Wednesday 15 February 2012

“နှစ်ဦးသဘောတူ __________ အရောင်းအ၀ယ် စရံပေးကတိစာချုပ်”



နှစ်ဦးသဘောတူ ___________________ အရောင်းအ၀ယ် စရံပေးကတိစာချုပ်”

မြို့၊ အမှတ် (_ ) န၊ ဦး/ဒေါ် ( မှတ်ပုံတင်အမှတ )ကိုင်ဆောင်သူပိုင် ဖြစ်သော . ကို မြို့၊ အမှတ် ( ) န၊ ဦး/ဒေါ် ( မှတ်ပုံတင်အမှတ )ကိုင်ဆောင်ထား သူအား တန်ဖိုးကျပ်ငွေ /-(ကျပ် တိတိဖြင့်

ခုနှစ်၊ လ၊ ( ) ရက်နေ့တွင် အပြီးအပိုင်ရောင်းချလိုက်ပါသည်။


ယနေ့စာချုပ် ချုပ်သည့်နေ့တွင် သယ်ယူသူက ရောင်းချသူအား စရံငွေ ကျပ /-

(ကျပ် တိတိ) ကို ပေးထားပြီး၊ ကျန်ငွေ ကျပ် /- (ကျပ် တိတိ) ကို ( - - )နေ့တွင် အပြေကြေ ပေးချေမည်ဖြစ်ကြောင်း ၀ယ်ယူသူက ၀န်ခံပါသည်။ အကယ်၍ ပေးချေရန် ပျက်ကွက်ခဲ့လျှင် ပေးထားသည့် စရံငွေ အဆုံးခံမည် ဖြစ်ကြောင်းဝန်ခံပါသည်။ ရောင်းချသူကလည်း ဝယ်ယူသူက ငွေအပြေကြေပေးဆောင်နိုင်ပါလျှက် မိမိရောင်းချရန် ပျက်ကွက်ခဲ့ပါလျှင်၊ ရယူထားပြီးဖြစ်သော စရံငွေအပြင် ယင်းစရံငွေ၏ (၂) ဆ ကို ပြန်လည်ပေးလျှော်မည်ဖြစ်ကြောင်း ဝန်ခံ ကတိပြုပါသည်။

အဆိုပါရောင်းချသူ ဦး/ဒေါ် သည် အဆိုပါ( )ကို မိမိပိုင်ဆိုင်ပြီး၊ အပေါင်အနှံ၊ အချုပ်အချယ်၊ အရှုပ်အရှင်းလုံးဝ ကင်းရှင်းကြောင်းနှင့် ၎င်းနှင့်စပ်လျင်း၍ တစ်စုံတရာ အရှုပ်အရှင်း ပေါ်ပေါက်လာလျှင် မိမိစရိတ်ဖြင့် အကုန်အကျခံ၍ လုံးဝပြေလည်သည့်တိုင်အောင် ဖြေရှင်းပေး မည်ဖြစ်ကြောင်း၊ ပြောဆိုဝန်ခံသည်ကို သဘောတူညီကြ၍ အောက်ပါအသိသက်သေများရှေ့တွင် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြပါသည်။

( ရောင်းချသူ ) ( ဝယ်ယူသူ )

.

.

အသိသက်သေများ

.

.

. . .

No comments:

Post a Comment