သူ့ဘ၀မှာ ပြန်ပြင်လို့ မရတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ် ဆိုပြီး နောင်တတွေရနေခဲ့တယ်။ “နောင်တဆိုတာ နောင်မှ ရတာလေ”

သူ အလတ်မရဲ့ အချစ်ကို မရခဲ့သလို... One Table လဲ မစားလိုက်ရပါဘူး...

သူ့အတွက် ထိုက်တန်တဲ့ တုံ့ပြန်မှုက သူ့သီချင်းလေးထဲက အတိုင်းပေါ့။

--------------------------------------------------------------------------------------------

ဒါက အလတ်မ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကျောင်းတုန်းက အဖြစ်အပျက်လေးပါ။

သူငယ်ချင်းတို့လဲ One Table နဲ့ တွေ့မှာ စိုးလို့ မျှဝေလိုက်ပါတယ်။

သူငယ်ချင်း ယောက်ျားလေးများလဲ နောက်ဆို မိန်းခလေးတစ်ယောက်ကို ကျေးဇူးပြုပြီး One Table ကြေး မလောင်းမိပါစေနဲ့နော်။

ဒိုင်ယာရီထဲက မမများ

“ရှင့်” ဒိုင်ယာရီထဲမှာ မှတ်ထားသော မမများအကြောင်း.....

ပထမဆုံး “ရှင့်”ရဲ့ ကျွေးမေမေ မမသီတာပါ။ “ရှင့်”ကို သမီးလေးတစ်ယောက်၊ ညီမလေး တစ်ယောက်လို ဆုံးမ သွန်သင်မှုတွေပေးတယ်။ စိတ်ကောင်းရှိတယ်။ သဘောထားပြည့်ဝတယ်၊ ဉာဏ်ရည်ထက်မြက်ပြီး အားလုံးကို ကူညီတတ်လို့ ချစ်တယ်။

မပန်ကတော့ တိကျပြီး စေ့စပ်တည်ကြည်လို့ ချစ်ရတယ်။

မသွယ်ကတော့ သွက်လက်၊ ထက်မြက်၍ လူကဲခတ်ကျွမ်းပြီး လူကြီးတွေကို ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာ ကျွမ်းလို့ အားကျတယ်။

မမအေးနိုင်ကတော့ ညီမလေးတစ်ယောက်လို ဆုံးမသွန်သင်ပြီး လိုချင်တာကို ဘယ်လိုကြိုးစားပြီး ယူရမလဲဆိုတာ သင်ပေးပြီး တည်ငြိမ်လို့ ချစ်တယ်။

မမကေခိုင်ကတော့ `ရှင့်´ အားငယ်နေချိန်မှာ အားဖြည့်ပေးပြီး အဆိုလဲကောင်းလို့ ချစ်တယ်။ ´ရှင့်´ ``ဆိုကြမယ်/ပျော်ကြမယ်´´ ပြိုင်ပွဲမ၀င်ခင် အသံနေ အသံထားလဲသင်ပြပေးတယ်။ (`ကြက်ဥ´ မီးတူးပြီး မြန်မာ့အသံကို မီးခိုးမှိုင်းတိုက်တုန်းက ၀ိုင်းညာပေးလို့ ပိုပြီးချစ်တယ်) :D

မမေကတော့ စကားပြောအေးဆေးပြီး ဘ၀ကို အေးအေးချမ်းချမ်းနေချင်သူမို့ ချစ်တယ်။

မမကြေးမုံကတော့ သမီးလေးလို့ခေါ်ပြီး အရာရာကို ဆုံးမသွန်သင်မှုတွေပေးလို့ချစ်တယ်။

မမစိုး(မေကြီး)ကတော့ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တတ်အောင် သင်ပေးတယ်။ “ရှင့်”လိုအပ်တာကိုဖြည့်ဆည်းပေးလို့ ချစ်တယ်။

မပိုကတော့ သိသင့်တာတွေများတယ်။ သိအောင်ကြိုးစားရမယ်။ ဘယ်ပညာမဆို သင်ထားတာကောင်းတယ် ဆိုပြီး ပညာကို အလေးထားတတ်အောင် သင်ပေးတယ်။ သူကိုယ်တိုင်လဲ သင်ယူတယ်။ ဗေဒင်ဟောတတ်လို့ ချစ်တယ်။

မမနီလာကတော့ သမီးသမီးနဲ့ခေါ်ပြီး ဘယ်လို နေထိုင် သွားလာသင့်တယ်ဆိုတာ သင်ပေးတယ်။ သူကအေးချမ်းလို့ချစ်တယ်။ (“ရှင့်”က လမ်းလျှောက်တာထက် ပြေးတာများလို့လေ)

မသိမ့်ကတော့ ကြိုးစားပြီး အကူအညီတောင်းရင် ပွစိပွစိနဲ့ လုပ်ပေးနေကြမို့ချစ်တယ်။

မဖြူသဲကတော့ သူကိုယ်တိုင်လဲ ပျော်ပျော်နေတတ်ပြီး အသုံးနဲ့အဖြုန်းခွဲခြားတတ်အောင် နေပြတယ်။ မောင်နှမတွေကို အရမ်းချစ်တတ်လို့ ချစ်တယ်။

မမသိဂီ င်္ကတော့ မိဘကို ဘယ်လိုဂရုစိုက်ရမယ်။ ပိုက်ဆံဘယ်လိုစုရမယ်ဆိုတာ သင်ပေးပြီး သူကိုယ်တိုင်ကလဲ အမျှော်အမြင်ကြီးလို့ ချစ်တယ်။

မနိုင်ကတော့ ဗဟုသုတကြွယ်တယ်။ စာလဲ အရမ်းဖတ်တယ်။ အရာရာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာလို့ ချစ်တယ်။

မ၀င့်ကတော့ သူဘာလုပ်လုပ် ချစ်စရာကောင်းလွန်းလို့ချစ်တယ်။

မမရွှေစင်ဝင်းနီကတော့ ဘ၀ကို ရောင့်ရဲတတ်လို့ အားကျပြီး ချစ်တယ်။

မမယဉ်မျိုးကတော့ ပါပါကြီးသမီးဖြစ်ပြီး လူကြီးတွေနဲ့ အဆင်ပြေအောင်ပြောဆိုတတ်လို့ ချစ်တယ်။

“ရှင့်” ရဲ့ ချစ်မမများအားလုံးသည် မိဘကျေးဇူးသိတတ်ကြပြီး ပညာထူးချွန်ထက်မြက်ကြပါသည်။ ဘာသာတရားလဲ ကိုင်းရှိုင်းကြပါသည်။

ချောမောလှပကြပါသည်။ ( “ရှင့်” လို ရုပ်မဆိုးပါ။ :P )

အားလုံးစိတ်ကောင်း စေတနာကောင်းများရှိပြီး “ရှင့်”ကိုလဲ ချစ်ကြလို့ သူတို့ကို သတိရပြီး ဒိုင်ယာရီမှ အမှတ်တရလေးများအား ဘလော့ပေါ်သို့ တင်လိုက်ပါသည်။

ချစ်မများ ကျန်းမာချမ်းသာကြပါစေ..

ချစ်တဲ့

“ရှင့်”

-----------------------------------------------------------------------------------------------------------------------------------------------------

ဝန်ခံချက်... အထက်ဖော်ပြပါ မမများသည် “ရှင့်” MRTV-3 တွင် လုပ်ခဲ့စဉ်တုန်းက ချစ်ရသော မမများဖြစ်ပါသည်။

ချစ်မမများကို အမြဲတန်း သတိရပြီး ကျေးဇူးအထူးတင်ရှိလျှက်ပါ။

အဲ့ဒီတုန်းက ဘ၀မျိုး ဘယ်လိုမှ ပြန်မရနိုင်တော့မှန်း သိပေမဲ့ တမ်းတလျှက်သာ...

Sunday 11 December 2011

တစ်ခါဆက်ဆံ ဆယ်ခါလန်

အရင်တုန်းက အလတ်မမှာ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ သူ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ငါက `တစ်ခါဆက်ဆံ ဆယ်ခါလန်´ အစားထဲ မပါဘူးဆိုပြီး။ အလတ်မနဲ့က မြို့မတူတော့ တခါတခါမှ တွေ့ဖြစ်ကြတယ်။ ဖုန်းတော့ပြောဖြစ်တယ်။ ကိုယ်လိုတာ သူပေး၊ သူလိုတာ ကိုယ်ပေးနဲ့။ သူ့ဆီသွားလိုက် ကိုယ့်ဆီလာလိုက်နဲ့ အဆင်ကိုပြေလို့။

သူက အစ်မတစ်ယောက်လို ကောင်းရှာပါတယ်။ အလတ်မက ညာတာကို မုန်းတဲ့လူဆိုတော့ ကိုယ့်ကိုညာရင်လဲ မကြိုက်ဘူး။ ကိုယ့်ကို ညာနေတာ သိသိကြီးနဲ့လဲ သူတို့အရှက်ကွဲမှာစိုးလို့ မသိချင်ယောင် ဆောင်ပေးတတ်သေးတယ်။ (သူကတော့ ညာတဲ့အထဲ မပါပါဘူး။ ) ဒါပေမဲ့ ကိုယ့်က အမှတ်သည်းခြေကြီးသူပီပီ မှတ်သားထားတတ်တယ်။ အလတ်မကို ညာတဲ့လူဆို အလတ်မက ဟက်ဟက်ပက်ပက် မဆက်ဆံတော့ဘူး။ မေးထူး ခေါ်ပြောအဆင့်လောက်သာ ဆက်ဆံတော့တယ်။ (စိတ်ထဲမှာလဲ အဲ့ဒီ့လူကို (၁)ခါပဲရမယ်၊ (၂) ခါမရဘူးလို့ ပြောနေတတ်တယ်)။

အဲဒီလိုနဲ့ အဲ့ဒီ့အစ်မလဲ တခြားတနိုင်ငံကို သွားချင်တယ်ဆိုပြီး ဒီကျွန်းပိစိကနေ ထွက်ဖို့ ပြင်ဆင်နေတယ်။ တနေ့ သူ့နားရက် အိမ်ကို လာလည်ပြီး ရောက်တတ်ရာရာပြောရင်းက သူတိုက်ခန်းဝယ်ချင်တယ်ဆိုပြီး ရင်ဖွင့်တယ်။ ရှာထားတဲ့ ပိုက်ဆံက မလောက်ဘူးပေါ့။ ကိုယ်ကလဲ ၀ယ်ဖို့ အမြဲစိတ်ကူးယဉ်နေသူပီပီ သူ့ခံစားချက်ကို စာနာမိတယ်။ `ငါမ၀ယ်နိုင်သေးပေမဲ့ သူဝယ်ဖြစ်သွားတယ်ဆိုရင် ငါကျေနပ်တယ်´ဆိုပြီး ရှိစု မှတ်စု ပိုက်ဆံလေးကို ချေးမယ် ပြောလိုက်တယ်။

အဲ့ဒီ့အချိန်မှာ အမေကလဲ ဆိုင်ခန်းဝယ်ဖို့ ပိုက်ဆံပို့ဖို့ ပြောလာတဲ့ အချိန်ဆိုတော့ ချေးမယ်ပြောပြီးပြီ ဖြစ်လို့ အဲ့ဒီ့အစ်မနဲ့ ပြန်တိုင်ပင်ရတာပေါ့။ သူကပြောတယ်။ နင့်ဆီက အလကားတော့ မချေးချင်ဘူး အတိုးယူပါပြောတယ်။ အမေကလဲ ဗလာဗလာလုပ်နေတာ့ အစ်မ ပေးချင်သလောက် ပေးဆိုပြီး ပြောလိုက်တော့ သူက (၄) ကျပ် တိုးပေးမယ်ပြောတယ်။ အဲဒါနဲ့ အလတ်မလဲ ကြိုက်သလိုလုပ်၊ အမေ့ကိုပဲ အတိုးပေးဆိုပြီး လုံးခနဲ ပေးလိုက်တယ်။ ချေးတယ်ဆိုတာကလဲ ဘာရွက်စာတမ်းမှ မရှိဘူး။ ယုံကြည်မှု တစ်ခုထဲနဲ့ ချေးလိုက်တာ၊ သူတိုက်ခန်းဝယ်ဖြစ်အောင် ဆိုတဲ့ စိတ်နဲ့ပဲ ရက်ရက်ရောရောကို ပေးလိုက်တာ။

အလတ်မ ဒီကိုလာတုန်းက အေးဂျင့်ခ ပိုက်ဆံမလောက်လို့ အိမ်ဂရံပေါင်ခဲ့ရတယ်။ (၇) ကျပ်တိုးနဲ့။ သူဝယ်ဖြစ်ဖို့ အဓိက ဆိုတဲ့စိတ်နဲ့ (၄) ကျပ်တိုးပေးတာကိုတောင် ကျေးဇူးတင်လို့ မဆုံးခဲ့ဘူး။

အဲ့ဒီလိုနဲ့ သူလဲ တိုက်ခန်းဝယ်ဖြစ်သွားတယ်။ ကိုယ်ကတော့ ပျော်လို့မဆုံးဘူးပေါ့။ ကိုယ် ကူညီလိုက်လို့ ၀ယ်ဖြစ်သွားတယ်ဆိုပြီး။ အမေနဲ့ အဆင်ပြေတယ်ဆိုပြီးရောဆိုပြီး စိတ်ချ လက်ချနေလိုက်တယ်။ (၇) လအထိ အတိုးပေးပြီးတဲ့နောက်တော့ သူက Online ကနေ စကားပြောချင်တယ်ဆိုပြီး ချိန်းတယ်။

သူက ဘာပြောလဲဆိုတော့ သူအခု အတိုးပေးတာ (၇) လရှိပြီတဲ့။ သူအတိုးပေးရလို့ အရမ်းနစ်နာတယ်တဲ့။ သူအဆင်မပြေဘူးတဲ့။ အတိုးကို လုံးဝ မပေးနိုင်တော့ဘူးတဲ့။ အရင်းကိုလဲ အဆင်ပြေတဲ့အချိန်ပေးမယ်တဲ့။ ဘုရား ဘုရားပေါ့။ ငါချွေးနဲစာနဲ့ ရှာထားတဲ့ပိုက်ဆံတော့ ကုန်ပါပြီပေါ့။ သူက အမေနဲ့ မပြောချင်ဘူးတဲ့။ အမေနဲ့ပြောရင် အမေက ကွိုင်ရှာမှာလေ။ ကိုယ့်ကိုပြောတော့ ကိုယ်က ငအဆိုတော့ ပြန်မပြောတတ်တဲ့လူ ပီပီ သူပြောတာတွေနားထောင်ရင်း ၀မ်းနည်းပက်လက်ဖြစ်နေတာပေါ့။ အဲဒါနဲ့ Internet Line က မကောင်းဆိုတော့ ကိုယ်ပြန်ပြောဖို့ စဉ်းစားနေတာနဲ့ပဲ သူက Out သွားတော့ သူပြောတဲ့အတိုင်း သူပေးမဲ့အချိန် ထိုင်စောင့်ရုံပေါ့။

စိတ်ထဲကတော့ ပြောမိပါတယ်။ `လိုချင်ဦးဟဲ့ အတိုး။ ကူညီချင်ဦးဟဲ့´...ဆိုပြီး။ အမေကတော့ ပွစိ ပွစိပေါ့။ ဒီကြားထဲ ချစ်ချစ်ကလဲ ပူညံပူညံပေါ့။ မချေးနဲ့ဆိုတာ ချေးတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး။ အဲဒီ့အချိန်လောက် စိတ်ရှုပ်တာ မရှိဘူး။

ငယ်ငယ်တုန်းက အဖေပြောဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ်။ `ပေးလိုက်၊ ချေးလိုက်´ ဆိုမှတော့ အနောက်က `လိုက်´ တလုံးပါတယ်ဆိုထဲက နင်တို့ `လိုက်´ တောင်းမှ ရမယ်ဆိုတာကို သဘောပေါက်တဲ့။

ဟုတ်ပ။ အခုကိုယ်ကလဲ မပြန်နိုင်ဆိုတော့ သူ့ဆီကပဲ အောက်ကျခံပြီး ကိုယ့်အရင်းလေး ပြန်ရဖို့ကို တဂွမ်ဂွမ်ဖုန်းဆက်ပြီး တောင်းရတော့တာပေါ့။ သူ့ဆီကရတဲ့ အတိုးထက် ဖုန်းခေါ်ခကတောင် ပိုများသေး။

သူကတော့ မယားငယ်ပေး ပေးရှာပါတယ်။ ဒေါ်လာ (၁၀၀) ပေးလိုက်၊ (၂၀၀) ပေးလိုက်နဲ့။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အောက်ကျ နောက်ကျနိုင်တဲ့ဘ၀ကို ချက်ချင်းရောက်သွားတော့တာပဲ။ အဲ့ဒီလိုနဲ့ (၃) နှစ်နီးပါး ကြာအောင် စောင့်တောင်းလိုက်တာ အရင်းလေးပြန်ရရှာပါတယ်။ ကိုယ်ပေးလိုက်တုန်းက လုံးခနဲ ခဲခနဲ၊ ကိုယ်ပြန်ရတော့ အစိတ်အစိတ်အမွှာမွှာပေါ့။

အဲ့ဒီလိုနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်ရတယ်။ အဲဒါကတော့ `ပိုက်ဆံ´ ကြောင့်ပေါ့။ အခုတော့ အလတ်မတို့ `တခါသေဖူး ပျဉ်ဖိုးနားလည်´ ဆိုသလို ငွေရေး ကြေးရေးနဲ့ ပတ်သက်လာလျှင် စီးပွားရေးဆန်ဆန်ပဲ လုပ်တော့တယ်။ သူလဲ ကိုယ့်မမုန်း၊ ကိုယ်လဲ သူမမုန်းဘူးပေါ့။

အကြောင်းသင့်လို့ သူ့အကြောင်း စဉ်းစားမိတိုင်း သူပြောနေကြ `တစ်ခါဆက်ဆံ ဆယ်ခါလန်´ ဆိုတာလေးကို ကြားယောင်မိတယ်။ သူကပဲ ကိုယ့်ကို `ဆယ်ခါလန်´ သွားတာလား? ကိုယ်ကပဲ သူ့ကို `ဆယ်ခါလန်´ သွားတာလား? မသိတော့ပါဘူး။

သေချာတာ တစ်ခုကတော့ ကိုယ်ကတော့ အမြဲသတိရနေဆဲပါ။ သူဆက်သွယ်လာမဲ့ နေ့တစ်နေ့ကိုပေါ့။

အားလုံး `တစ်ခါဆက်ဆံ ဆယ်ခါလန်´ နဲ့ ဝေးပါစေ.....

Saturday 10 December 2011

ကျီးအာသီး

ကျီးအာသီးဆိုတာ လူတိုင်းသိလောက်မှာပါ။ အပြင်ပန်းက လှပြီး အထဲက စားလို့မရ အသုံးမ၀င်တဲ့အသီးဆိုတာ။ ဒီလိုပဲ.. ကိုယ့်ထက်သာ မနာလိုစိတ်ရှိတဲ့လူများရဲ့ လက်သုံးစကားတစ်ခုပေါ့။

လူတချို့ဟာ ကိုယ့်စိတ်နဲ့နှိုင်းပြီး ပြောတတ်ကြတယ်။ ဒီကျွန်းပိစိရောက်ပြီး တပတ်အကြာမှာ `ကျီးအာသီး´ ဇာတ်လမ်းက စခဲ့တယ်။ အလတ်မကို ကျီးအာသီးလို့ အေးဂျင့်မခေါက ဆိုပြန်တယ်။ မခေါဆိုလိုတဲ့ အဓိပ္ပါယ်က အလတ်မက ရုပ်ကလေးကလှတယ်၊ အလုပ်ကျတော့ မလုပ်တတ်ဘူးပေါ့။

အလတ်မဘ၀က ငယ်ငယ်လေးထဲက ခြေမွှေး မီးမလောင်၊ လက်မွှေး မီးမလောင် ကြီးပြင်းခဲ့တယ်ဆိုတာ။ `အလတ်မလေးရဲ့ ရင်ထဲမှာ´ ဖတ်ပြီးတဲ့လူတိုင်း သိကြပါတယ်။ ဖေဖေနဲ့မေမေ ကွဲပြီးတဲ့နောက်ပိုင်းလဲ မယားငယ်မ အိမ်ပေါ်ကိုတက်လာတဲ့အတွက် ဘာမှ လုပ်စရာမလိုခဲ့ဘူး။ (၁၀) တန်းအောင်ပြီး ဖေဖေ့အိမ်က ထွက်လာပြီးတဲ့ နောက်ပိုင်းလဲ တက္ကသိုလ် တက်လိုက်၊ ဒီပလိုမာတွေ တက်လိုက်၊ သင်တန်းတွေ တက်လိုက်နဲ့ အိမ်မှုကိစ္စဆိုတာ ဝေးလာဝေးပေါ့။ `ရှောင်လေးဝေးဝေး မူးယစ်ဆေး´ နီးပါးပေါ့။

ပညာလေး အသင့်အတင့်ရှိလို့ အလုပ်ဝင်တော့လဲ လုပ်ခဲ့တဲ့အလုပ်တိုင်းက ကွန်ပျူတာနယ်ပယ်က အလုပ်တွေမို့ တခြားဘာအလုပ်ကိုမှ စိတ်မ၀င်စားခဲ့ဘူး။ (ပညာကတော့ သင်လို့ပြီးမှ မဟုတ်တဲ့အတွက် ပညာလေးအသင့်အတင့်လို့ သုံးရခြင်း ဖြစ်ပါသည်။ အခုလဲ သင်ယူနေဆဲပါ)

နောက်ဆုံး ပိုက်ဆံမျက်နှာတခုထဲနဲ့ ဒီကျွန်းပိစိရောက်လာတော့ ကွန်ပျူတာအလုပ်ကလွဲပြီး ဘာ နကန်းတလုံးမှ မသိတဲ့ အလတ်မအတွက်တော့ `ကျီးအာသီး´ ပေါ့။ ခွေးတောင် လက်ပေးသင်ရင် တတ်တဲ့ ခေတ်ကြီးမှာ ဒီနိုင်ငံကအလုပ်လောက်ကတော့ အများဆုံး (၂) ပတ်တောင် လေ့လာစရာမလိုပါဘူး။ ဒါကို အေးဂျင့်ခ မြိုပြီး ပြောထွက်တဲ့ ပါးစပ်ကလေးကို ရွှေချထားလိုက်ချင်ပါရဲ့။

အင်းပေါ့ ပြောမယ်ဆိုလဲ ပြောချင်စရာပေါ့။ အလတ်မက သူတို့လို နိုင်ငံတကာလှည့်ပြီး ကျွန်ခံခဲ့တဲ့လူ မဟုတ်တော့။ `အလုပ်ပါးလဲ မ၀။ ကျွန်ပါးလဲ မ၀ခဲ့ဘူးလေ..´ အဲ့ဒီ့အချိန်မှာ အလတ်မ တခုစဉ်းစားမိခဲ့တာကတော့ ဒီလိုအလုပ်မျိုးကို ပညာမတတ်တဲ့ လူတိုင်းလုပ်နေသလို ပညာတတ်တဲ့လူတွေလဲ လုပ်နေတယ်ဆိုတာကိုပဲ။ ကိုယ့်ထက်ငယ်တဲ့လူတွေလဲ လုပ်နေတယ်။ ကြီးတဲ့လူတွေလဲ လုပ်နေတယ်။ ငါဘာဖြစ်လို့ မလုပ်နိုင်ရမလဲ? ငါဘာကြောင့် နိုင်ငံခြားထွက်လာတာလဲ? ဆိုတွေကို ပြန်မေးပြီး အားတင်းပြီး နေခဲ့တယ်။

အဲ့ဒီလိုနဲ့ ကျီအာသီးဘ၀ကို စခဲ့တယ်။ ကျီးအာသီးလို့ပြောခဲ့တဲ့ အေးဂျင့်မခေါလဲ ဒီနိုင်ငံကို Passport Change ပြီး နောက်တစ်ခေါက်ပြန်လာခဲ့တယ်။ အလုပ်ရှင်အသစ်နဲ့ အလုပ်ဝင်ပြီး မကြာခင်မှာပဲ သူအလတ်မကို ခေါ်ခဲ့သလို `ကျီးအာသီး´ လို့ ပြန်အခေါ်ခံရပြီး အဆင်မပြေမှုပေါင်းများစွာနဲ့ အလုပ်ကနေ ထွက်ပြေးပြီး ရဲသားကြီးက ခဏလိုက်ခဲ့ပါလို့ ခေါ်တဲ့နောက်ပါသွားပြီး မော်စကိုထဲကို လည်လည်သွားရာကနေ တခြားမော်စကိုကနေ ပြန်သွားလေရဲ့။

အော် ပါးစပ် ပါးစပ်... တော်တော်ကြောက်ဖို့ကောင်းတဲ့ ပါးစပ်ပါလားနော်။ မလတ်မတော့ သူများသားသမီးကို အဲ့ဒီလို မခေါ်မိအောင် နေတယ်။ အခုခေတ်က ၀ဋ်လိုက်တာ မြန်တယ်ရှင့်။

Friday 9 December 2011

အလုပ်ရ၊ အလုပ်ကောင်း ဂါထာတော်ကြီး

ဤဂါထာကို ယုံယုံကြည်ကြည်နှင့် ရွတ်ဖတ်သရဇ္ဖျာယ်ပါက အလိုရှိရာ တောင့်တအပ်သော အလုပ်အကိုင်၊ ရာထူးများကို ရရှိစေပါသည်။



အလုပ်ရ၊ အလုပ်ကောင်း ဂါထာတော်ကြီး

ဥုမ် တာပုန္န ဂဗ္ဘိမာတာတေ၊

ကတွာ မောတွာဗလံ ၀ိဇ္ဇာရိတံ၊
ပုတ္တံ သုခေနစ။



သက်စေ့စက္ကူမှာရေး ဂါထာအစကို အတွင်းမှာထား၍ ဖယောင်းတိုင်မှတ်ပတ်ပြီး တစ်နေ့တစ်တိုင်ထွန်းပြီး ပုတီး (၁) ပတ်စိတ်၍ သက်စေ့မီးပူဇော်ပါ။ အလုပ်ရပါက ဆက်ပြီး မရွတ်ပါနှင့် အရမ်းပင်ပန်းပါသည်။


လိုအင်ဆန္ဒပြည့်ဝစေ.....

ကာလ ၀ိဘတ် ဂုတ်ပိုးတက်

အလတ်မလေးဘ၀မှာ ကျွန်းပိစိလေးကိုရောက်ပြီး မကြာခင်မှာပဲ အဆင်မပြေမှုတွေ တနင့်တပိုးနဲ့ အဆင့်အတန်း မတူညီ၊ လုပ်ခဲ့ရတဲ့ အလုပ်ပတ်ဝန်းကျင် ခြားနားမှုများကြားမှာ မျက်ရည်ကိုပဲ အဖော်ပြုရင်း မလုပ်ချင်တဲ့ အလုပ်ကို ကြိုးစားပြီး လုပ်ခဲ့ရတယ်။ အေးဂျင့်က ပြောတော့ အလုပ်က တမျိုး၊ တကယ်လုပ်ရတဲ့ အလုပ်က တမျိုးနဲ့ Complain မတတ်ပဲ အေးဂျင့်ခ ကျေအောင်နဲ့ မေမေ့ကို လုပ်ကျွေးချင်တဲ့ စိတ်တခုထဲနဲ့ အားမာန်တင်းရင်း ဘ၀ခရီးကြမ်းကို ဆက်လျှောက်ခဲ့တယ်။

မြန်မာ့အသံမှာ အလုပ်လုပ်ပြီး General Knowledge မရှိဘူးပဲပြောပြော။ `အ´တယ်ပဲ ပြောပြော။ ဥရောပနိုင်ငံတွေမှာ ဘယ်လိုအလုပ်မျိုးတွေရှိတယ်။ လစာ ဘယ်လောက်ရတယ် ဆိုတာ မသိခဲ့ရိုးအမှန်ပါ။ အေးဂျင့်ပြောသမျှ ပေါက်သင်ညိုလုပ်ပြီး သမာအာဇီဝ (ခန္ဓာကိုယ်) မပေးရ ပြီးတာပဲ။ ဘာအလုပ်ပဲ ဖြစ်ဖြစ် အားတင်းလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကိုက ပိုက်ဆံမျက်နှာပဲ ကြည့်ခဲ့တဲ့ အမှားကိုး။
ဒီလိုနဲ့ ကျွန်းပိစိလေးကိုလာခဲ့တယ်ဆိုပါတော့။ လာတော့ ရုံးကပေးတဲ့ အပျိုဆောင်ကနေ တန်းထွက်ရင် လူသိမှာစိုးလို့ အေးဂျင့် တစ်ယောက်ရဲ့အိမ်မှာ ညအိပ်ပြီး လေယာဉ်တက်ခဲ့တယ်။ နုံတယ်ပြောလဲခံရုံပေါ့။ သူ့အိမ်မှာအိပ်တော့ သူ့အတွက် အထုပ်ကြီးကို သယ်ခဲ့ရတာပေါ့။ လူတကာရဲ့ အထုပ်ကို အကုန်သယ်ခဲ့တယ်။ ဘယ်လောက်ထိ တုံးသလဲဆို ကိုယ့်အတွက် ဘာမှ စားစရာ၊ ၀တ်စရာမပါပဲ သယ်ခဲ့တယ်။ အေးဂျင့်က (၂) ယောက်။ တယောက်က မခေါ၊ တစ်ယောက်က မပုတ်..ဆိုကြပါစို့။ အိပ်တာက မပုတ်အိမ်မှာ။ မခေါကပြောတယ် ဘာမှ ၀တ်ဖို့ မယူခဲ့နဲ့ ဒီမှာ အများကြီးပဲ ပေးမယ်.. လုံးဝ မသယ်ခဲ့နဲ့ဆိုတော့ သူ့စကားနားယောင်ပြီး သယ်လာလိုက်တာ လေဆိပ်မှာကြိုတဲ့လူတောင် `ပါနာရာ့မူ´ လို့ အော်ယူရတယ်။

ထားပါတော့ ဒါတွေပြောနေလို့ လိုရင်းကို မရောက်တော့ဘူး။ ဒီကျွန်းပိစိ မရောက်ခင် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်မှာ ဗေဒင်သွားတွက်ခဲ့တယ်။ ဗေဒင်က ဘာပြောလဲဆိုရင် အလုပ် (၃) ခု မြောက်မှာ အဆင်ပြေမယ်တဲ့။ လူတွေက မဟုတ်တာတွေကို စွဲတတ်ကြတယ်။ အဲ့ဒါကို စိတ်ထဲအမြဲစွဲနေခဲ့တယ်။ တကယ်လဲ ရောက်လာကော ပထမ အလုပ်က လစာလဲ သူများထက်ကောင်းတယ်။ အလုပ်ကတော့ ပင်ပန်းတယ်။ သူဌေးကတော့ ဗလာဗလာမရှိပဲ ဒီလောက်အဆင်ပြေနေတာတောင် သူဌေးလင်မယားကွဲသွားလို့ နောက်အလုပ်တခုကို ပြောင်းခဲ့ရတယ်။

နောက်တခုက အဖွားကြီး (Elderly Care) ကြည့်ရတယ်။ အဖွားကြီးက ဆိုးတယ်။ အလုပ်မရှိဘူး။ ဘုရားမရှိခိုးရဘူး။ အ၀တ်လျှော်တာ မကြိုက်ဘူး။ ရေမချိုးရဘူး။ Sunday အပြင်ထွက်ရင် ဘုရားစင်မှာ တင်ထားတဲ့ သစ်သီးတို့ သောက်တော်ရေခွက်တို့ မရှိတော့ဘူး။ စွံ့ပြီး သူ့ထားချင်တဲ့ နေရာထားလိုက်တယ်။ အဆင်မပြေဘူး။ ဒီနိုင်ငံက Our Lady ဆီမှာ `သူတော်ကောင်း သူမြတ်လောင်း အလုပ်ရှင်´ နဲ့ တွေ့ပါစေလို့ ဆုတောင်းတယ် အလုပ်ပြောင်းဖို့ Our Lady က စောင့်ရှောက်တယ်။ မကြာခင်မှာပဲ တခြားတမြို့မှာ အလုပ်အသစ်ရတယ်။

အလုပ်အသစ်ရလို့ အလုပ်ဟောင်းက ပစ္စည်းတွေပြန်သယ်တယ်။ အဲ့ဒီ့နေ့က မှတ်မှတ်ရရ Sunday. ဒီနိုင်ငံမှာတော့ လူတိုင်း လူတိုင်းက Sunday မှာပဲ နားရက်ရတာများကြတယ်။ ပစ္စည်းတွေ သယ်ပြီး မြို့ဟောင်းက မထွက်ခင်မှာ ရွှေတွေစုတဲ့ မြန်မာတန်းလျားမှာ ၀င်နှုတ်ဆက်ခဲ့တယ်။ အဲ့ဒီ့အချိန်မှာ မပုတ်က လူတွေအများကြီးကြားထဲမှာ မျက်နှာထိ မျက်နှာထားနဲ့`ဟဲ့.. မလတ်မ.. အဲ့ဒီ့အလုပ်မှာလဲ မြဲအောင်နေဦးနော်၊ ခဏခဏ ပြောင်းတာ ကောင်းတာမဟုတ်ဘူးတဲ့´ အဲဒါနဲ့ အလတ်မလဲ ပက်ခနဲ ပြန်ပြောခဲ့တယ်။ အလုပ်အဆင်မပြေလဲ Social Centre တခုလုံးရှိတာပဲလို့။ ဘယ်သူမှ အလုပ်ခဏခဏ မပြောင်းချင်ဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုတာက Visa က အရေးကြီးတယ်။ အလုပ်ပြောင်းတာနဲ့ Visa ပါ ပြောင်းရတယ်။

အလတ်မတို့က အလုပ်အသစ်မှာ စိတ်ချမ်းသာစွာနဲ့ မြို့ဟောင်းကလူတွေကို မေ့ပေါ့။ တနေ့ သူများကို လူကြားထဲမှာ မှိုချိုး မျှစ်ချိုးပြောခဲ့တဲ့။ မပုတ်အကြောင်း ကြားရတယ်။ အလုပ်အဆင်မပြေဘူးတဲ့။ နင်ကတော့ ပျော်လို့တဲ့။ အခု အလုပ်ပြောင်းတာ ၂ ခုရှိပြီတဲ့။ ပထမ အလုပ်က အဆင်မပြေလို့ အလုပ်ကို ကျိတ်ရှာရင်း ရတဲ့အလုပ်က ကြက်ခြံနားမှာ အိပ်ရတယ်တဲ့။ အဆင်မပြေဘူးတဲ့။ အခုနောက်အလုပ်ကလဲ အဆင်မပြေဘူးတဲ့။ ပြောင်းမယ်ကြားတယ်တဲ့။

မကြာပါဘူး ရွာကိုပြောင်းသွားပြီဆိုတဲ့ သတင်းကြားရပြန်တယ်။ ဘယ်လောက်ပဲ ဖုံးဖုံး စိတ်ကောင်းမရှိတဲ့လူများ ဗူးပေါ်သလိုကိုပေါ်တော့တာပဲ။ (၆)လ လောက်နေတော့ ထပ်ကြားရပြန်တယ်။ အလုပ်ရှင် သေသွားလို့ နောက်တလုပ်ပြောင်းပြန်ပြီတဲ့။ ခေါင်းရင်းနားက အလုပ်ရှင်တဲ့။ အဲ့ဒီလိုနဲ့ ကာလ၀ိဘတ် နောက်ပိုးတက်ပုံများ အခုတော့ ရွာပြန်ပြီး ရှာထားသမျှ စားပြီး။ ကျွန်းပိစိမှာနေတုန်းက ကိုယ့်ထက်ငယ်တဲ့ ကလေးတွေကို ပြောပြောနေတဲ့။ `လေယာဉ်ပျံကြီးရယ် ကျွန်မကိုခေါ်သွားပါလို့´ တစာစာ ပြောတတ်တဲ့ age ကြီးပြီး weight မစီးတဲ့ မပုတ်တစ်ယောက် အခုတော့ ကျွန်းပိစိကို ပြန်လာချင်လို့ ဘုရားမှာ ဖင်ဘူးခေါင်ထောင်ပြီး ဆုတောင်းနေလေရဲ့...

အလတ်မအပေါ် မကောင်းတဲ့ လူတော်တော်များများတော့ ကာလ၀ိဘတ် ဂုတ်ပိုးတတ်ကြတဲ့ လူများသား...

Saturday 2 July 2011

ရှင်ထွေးလေးရဲ့ အမေ

ကျွန်မရဲ့ အိမ်နာမည်က ``ရှင်ထွေးလေး´´ပါ။

မေမေပေးတဲ့ နာမည်ပေါ့။ ကျွန်မက ငယ်ငယ်ထဲက အတ္တကြီးလို့ ထင်တယ်။ မေမေက ပြောတယ်။ နေရာတကာ ``ရှင်ထွေး´´ အတွက်ကြည့်ပဲတဲ့။ အိမ်မှာ ပစ္စည်းအသစ်ဝယ်တာနဲ့ ``ရှင်ထွေး´´ဟာပဲ။

``ရှင်ထွေး´´ မလိုချင်တော့ မမကြီးရတယ်။ အဲ့ဒီ့တုန်းက ညီမလေး မမွေးသေးဘူးလေ။

``ရှင်ထွေး´´ က တခြားမောင်နှမတွေနဲ့ မတူဘူး။ သူတို့ထက် သာမှ ကြိုက်တယ်။ အမြဲတန်းလဲ သာအောင်လုပ်တယ်။ မာနလဲ ကြီးတယ်။ ငယ်ငယ်တုန်းကဆို မောက်မာတယ်လို့ ဆွေမျိုးတွေက ပြောကြတယ်။ ကြီးတော့ အဲ့လိုကြီးတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ မာနကတော့ ရှိသေးတယ်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မယ်ဆိုတော့လဲ ရန်ကုန်မှာပဲ တက်ချင်တယ်ဆိုလို့ မေမေ့မှာ သန်းခေါင်စာရင်းကအစ လိုက်ပြောင်းပေးရ။ ကျောင်းသွားပေးရနဲ့ အလုပ်ရှုပ်ရတယ်လေ။ အဲ့ဒီ့အချိန်တုန်းက ``ရှင်ထွေး´´က အားဘူး။ ကွန်ပျူတာဒီပလိုမာတက်နေလို့လေ။ မေမေပြောလဲ ပြောချင်စရာပဲလေ.. အရာရာတိုင်းက ``ရှင်ထွေး´´ဖြစ်ချင်တာကို မေမေတို့ မမကြီးတို့က လုပ်ပေးရတာကိုး။

``ရှင်ထွေး´´ ဒုတိယနှစ်မှာ မြန်မာ့အသံမှာ အလုပ်ရတယ်။ ကွန်ပျူတာ ဒီပလိုမာလဲ တက်ရင်း၊ စနေ၊ တနင်္ဂနွေ ပရက်တီကယ်သွားရင်းနဲ့ ``ရှင်ထွေး´´ရဲ့ များစွာသော သင်တန်းတွေကိုလဲ လှည့်ပတ်တက်ရင်း မေမေနဲ့မမကြီးရဲ့ပံ့ပိုးမှု၊ အလိုလိုက်မှု၊ စာနာမှု၊ ချစ်ခင်မှု၊ အားပေးမှုတွေနဲ့ ဘ၀ကို ကျေနပ်ခြင်းများစွာဖြင့် ဖြတ်သန်းခဲ့တယ်။ ကျေးဇူးတင်ပါတယ် မေမေနဲ့မမကြီးရယ်။ ``ရှင်ထွေး´´ လက်ညှိုးညွှန်သမျှ ရေဖြစ်အောင် မေမေနဲ့မမကြီးကပဲ ကူညီအားပေးဖြည့်ဆည်းပေးလို့ပါ။

ဒါပေမဲ့ ``ရှင်ထွေး´´ ရင်ထဲမှာ အထီးကျန်မှုတွေကို လူတွေက မသိကြဘူးလေ။ သူငယ်ချင်းတွေက ပြောတယ်။ ``ရှင်ထွေး´´ က ကံကောင်းတယ်တဲ့။ ဖြစ်ချင်တာ ဖြစ်ခွင့်ရတယ်တဲ့။ ဘ၀နဲ့ဆန္ဒ တစ်ထပ်ထဲ ကြတယ်တဲ့။ ``ရှင်ထွေး´´ တော့ မထင်ဘူး။

``ရှင်ထွေး´´ ရင်ထဲက စကားတွေကို ``ရှင်ထွေး´´ က ထုတ်မပြောတတ်ဘူး။ ထုတ်ပြောရမှာကို ၀န်လေးတယ်။ ပြီးတော့ ``ရှင်ထွေး´´က ပွင့်လင်းတယ်။ လိမ်ညာတာတွေကို မုန်းတယ်။ ``ရှင်ထွေး´´လဲ သိပ်မညာတတ်ဘူး။ ``ရှင်ထွေး´´ကို ညာရင် ``ရှင်ထွေး´´သေအောင်မုန်းတယ်။ ပြီးတော့ ကျန်သေးတယ် ``ရှင်ထွေး´´က အမှတ်သည်းခြေကြီးတယ်။ ဘယ်သူက ဘယ်လိုပုံစံနဲ့ ဘယ်လိုအခြေအနေမှာ ပြောတယ်ဆိုတာက အစ မှတ်မိတယ်။

ငယ်ငယ်တုန်းက စာမကျက်လို့ ဖေဖေကပြောဖူးတယ်။ (၉) နှစ်သမီးလောက်တုန်းကပေါ့။ ဖေဖေက ``မွဲချင်တဲ့ခွေး ပြာပုံတိုး´´တဲ့။

အခုထိ ``ရှင်ထွေး´´ မှတ်မိနေဆဲပါ။ ဖေဖေ့ကို မုန်းလို့ မဟုတ်ပါဘူး။

``ရှင်ထွေး´´က ငယ်ငယ်ထဲက မိသားစုကံမကောင်းခဲ့ဘူး။ ``ရှင်ထွေး´´မိဘတွေနဲ့ အတူတူမနေခဲ့ရဘူး။ ``ရှင်ထွေး´´ရဲ့ ဖွားဖွားနဲ့အန်တီကြီးတို့လက်ပေါ်မှာ ကြီးပြင်းခဲ့ရတယ်။ တက္ကသိုလ်တက်တော့လဲ အတူတူမနေခဲ့ဘူး။ အလုပ်ထဲမှာလဲ အတူတူမနေခဲ့ရဘူး။ အခုလဲ နိုင်ငံခြားရောက်နေလို့ အတူတူမနေရဘူး။

မေမေက ``ရှင်ထွေး´´ကို အမြဲတန်းစာရေးတယ်။ အင်တာနက်မှာ ဘယ်လောက်ပဲ ပြောရ ပြောရ။ ဖုန်းဘယ်လောက်ပဲ ပြောရ ပြောရ။ မေမေက အားရတယ် မရှိဘူး။ မေမေ့စာရဲ့ အောက်ဆုံးနားမှာ မေ့မေ့ sign ရဲ့ အပေါ်က ``ရှင်ထွေးလေးရဲ့ အမေ´´ ဆိုတဲ့ စာလုံးကို ဖတ်ရတိုင်း သမီးမှာ ခွန်အားတွေ တိုးတိုးလာတယ်မေမေ။

``ရှင်ထွေးဘ၀မှာ မေမေက ပထမ၊ မေမေက ဒုတိယ၊ မေမေက တတိယပါ မေမေ´´

``မေမေ အဲဒါတွေ မသိပါဘူး။ မေမေသိအောင်လဲ သမီးပြောဖြစ်မယ် မထင်ပါဘူး´´

ဘာလိုလိုနဲ့ ``ရှင်ထွေး´´ ရဲ့ မိသားစု မေမေတို့ မမတို့ နဲ့ ခွဲနေရတာ (၁၃) နှစ် နီးပါး ရှိနေပါပကောလား... ဘာပဲဖြစ်ဖြစ် ``ရှင်ထွေး´´ ကျေနပ်ပါတယ်။ ``ရှင်ထွေး´´ မေမေ့ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တာကြည့်ပဲလေ။ မေမေဖြစ်ချင်တာတွေကို အခုအချိန်မှာ ဖြည့်ဆည်းပေးနိုင်နေပြီလေ...

မေ့မေ့ သမီး``ရှင်ထွေးလေး´´ က ငယ်ငယ်တုန်းကနဲ့ မတူတော့ပါဘူး မေမေ။

နာမည်တော့ တူသေးပေမဲ့ အခု``ရှင်ထွေး´´က မေမေ့ကို ပူဆာတဲ့ ``ရှင်ထွေး´´ မဟုတ်တော့ဘူး မှတ်လား မေမေ...

ဟုတ်တယ်နော် မေမေ...

ဟုတ်တယ်နော်နော်...

``မေမေ ကျန်းမာချမ်းသာပြီး ကောင်းမြတ်သော လိုအင်ဆန္ဒများ ပြည့်ဝပြီး သာသနာပြုနိုင်သော ဘုရား၊ ကျောင်း၊ ရဟန်း အလှူ့ဒါယကာမကြီးဖြစ်ပါစေ...´´


ချစ်တဲ့

မေမေ့သမီး

ရှင်ထွေးလေး

------------------------------------------------------------------------------------------------------------------------------------------------------

``မေမေ့ကို လွမ်းလို့ ရေးမိပါသည်´´ ( သမီး ပြောမှား ဆိုမှား ရှိရင် ခွင့်လွှတ်ပါလို့ ဒီနေရာကနေပြီး ကန်တော့လိုက်ပါတယ် မေမေ )

------------------------------------------------------------------------------------------------------------------------------------------------------

``ရှင်ထွေး´´ ကို မေမေပေးနေကျ ဆုက ဒီလိုရှင့်။

``ငါ့သမီးရှင်ထွေးလေး သူတော်ကောင်း၊ သူမြတ်လောင်းတွေနဲ့ တွေ့ပြီး မိဘကျေးဇူးသိတတ်သော၊ ပညာထူးချွန်ထက်မြတ်သော သူဌေးမကြီးဖြစ်ပါစေတဲ့´´


အွန်လိုင်းချစ်သူ Skype ချစ်သူ

ကျွန်မ မောင်နဲ့ ဆုံတွေ့ခဲ့တာကတော့ စမ်းချောင်းက မနောရမ္မပညာဒါနကျောင်းမှာပေါ့။

အဲဒီ့အချိန်တုန်းက ကျွန်မက မြန်မာ့အသံမှာ အလုပ်ဝင်နေတုန်းအချိန်ပေါ့။ ရုံးအားရက် စနေ၊ တနင်္ဂနွေမှာ ပညာဒါနကွန်ပျူတာ ဆရာမလဲ လုပ်တယ်လေ။

ကျွန်မ သင်တဲ့ ကွန်ပျူတာအခန်းမှာ မောင်နဲ့ သူငယ်ချင်းများက Network လာချိတ်ကြတယ်။ အဲ့ဒီ့အချိန်တုန်းက မောင့်ကို သိပ်ပြီး သတိမထားမိခဲ့ဘူး။ မောင့်နာမည်လေးကိုတော့ သတိထားမိခဲ့တယ်။ ဆရာမ ဂုဏ်နဲ့ညီအောင်လဲ နေရသေးတယ်လေ။

ဒီလိုနဲ့ ကျွန်မတို့ မြန်မာ့အသံက ၀န်ထမ်းတွေကို နေပြည်တော်ပြောင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ကျွန်မလဲ နေပြည်တော်ကို မလိုက်ချင်တာနဲ့ ရုံးကထွက်ပြီး နိုင်ငံခြားထွက်လာခဲ့တယ်။

ဒီလိုနဲ့ ကျွန်းပိစိလေးမှာ သောင်တင်နေခဲ့တယ်။ တစ်နေ့ ကျွန်မ အိမ်ကိုလွမ်းတာနဲ့ ကွန်ပျူတာဖွင့်ပြီး Skype မှာ Phyo လို့ ရိုက်လိုက်တဲ့အချိန်မှာ မောင့်ကို မထင်မှတ်ပဲ ပြန်တွေ့ခဲ့တယ်။ ကျွန်မအောက်က မောင်လေးနာမည်က ဖြိုးကိုကိုမောင်လေ။ မောင်လေးကို လွမ်းလို့ Phyo ရိုက်တာ.... မောင်ဖြစ်လာမဲ့ Phyo နဲ့ ပြန်တွေ့ခဲ့တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မောင့်ညီမ ၀မ်းကွဲကလဲ ကျွန်မတပည့်မလေးဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ မောင်နဲ့ ပိုပြီး ရင်းနှီးခဲ့တယ်။

မောင်က အဲ့ဒီ့အချိန်ထဲက အင်တာနက်ဆိုင်ဖွင့်ထားတယ်။ မောင်နဲ့ တစ်နေ့လုံးနီးပါး အွန်လိုင်းမှာ တွေ့ဖြစ်ကြတယ်။ မောင်က စကားအပြောကောင်းတယ်။ မောင့်မှာ အွန်လိုင်QQတွေ အများကြီးရှိတယ်။ အဲ့ဒီ့အချိန်တုန်းက ဘာမှ မသိခဲ့ရဘူး။

မောင်ပြောသမျှ ယုံခဲ့တယ်။

အရင်တုန်းက ရုံးမှာ အလုပ်လုပ်တယ်။ မနက်ပိုင်း ဘွဲ့လွန်ဒီပလိုမာသွားတယ်။ စာသွားသင်တယ်။ အဲ့ဒီ့အချိန်က လောကကြီး အကြောင်း၊ လူတွေရဲ့အကြောင်း ဘာမှ မသိခဲ့ဘူး။ အခုလဲ သိပ်မသိသေးပါဘူး။ သင်ယူနေဆဲပါ။

တစ်နေ့ ပျင်းလို့ မောင့်အကောင့်ထဲ ၀င်ကြည့်မှ မောင့်QQတွေနဲ့ Chat ထားတာ တွေ့ခဲ့ရတယ်။ မောင်နဲ့ တစ်သက်လုံးဝေးပြီလို့ တွက်ထားခဲ့တယ်။ မောင့်ကို ချစ်တာ တစ်ဘ၀လုံးအတွက် ချစ်ခဲ့တာကိုး။ မောင်ကိုတော့ ရင်ထဲက အချစ်တွေကို အတိုင်းအတာ တစ်ခုအထိပဲ ပြောဖြစ်တယ်။ အားလုံးကိုတော့ ထုတ်မပြောဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ မောင်နဲ့ ပြဿနာတွေ တက်ကြတယ်။ မောင့်မေမေနဲ့ မောင့်ညီမလေးပါ မောင့်ဘက်က ပြောပေးကြတယ်။ မောင်ကလဲ ကတိတွေအထပ်ထပ်ပေးတယ်။ မောင့်ကို မခွဲနိုင်တာလဲ ပါတာနဲ့ မောင်နဲ့ ပြန်အဆင်ပြေသွားတယ်။

ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ မောင်ကလဲ မြန်မာပြည်ပြန်လာစေချင်တယ်။ ကျွန်မကလဲ ရည်မှန်းချက်တွေ မပြည့်သေးလို့ ပြန်မလာချင်သေးဘူး။ မေမေနဲ့ မိသားစုကိုလွမ်းတာရယ်...မောင့်ကို လွမ်းတာရယ်နဲ့ မြန်မာပြည်ကို အလည်ပြန်သွားခဲ့တယ်။ နှစ်ဖက်မိဘတွေကလဲ သဘောတူ မောင့်ကိုလဲ စိတ်မချတာနဲ့ မောင်နဲ့ စေ့စပ်ခဲ့ပြီး ကျွန်းပိစိလေးကို ပြန်လာခဲ့တယ်။

အခုဆို ဘာလိုလိုနဲ့ မောင်နဲ့ ထပ်ဝေးတာ (၂) နီးပါး ရှိတော့မှာပါလား။


လောကကြီးကပဲ မျက်နှာလိုက်တာလား?

ကံကြမ္မာကပဲ မျက်နှာသာမပေးတာလား?

မောင်နဲ့အတူတူနေဖို့ ကံမပါသေးတာလား?

ကျွန်မကပဲ အတ္တကြီးနေတာလား?

ပိုက်ဆံက အချစ်ထက်ပို အရေးကြီးနေတာလား?

ဘ၀ တစ်ခုတည်ဆောက်ဖို့ ကြောက်နေတာလား?


ဘာကိုမှ မပြောတတ်လောက်အောင်ပါပဲ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ မောင့်ကို မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို စာလုံးလေးအဖြစ်နဲ့ပဲ ပြောလိုက်တော့မယ်။ ``လွမ်းတယ် မောင်ရယ်´´

ချစ်တဲ့


( ၀န်ခံချက် ... မောင်နဲ့ကျွန်မ တကယ့်ဇာတ်လမ်းလေးပါ။ ၀တ္ထုရေးတာ ၀ါသနာပါပေမဲ့ တစ်ခါမှ မရေးဖြစ်ခဲ့ဘူး။ ဒါလေးကတော့ ပထမဆုံးအကြိမ် ရေးဖြစ်တာလေးပါ။ ``မှားတာရှိ ၀န်တာမိ´´ ပါ )


သမ္ဗုဒ္ဓေ ဘုရာရှိခိုး၊ အနက်တော် နှင့် ဂါထာအကျိုးသွား


သမ္ဗုဒ္ဓေ ဘုရာရှိခိုး

ဤဂါထာတော်ကို အမြဲမပြတ် ရွတ်ဖတ်သရဇ္ဈယ်ပါက ဘေးရန်ကင်း၍ အကြံအစည် ထမြောက်အောင်မြင်မည်။

(က) သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။

ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

(ခ) အပ္ပကာ ၀ါဋ္ဌုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမမဟံ။

(ဂ) နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။

အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။



သမ္ဗုဒ္ဓေ ဘုရာရှိခိုး အနက်တော်

(က) အဋ္ဌ၀ီသံ၊ သုံးပါးဘ၀ သုံးလောက၌ ဉာဏရောင်ဖိတ် အောက်ဘိသိက်ယူ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ စ၊ တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စ သဟဿကေ၊ နိဗ္ဗာန်ကိန်းအောင်၊ စံမွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေ စ၊ လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊ ပဉ္စသတ သဟဿာနိ၊ သောင်းထိုက်စကြာဝဋ္ဌာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော။ သမ္ဗုဒ္ဓေ စ၊ နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း။ အဟံ၊ တပည့်တော်သည်။ သိရသာ၊ ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။

(ခ) အပ္ပကာ ၀ါဋ္ဌုကာ ဂင်္ဂါ၊ ဂင်္ဂါမြတ်ထဲ ငွေသောင်သဲကို နည်းစေထသော။ အနန္တာ၊ သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်းမြောက် မရောက်နိုင်ထသော။ နိဗ္ဗုတာ၊ ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူပြီးထသော။ ဇိနေ၊ နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်မြင်တော်မူသော ဘုရားရှင်တို့ကိုလည်းကောင်း။ တေသံ၊ ထိုငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့၏။ ဓမ္မဉ္စ၊ တရားတော်မြတ်ကိုလည်းကောင်း။ သံဃဉ္စ၊ တပည့်သား သံဃာတော်မြတ်ကိုလည်းကောင်း။ အဟံ၊ တပည့်တော်သည်။ အာဒရေန-အာဒရံ၊ ရိုသေစွာ။ နမာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။

(ဂ) နမက္ကာရာ နုဘာဝေန၊ ဤရှိခိုးရသော အာနုဘော်ကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဥပဒ္ဒဝေ၊ ဘေးရန်တို့ကို။ ဟိတွာ၊ ပယ်ဖျောက်၍။ အနေက အန္တရာယာပိ၊ များစွာကုန်သော အန္တရာယ်တို့သည်လည်း။ အသေသတော၊ အကြွင်းအကျန်မရှိသောအားဖြင့်။ ၀ိနဿန္တု၊ ပျောက်ပျယ်ပါစေကုန်သတည်း။

~~~~~~~~~~~~~~~~~~~~~~~~~


သမ္ဗုဒ္ဓေ ဂါထာအကျိုးသွား

သမ္ဗုဒ္ဓေဟု၊ ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစား သတ္တော်၊ ခေါင်းလျှော် ဒသ၊ ဘတ္တ တြိန်း၊ ဆီလိမ်း ပဉ္စ၊ စီးထလှေမာ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး ကိုးကြိမ်နှိုးလော့၊ မိုးချုပ်ညဥ့်ခါ အိပ်ရာဝင်မူ ကိုးကြိမ်ဟူ၏၊ ရန်သူတွေ့မြောက် ဆယ့်တစ်ခေါက်တည့်၊ စစ်ထိုးသောအခါ ရွတ်ပါကိုးကြိမ်၊ ခပ်သိမ်းသန္ဓေ မဖွားနေ ရေမှာ ကိုးခေါက်မန်း၍သောက်က၊ ဖွားမြောက် ခဏ၊ ချမ်းသာရ၏။ ထိပ်ခပ်နှောင်သွင်း သံခြေကျင်းနှင့် အပြင်းတိုက်လှောင် တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။ ပန်းမွှေးနှစ်ခေါက် ခရီးလျှောက်မူ ခေါင်းမှာတင်စိုက်၊ ရန်ဘေးမှလည်း၊ မြူမှမလိမ်း၊ ကင်းလွတ်ငြိမ်း၏။ ပျောက်ကင်းရောဂါ၊ ဗျာပါလည်းကင်း၊ သောက်ရှင်း၍၊ မင်းမင်းတကာ ကြည်စွာမြတ်နိုး၊ ရေပြည့်အိုးသို့၊ မညှိုးပန်းသွင်၊ နေ့တိုင်းတည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲစလောက်၊ ထွန်းတောက်ပ၀င်း ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒလမင်း၊ ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်းသမ္ဗုဒ္ဓေ၏ အကျိုးတည်း။

~~~~~~~~~~~~~~~~~~~~~~~~~

Friday 1 July 2011

ပရိတ်ကြီး (၁၁)သုတ်


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


၁။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။

၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၎။ ယေ သန္တာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထလောကန္တရေ ဝါ၊ ဘုမ္မာ ဘုမ္မာ စ ဒေဝါ, ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ, ဝရ ကနကမယေ, မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ, မုနိဝရဝစနံ, သောတု မဂ္ဂံ သမဂ္ဂါ။

၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။ ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။ ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။

၇။ သာသနဿ စ လောကဿ၊ ဝု ဍ္ဎီ ဘဝတု သဗ္ဗဒါ။ သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။

၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာ သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

၉။ ရာဇတော ဝါ စောရတော ဝါ မနုဿတော ဝါ အမနုဿတော ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိဝိစ္ဆိက မဏိသပ္ပ ဒီပိ
အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။


(၁) မင်္ဂလသုတ်ပါဠိတော်

  • ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သ ဒေ၀ကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။
  • ဒသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။ သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
  • ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ။ ဇေတ၀နေ၊ အနာ ထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေ၀တာ၊ အဘိက္ကန္တာယ ရတ္တိယာ။ အဘိက္ကန္တ ၀ဏ္ဏာ၊ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ။ ယေန ဘဂ၀ါ၊ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂ၀န္တံ-အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာခေါ။ သာဒေ၀တာ၊ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
  • ဗဟူဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
  • အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ-ပုညတာ။ အတ္တသမ္မာ ပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • မာတာပီတု ဥပဋ္ဌာနံ၊ ပုတ္တ ဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ဒါနဉ္စ ဓမ္မစရိယာ စ၊ Óတကာနဉ္စ သင်္ဂဟော။ အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇ ပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ဂါရဝေါ စ နိဝတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ခန္တီစ သောဝစဿတာ၊ သာမဏာနဉ္စ ဒဿနံ။ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယ သစ္စာန ဒဿနံ။ နိဗ္ဗာန သစ္ဆိကိရိယာစ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
  • ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္တိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။



(၂) ရတနသုတ်ပါဠိတော်

  • ပဏိဓာနတော ပဋ္ဌာယ၊ တထာဂတဿ ဒသ ပါရမိယော။ ဒသ ဥပပါရမိယော၊ ဒသ ပရမတ္ထ ပါရမိယော တိ၊ သမတ္တိံသ ပါရမိယော၊ ပဉ္စ မဟာ ပရိစ္စာဂေ၊ လောကတ္ထစရိယံ Óတတ္ထစရိယံ၊ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော။ ပစ္ဆိမ ဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊ ဇာတိံ အဘိနိက္ခမနံ၊ ပဓာနစရိယံ ဗောဓိပလ’င်္ကေ၊ မာရ၀ိဇယံ သဗ္ဗညုတ ညာဏပ္ပဋိဝေဓံ၊ ဓမ္မစက္ကပ္ပ၀တ္တနံ၊ န၀ လောကုတ္တရ ဓမ္မေတိ၊ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊ ဝေသာလိယာ တီသု ပါကာရန္တ ရေသု၊ တိယာမ ရတ္တိံ ပရိတ္တံ ကရောန္တော။ အာယသမ္မာ အာနန္ဒတ္ထေရော ၀ိယ၊ ကာရုည စိတ္တံ ဥပဋ္ဌပေတွာ။
  • ကောဋီသတ သဟေဿသု၊ စက္က၀ါဠေသု ဒေ၀တာ။ ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
  • ရောဂါမနုဿ ဒုဗ္ဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။ ခိပ္ပ မန္တရ ဓာပေသိ၊ ပ ရိတ္တံ တံ ဘဏာမ ဟေ။
  • ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိဝါ ယာနိဝ အန္တလိက္ခေ။ သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
  • တသ္မာဟိ ဘူတာ နိသာမေတ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာပဇာယ။ ဒိဝါ စ ရတ္တော စ ဟရန္တိယေ ဗလိံ၊ တသ္မာ ဟိနေ ရက္ခထ အပ္ပမတ္တာ။
  • ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နောသမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ခယံ ၀ိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။ န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ္ဓ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊ သမာဓိ မာနန္တရိ ကညမာဟု။ သမာဓိနာ တေန သမော န ၀ိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ္ဓ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္တာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။ တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမ သာသနမှိ။ တေ ပတ္တိ ပတ္တာ အမတံ ၀ိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ယထိန္ဒ ခီလော ပထ၀ိဿိတော သိယာ၊ စတုဗ္ဘိ ၀ါတေဟိ အသမ္ပ ကမ္ပိယော။ တထူပမံ သပ္ပုရိသံ ၀ဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ယေ အရိယ သစ္စာနိ ၀ိဘာဝယန္တိ၊ ဂမ္ဘီရ ပညေန သုဒေသိတာနိ။ ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • သဟာဝဿ ဒဿန သမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။ သက္ကာယ ဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ၀ါပိ ယ ဒတ္ထိ ကိဉ္စိ။
  • စတူဟ ပါယေဟိ စ ၀ိပ္ပမုတ္တော၊ ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊ ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။ အဘဗ္ဗသော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌ ပဒဿ ၀ုတ္တာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ၀နပ္ပဂုမ္ဗေ ယထ ဖုဿိ တဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံဂိမှေ။ တထူပမံ ဓမ္မ၀ရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ၀ရော ၀ရညူ ၀ရဒေါ ၀ရာဟရော၊ အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ခီဏံ ပုရာဏံ န၀ နတ္ထိ သမ္ဘ၀ံ၊ ၀ိရတ္တစိတ္တာ ယတိကေ ဘ၀သ္မိံ။ တေ ခီဏဗီဇာ အ၀ိရုဠှိဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  • ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိဝါ ယာနိဝ အန္တလိက္ခေ။ တထာဂတံ ဒေ၀မနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
  • ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိဝါ ယာနိဝ အန္တလိက္ခေ။ တထာဂတံ ဒေ၀မနုဿပူဇိတံ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
  • ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိဝါ ယာနိဝ အန္တလိက္ခေ။ တထာဂတံ ဒေ၀မနုဿပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ရတန သုတ္တံ နိဋ္ဌိတံ။


(၃) မေတ္တသုတ်ပါဠိတော်

  • ယဿာ နုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယဥှိစေ၀ါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ ‘ မ တန္ဒိတော။
  • သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
  • ကရဏီယ မတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိ သမေစ္စ။ သက္ကော ဥဇူ စ သုဟု ဇူ စ၊ သုဝစော စဿ မုဒုအနတိမာနိ။
  • သန္တုဿကော စ သုဘရော စ၊ အပ္ပ ကိစ္စော စ သလ’ ဟုက ၀ုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပ ဂဗ္ဘော ကုလေသွ ‘ န နုဂိဒ္ဓေါ။
  • န စ ခုဒ္ဒ ‘ မာစရေ ကိဉ္စိ၊ ယေန ၀ိညူပရေ ဥပ၀ဒေယျုံ။ သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
  • ယ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀ သေသာ။ ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
  • ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
  • န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည ၊ နာညမညဿ ဒုက္ခ ‘ မိစ္ဆေယျ ။
  • မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ ‘ မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
  • မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ‘မသပတ္တံ။
  • တိဋ္ဌံစရံ နိသိန္နောဝ၊ သယာနော ယာဝတာ‘ဿ ၀ိတမိဒ္ဓေါ။ ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ‘မေတံ ၀ိဟာရ မိဓ‘မာဟု။
  • ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနယ ဂေဓံ၊ န-ဟိ ဇာတုဂ္ဂဗ္ဘ သေယျ ပုန ရေတိ။

မေတ္တ သုတ္တံ နိဋ္ဌိတံ။



(၄) ခန္ဓသုတ်ပါဠိတော်

  • သဗ္ဗာသီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။ ယံ နာသေတိ ၀ိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
  • အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမဟေ။
  • ၀ိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာ ဂေါတမကေဟိ စ။
  • အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။ စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေ ဟိ မေ။
  • မာ မံ အပါဒကော ဟိံသိ၊ မာမံ ဟိံသိ ဒွိပါဒကော။ မာမံ စတုပ္ပဒေါ ဟိံသိ၊ မာမံ ဟိံသိ ဗဟုပ္ပဒေါ။
  • သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာစ ကေ၀လာ။ သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဉ္စိ ပါပ မာဂမာ။
  • အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။ အပ္ပမာဏော သံဃော၊ ပမာဏ၀န္တာနိ သရီသပါနိ။ အဟိ ၀ိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
  • ကတာ မေ ရက္ခာ၊ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂ၀တော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ခန္ဓသုတ္တံ နိဋ္ဌိတံ။



(၅) မောရသုတ်ပါဠိတော်

  • ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရ ယောနိယံ၊ ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ၀နေစရာ။
  • စိရဿံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ၊ ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမဟေ။
  • ဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော၊ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ။
  • ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု၊ နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
  • အပေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထ၀ိပ္ပဘာသော၊ တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။
  • ယေ ဗြဟ္မာဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊ တေ မေ နမော တေ စ မံ ပါလယန္တု။ နမတ္ထု ဗုဒ္ဓါနံ နမတ္တု ဗောဓိယာ၊ နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ၊ ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသမကပ္ပယိ။

မောရသုတ္တံ နိဋ္ဌိတံ။



(၆) ၀ဋ္ဋသုတ်ပါဠိတော်

  • ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။ ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံဝိ၀ဇ္ဇယိ။
  • ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ၊ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံဘဏာမ ဟေ။
  • အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။ တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
  • အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ သစ္စဗလမ၀ဿာယ၊ သစ္စကိရိယ မကာသကံ။
  • သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အ၀ဉ္စနာ။ မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
  • သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ ၀ဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံပတွာ ယထာ သိခီ။ သစ္စေန မေ သမော နတ္ထိ၊ ဧသာမေ သစ္စပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။



(၇) ဓဇဂ္ဂသုတ်ပါဠိတော်

  • ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံဝိယ သဗ္ဗထာ။
  • သဗ္ဗုပဒ္ဒ၀ဇာလမှာ ယက္ခစောရာဒိ သမ္ဘ၀ါ။ ဂဏနာ န စ မုတ္တာနံ ပရိတ္တံ တံ ဘဏာမ ဟေ။
  • ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာ မေ။
  • တတြ ခေါ ဘဂ၀ါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ။ ဘဂ၀ါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေ၀ါ သုရသင်္ဂါမော၊ သမုပဗျူဠေုာ အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေ၀ါနမိန္ဒော။ ဒေဝေ တာဝတိံသေ အာမန္တေသိ၊ သစေ မာရိသာ ဒေ၀ါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ လောမဟံသော ၀ါ၊ မမေ၀ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလေ’ာကေယျာထ၊ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သော ပဟီယိဿတိ။
  • နော စေ မေ ဓဇဂ္ဂံ ဥလေ’ာကေယျာထ၊ အထ ပဇာပတိဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကေယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သော ပဟီယိဿတိ။
  • နော စေ ပဇာပတိဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကေယျာထ၊ အထ ၀ရုဏဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကေယျာထ။ ၀ရုဏဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သော ပဟီယိဿတိ။
  • နော စေ ၀ရုဏဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကေယျာထ၊ အထ ဤသာနဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကေယျာထ၊ ဤသာနဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သော ပဟီယိဿတီ တိ။
  • တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ၀ါ ဒေ၀ါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ပဇာပတိဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ၀ရုဏဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ဤသာနဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလေ’ာကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။
  • တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေ၀ါနမိန္ဒော၊ အ၀ီတရာဂေါ အ၀ီတဒေါသော၊ အ၀ီတမောဟော၊ ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီ တိ။
  • အဟဉ္စ ခေါ ဘိက္ခဝေ ဧ၀ံ ၀ဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရညဂတာနံ ၀ါ၊ ရုက္ခမူလဂတာနံ ၀ါ၊ သုညာဂါရဂတာနံ ၀ါ၊ ဥပ္ပဇ္ဇေယျ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ မမေ၀ တသ္မိံ သမယေ အနုဿရေယျာထ။
  • ဣတိပိသော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္ထာဒေ၀မနုဿာနံ၊ ဗုဒ္ဓေါ ဘဂ၀ါ တိ။
  • မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သောပဟီယိဿတိ။
  • နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ။
  • သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော၊ ဧဟိပဿိကော သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော၊ ၀ိညူဟီ တိ။
  • ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သောပဟီယိဿတိ။
  • နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။
  • သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ Óယပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ သာမိစိ ပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌပုရိသပုဂ္ဂလာ၊ ဧသ ဘဂ၀တော သာဝက သံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္ဇလီ ကရဏီယော၊ အနုတ္တရံ ပုညခေတ္တံ လောကဿာတိ။
  • သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံ သော ၀ါ၊ သောပဟီယိဿတိ။
  • တံ ကိဿဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ီတရာဂေါ ၀ီတဒေါသော၊ ၀ီတမောဟော၊ အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီ တိ။
  • ဣဒမဝေါစ ဘဂ၀ါ၊ ဣဒံ ၀တွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။
  • အရညေ ရုက္ခမူလေ ၀ါ၊ သုညာဂါရေ၀ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာကံ နော သိယာ။
  • နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
  • နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊ အထ သံဃံ သရေယျာထ၊ ပုညခေတ္တံ အနုတ္တရံ။
  • ဧ၀ံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော န ဟေဿတိ။

ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။



(၈) အာဋာနာဋိယသုတ်ပါဠိတော်

  • အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။
  • ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။ ယံဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။
  • ၀ိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိစ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။
  • ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္တု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။
  • ကောဏာဂမနဿ နမတ္ထု၊ ဗြဟ္မဏဿ ၀ုသီမတော။ ကဿပဿ စ နမတ္ထု၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။
  • အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေတိ၊ သဗ္ဗဒုက္ခာပနူဒနံ။
  • ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ၀ိပဿိသုံ။ တေဇနာ အပိသုဏာထ၊ မဟန္တာ ၀ီတသာရဒါ။
  • ဟိတံ ဒေ၀မနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ၀ိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ၀ီတသာရဒါ။
  • ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေက သတ ကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။
  • သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇဟုပါဂတာ။ သဗ္ဗေတေ ပဋိဇာနန္တိ၊ အာသဘံ ဌာနမုတ္တမံ။
  • သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ၀ိသာရဒါ။ ဗြဟ္မစက္ကံ ပ၀တ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။
  • ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌရသဟိ နာယကာ။ ဗာတ္တိံ သ လက္ခဏူပေတာ၊ သီတာနုဗျÍ္စနာဓရာ။
  • ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုÍ္စရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသ၀ါ ဇိနာ။
  • မဟာ ပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။
  • ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာစ ပါဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။
  • သဒေ၀ကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာဟံ သိရသာ ပါဒေ၊ ၀န္ဒာမိ ပုရိသုတ္တမေ။
  • ၀စသာ မနသာ စေ၀၊ ၀န္ဒာမေတေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။
  • သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ၊ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။
  • သဗ္ဗရောဂါ ၀ိနီမုတ္တော၊ သဗ္ဗသန္တာပ ၀ဇ္ဇိတော၊ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗူတော စ တုဝံဘ၀။
  • တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • ပုရတ္တိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေ၀ါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • ပုရတ္တိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ၀ိရူဠကော။ ပစ္ဆိမေန ၀ိရူပက္ခော၊ ကုဝေရော ဥတ္တရံဒိသံ။
  • စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေ၀ါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • ဣဒ္ဓိမန္တော စ ယေဒေ၀ါ၊ ၀သန္တာ ဣဓသာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။
  • သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တွန္တ ရာယာ၊ သုခီ ဒီဃာယုကော ဘ၀။
  • အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎုာပစာယိနော။ စတ္တာရော ဓမ္မာ ၀ဍ္ဎုန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။



(၉) အင်္ဂုလိမာလသုတ်ပါဠိတော်

  • ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာန ဓောဝနံ။ ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
  • သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
  • ယတောဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သÍ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စေန သောတ္တိ တေ၊ ဟောတု သောတ္တိ ဂဗ္ဘဿ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။



(၁၀) ဗောဇ္ဈင်္ဂသုတ်ပါဠိတော်

  • သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
  • ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။ အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။
  • ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ သြသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
  • ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။ ၀ီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာပရေ။
  • သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
  • သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
  • ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
  • တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
  • ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ ဘိပီဠိတော။ စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။
  • သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
  • ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။



(၁၁) ပုဗ္ဗဏှသုတ်ပါဠိတော်

  • ယံ ဒုန္နိမိတ္တံ အ၀ မင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ၀ိနာသ မေန္တု။
  • ယံ ဒုန္နိမိတ္တံ အ၀ မင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ၀ိနာသ} မေန္တု။
  • ယံ ဒုန္နိမိတ္တံ အ၀ မင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ၀ိနာသ} မေန္တု။
  • ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ၊ သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
  • ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေ ဒေ၀ါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
  • ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေ၀တာဂတာ။
  • သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
  • ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ နနော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္တိ ဟောတု။
  • ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္တိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္တိ ဟောတု။
  • ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္တိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္တိ ဟောတု။
  • ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
  • ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
  • ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
  • မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ} မုတ္တမံ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
  • ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။ ဧ၀မေ၀ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။
  • အပရာဇိတပလ’င်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
  • သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
  • ပဒက္ခိဏံ ကာယကမ္မံ၊ ၀ါစာကမံ္မ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရူဠှာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပုဗ္ဗဏှသုတံ္တ နိဋ္ဌိတံ။



ဖြိုးမမ (ခ) ရှင်ထွေးလေးမှ ဓမ္မဒါနပြုပါသည်။