Thursday 30 June 2011

ချစ်ရက်နဲ့ဝေးရ မောင်နဲ့ကျွန်မ

မောင့်ကို တခုထဲသော မနက်ခင်းလေးမှာ စတွေ့ခဲ့တယ်။ မောင်က ကျွန်မကို သတိမထားမိပေမဲ့ မောင့်ကိုတော့ ကျွန်မက သတိထားမိခဲ့တယ်။ ဘာလို့လဲဆိုတော့ မောင်က ကျွန်မသူငယ်ချင်းတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံးမို့ပေါ့။ သူတို့ပြောတာတွေကို နားထောင်ရင်းနဲ့ မောင့်ကို ကျွန်မစိတ်ဝင်စား မိတယ်။ မောင့်ကိုတွေ့ချင်လာမိတယ်။ ကျွန်မ ဆန္ဒပြည့်ဝခဲ့တယ်ပဲ ပြောရမှာပေါ့။ မောင့်ကို တွေ့ခဲ့တယ်။

မောင့်ကိုတွေ့တွေ့ခြင်း ရင်ခုန်သံတွေမြန်လာတယ်လို့ ခံစားမိတယ်။ မောင့်မျက်ဝန်းတွေက စူးရှတောက်ပနေတယ်။ မောင့်မျက်ဝန်းနဲ့ဆုံမိတဲ့ ခဏလေးအတွင်းမှာ ကျွန်မ မောင့်ကိုယှဉ်ပြီး မကြည့်နိုင်အောင် မျက်လွှာချခဲ့မိတယ်။ အတန်းထဲမှာဆို ကျွန်မ မျက်ဝန်းကို ဘယ်သူမှ ယှဉ်မကြည့်နိုင်ဘူး။ ကျွန်မကို မျက်လုံးလှတယ်။ မျက်လုံးမှာ စွမ်းအားတွေရှိတယ်ဆိုပြီး သူငယ်ချင်းတွေက ပြောကြတယ်။ မောင်နဲ့တွေ့တော့ ကျွန်မ ရှုံးသွားခဲ့တယ်။

မောင် ကျွန်မကို သတိမထားမိခဲ့ဖူးလို့ ထင်ခဲ့တာ... ကျွန်မ မှားသွားခဲ့တယ်။ မောင်က အဲ့ဒီ့အချိန်ထဲက ကျွန်မကို စိတ်ဝင်စားသွားခဲ့တယ်တဲ့... ကျွန်မသူငယ်ချင်းတွေကတစ်ဆင့် မောင့်ရဲ့ အချစ်တွေကို အမျိုးမျိုးပြခဲ့တယ်။ ကျွန်မ ကြိုက်တဲ့အရောင်မှန်သမျှ မောင်လိုက်ဝယ်ခဲ့သလို... ကျွန်မစားတတ်တဲ့ သားရေစာတွေ ကိုလဲ မောင်စားတတ်အောင် ကျင့်ခဲ့တယ်။ ကျွန်မကို မာနကြီးတယ်လို့ အားလုံးကပြောသလို မောင်ကလဲ မာနမင်းသမီးလို့ တင်စားခဲ့တယ်။


မောင့်ကိုကျွန်မချစ်ခဲ့ပေမဲ့ အခုအချိန်မှာ ကျွန်မဘ၀အတွက် အရေးကြီးဆုံး မျှော်လင့်ချက်က ဘွဲ့တစ်ခုရဖို့နဲ့ အမေ့ကို လုပ်ကျွေးဖို့က အဓိကပဲ။ မောင်က ကျွန်မဘ၀ကိုနားလည်သလို ကျွန်မ ရည်မှန်းချက်ကိုလည်း အနှောင့်အယှက်မပေးခဲ့ပါဘူး။ ဒါပေမဲ့ မောင့်ဘ၀ထဲကို ကျွန်မ ၀င်မလာရဲဘူး။ မောင့်ကို မတွေ့ခင်အထိ ကျွန်မအတွက်က အချစ်ဆိုတာက အရေးမကြီးခဲ့ဘူး။ မောင်နဲ့တွေ့ပြီး ကျွန်မစိတ်တွေ ပြောင်းလဲစပြုလာတယ်။ အချစ်ဆိုတာ တစိတ်တပိုင်း အရေးကြီးမှန်းသိလာတယ်။ ဒါပေမဲ့ ငယ်ငယ်ထဲက မျှော်လင့်ခဲ့ အိပ်မက်လေးကိုတော့ ဘာအကြောင်းနဲ့မှ အပျက်အဆီးမခံနိုင်သလို အဆုံးရှုံးလဲ မခံချင်ဘူး။ မောင်နဲ့ဝေးရာ တခြားတက္ကသိုလ်တစ်ခုပြောင်းခဲ့ပြီး ကျွန်မရဲ့အချစ်တွေကို စတေးမိခဲ့တဲ့အတွက် ခွင့်လွှတ်ပါမောင်.... အလတ်မဘ၀မှာ ရည်မှန်းချက်လွဲပြီး ဘာကိုမှ အရေးကြီးတဲ့စာရင်းထဲ မထည့်ပါရစေနဲ့... မောင်ရယ်...

No comments:

Post a Comment