Friday 1 July 2011

သတိမေ့သွားတဲ့ည

တေး ရေး - မောင်မောင်ဇော်လတ်

Key : E ( Dbm )

Intro : Guitar Vamp Only

Dbm Dbm Dbm Dbm

Dbm

ကြမ်းပြင်ပေါ်မှာ မူးမိုက်လဲကျ

ဘယ်လိုမှ လှုပ်မရ သိပ်လေးလံတဲ့ ငါ့ခန္ဓာ

Dbm

ငါ့သူငယ်အိမ်ကို ကြည့်လိုက်စမ်းပါ

ကဲ…ဘယ်လိုလဲ အလုပ်လုပ်သေးရဲ့လား

Dbm

အော်သံခေါ်သံတွေ ခေါ်သံတွေကြား

Dbm

အော်သံခေါ်သံတွေ ခေါ်သံတွေကြား/လား

Cho:

Dbm B A

ငါမမြင်နိုင်ဘူး ဒီအမှောင်ထုထဲမှာ

B Dbm

ငါမခေါ်နိုင်ဘူး အသံတွေ မထွက်တော့ပါ

B A

ငါမခံနိုင်ဘူး ဒီလိုဘ၀မျိုးမှာ / ဒီလိုဘ၀ထဲမှာ

B Dbm

ထုံကျင်ပြီ ဝေဒနာတစ်ခု ခံစားခွင့် ပေးစမ်းပါ

မီးလိုပူတယ် ငါ့ရင်ဘတ်ထဲမှာ

အာခေါင်တွေ ခြောက်ကပ်ပြီးရေတွေ ငတ်လာ

အလင်းရောင် အမှုန်တွေ မြင်ခွင့်ပေးပါ

ဆေးရုံပေါ်မှာ သတိမေ့သွားတဲ့ည

( Cho: )

Music : Dbm Dbm Dbm Dbm ( Cho: )

Fine

( လောကကြီးနဲ့ တွေ့ရဖို့ တံခါးဖွင့်ပေးပါ

လောကကြီးနဲ့ တွေ့ရဖို့ တံခါးဖွင့်ပေးစမ်းပါ )

No comments:

Post a Comment