Sunday 2 September 2012

နိုင်ငံခြားဆိုတာ

အခုခေတ် လူငယ်တွေ နိုင်ငံခြား၊ နိုင်ငံခြားနဲ့ ပြောပြောနေကြတယ်။ နိုင်ငံခြားဆိုတာ အမေ့အိမ်လောက် မကောင်းမှန်း မသိကြသေးလို့ သွားချင်နေကြတာပါ။ နိုင်ငံခြားဆိုတာကြီးကို “ရှင်ထွေး” ကတော့ ဒီလိုပဲ အဓိပ္ပါယ် ဖွင့်ချင်တယ်ရှင့် -

နိုင်ငံခြားမှာလေ ဒုက္ခရောက်ရင် ကူညီမဲ့လူ မရှိဘူး။ အတင်းပြောမဲ့လူတွေပဲ ရှိတယ်။

နိုင်ငံခြားမှာလေ ငွေလိုရင်လေ အလကားချေးမဲ့လူ မရှိဘူး။ အတိုး (သို့) ရလိုမှုတစ်ခုနဲ့ ချေးတဲ့လူပဲ ရှိတယ်။

နိုင်ငံခြားမှာလေ မလုပ်ချင်တဲ့အလုပ်ကို ပိုက်ဆံမျက်နှာ တစ်ခုပဲကြည့်ပြီး လုပ်နေရတဲ့ လူတွေပဲရှိတယ်။
နိုင်ငံခြားမှာလေ ငပိရည်နဲ့ တို့စရာ အစုံအလင်မရှိဘူး။ ပေါင်မုန့်နဲ့ခေါက်ဆွဲပဲရှိတယ်။

နိုင်ငံခြားမှာလေ နေမကောင်းဖြစ်ရင် ဆေးရုံလာစောင့်ပေးမဲ့လူ မရှိဘူး။ ဖုန်းလေးနဲ့ နေကောင်လားလို့ ၀တ်ကျေတန်းကျေ မေးတဲ့လူပဲရှိတယ်။

နိုင်ငံခြားမှာလေ မိတ်ဆွေ သူငယ်ချင်းကောင်း မရှိဘူး။ ကိုယ်နဲ့ခင်တဲ့ လူတွေကပဲ ကိုယ့်မကောင်းကြောင်း အများဆုံး ပြောတဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ တွေ့ရင်တော့ လွမ်းအောင်ချွဲပြီး နောက်ကွယ်ကျရင် မေ့တဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ ပါဆယ်ထည့်ချင်တာတို့ မြန်မာပြည်က ပေးချင်တာတို့ကို လိုလိုလားလား သယ်မဲ့လူ မရှိဘူး။ မပါလာရင် ရန်တွေ့မဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ တစ်ခါ ကူညီပြီးရင် ကိုယ့်ဆီက အခါတစ်ရာလောက် အခွင့်အရေး ပြန်ယူမဲ့လူတွေပဲ ရှိတယ်။

နိုင်ငံခြားမှာလေ တစ်ကျပ်ဖိုး ချမ်းသာရင် တစ်တစ်ထောင်ဖိုးလောက် ရှိသယောင် အကြွားထူတွေပဲ ရှိတယ်။
နိုင်ငံခြားမှာလေ တကယ်ချစ်တဲ့လူကို ရှာဖို့ ခက်ပေမဲ့ Online မှာတော့ QQ တွေကို “ချစ်တယ်” “ချစ်တယ်” လို့ ပြောတဲ့လူတွေပဲ ရှိတယ်။

နိုင်ငံခြားမှာလေ ပြဿနာတစ်ခုကို တိုက်ရိုက် မျက်နှာချင်းဆိုင် ဖြေရှင်းမဲ့အစား ဖုန်းရှောင်တာတို့၊ ပတ်ပြေးတာတို့ လုပ်တဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်က ပေးစရာရှိရင် တပြားမှ မပေးချင်ပဲ။ ကိုယ်က ရမယ်ဆို အသေယူ၊ အသေစားတတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ လူတွေရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်လိုမျိုးနဲ့ ကိုယ်ရာမှာ ကိုယ်လုပ်ချင်ကို လုပ်တဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ မိသားကို လွမ်းသော်လည်း မပြည့်စုံသေးတဲ့ ဘ၀မို့ အောင့်အီးသီးခံပြီး နေနေရတဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ ငါရှာတဲ့ ပိုက်ဆံ၊ ငါကြိုက်သလို သုံးမယ်ဆိုပြီး “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” တွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ သူများ အဆင်ပြေတာ မပြောတာ ငါ့အလုပ်မဟုတ် ငါ ပိုက်ဆံရရင်ပြီးရောဆိုပြီး ပိုက်ဆံမျက်နှာတစ်ခုထဲကြည့်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မစားရက်၊ မသောက်ရက်၊ မ၀တ်ရက်နဲ့ ။ “ကိုယ့်ဝမ်းကိုယ် မသဒ္ဓါ”တဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ Gtalk, Facebook သုံးတတ်တာကို ကွန်ပျူတာကို ကိုယ့်ကိုကိုယ် သိလှပြီ၊ တတ်လှပြီးဆိုပြီး ပညာရှင်စတိုင်နဲ့ ဂိုက်ပေးကြမ်းတဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ လူမျိုးခြားမရှောင် ကိုယ့်အမျိုးကိုဖျက်တဲ့ သံချေးတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်အဆင်ပြေဖို့တစ်ခုအတွက် ဘာမဆို ပေးရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိစ္စတစ်ခုကို မဆုံးနိုင်အောင် ဖွတဲ့လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်စိတ်နဲ့ နှိုင်းပြီး (ကိုယ့်စိတ်နဲ့ နှိုင်း ရိုင်း) ပြောတတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ သူ့အလုပ်မှာ ဘယ်လိုနေရတယ်။ ငါကိုလဲ သူ့လိုပဲ ထားသင့်တယ်ဆိုပြီး။ Boss ကို Complain တက်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ တနင်္ဂနွေနားရက်တောင် မနားနိုင်၊ အလုပ်သမား အခွင့်အရေးဆိုတာကို နားမလည်ပဲ Boss မျက်နှာတခုပဲကြည့်ပြီး အောက်ကျို့နေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်ရတဲ့ လစာနဲ့ မမျှအောင် ရည်စားကို ဖုန်းခေါ်ခေါ်နေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အမိမြေက မိသားစု အဆင်ပြေဖို့ တခုထဲနဲ့ ဘ၀တခုလုံး ဆုံးရှုံးတာကိုတောင် အဆင်ပြေအောင် ပိုက်ဆံရှာနေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အလုပ်တခုရဖို့ အိမ်တကာက စာတိုက်ပုံးထဲမှာ အလုပ်ရှိရင် ခေါ်ပါလို့ စာလိုက်ထည့်ရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အအိပ်ဆင်းရဲနဲ့ ပေးလာခဲ့ရတဲ့ အေးဂျင့်ဖိုး ပြန်ရအောင် ရှာပြီး မပြန်နိုင်ကြသေးတဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ လမ်းမှာ လွှင့်ပစ်ထားသမျှ ပစ္စည်းအကုန်ကောက်ပြီး အမိမြေကို ပြန်ပို့တဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်အလှည့်ကျရင် တပြားဖိုးမှ အတင်းစီးမခံတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အသက်ကြီးပြီး အချိန်မစီးတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ဘ၀ကို ဖြစ်သလိုရုန်းကန်ပြီး ပြန်ချင်ပါသော်လည်း လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်လို့ မျက်ရည်ကျိတ်ကျနေရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်ဘာသာလဲ မ၀င်/၀င်လာအောင် လှုံဆော်တတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ သူများပြောသမျှ အကုန်နားထောင်ပြီး အိမ်ရောက်မှ ဖုန်းတလုံးနဲ့ အတင်းလိုက် အုပ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ရွာက အကျင့်မဖျောက်သေးပဲ အော်ကျယ် အော်ကျယ်နဲ့ (၇) အိမ်ကြား၊ (၈) အိမ်ကြား အော်အော်ပြောတတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ သားကြီး၊ မယားကြီးရှိပါသော်လည်း သူများသားပျို သမီးပျိုကို ဖျက်ဆီးတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ၄ နှစ်၊ ၅ နှစ်လောက် လူပျိုပါလို့ပြောပြီး ပြန်ခါနီးမှ အိမ်ထောင်သည်ဆိုတာကို သိကြရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ယောက်ျားလေးတန်မဲ့ ချုစားတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မိန်းခလေးက အမေ ခေါ်ရလောက်အောင် မိန်းမဆန်တဲ့ ယောက်ျားတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ “မိန်းမရှိခိုး၊ သွားမကျိုး” ဂါထာကို အလွတ်ကျက်ထားတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ဟင်းရွက် တစီးကို (၂) ခါ ခွဲပြီး ကြော်စားတတ်တဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်ကိုပစ်သွားတဲ့ မိန်းခလေးကို၊ ကိုယ်ကပဲ စွန့်ပစ်လိုက်တဲ့ ပုံစံဖမ်းပြီး ပြောတဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ယောက်ျားခြင်းမရှောင် အတူတူနေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်အဆင်ပြေရင်ပြီးရော မိန်းမတောထဲ နေရဲတဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မိန်းမယူထားပြီး မိန်းမကို ရေတောင်မသဒ္ဓါတဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မြန်မာပြည်က မိန်းမ၊ ရည်းစားကိုမေ့ထားလိုက်ပြီး အနေနီးစပ်ပြီး သာယာ သွားတတ်တဲ့ ယောက်ျားတွေလဲ ရှိတယ်။

---------------------------------------------------------------------------------------------

မကောင်းတဲ့ ဘက်မှ ရေးထားတာဖြစ်ပါသော်ငြားလည်း တကယ်ကြုံတွေ့နေရသည်များကို ချရေးခြင်း ဖြစ်သည့်အတွက် အမှားပါရင် ခွင့်လွှတ်ပါလို့............