Friday, 1 July 2011

သိချင်တယ်

တေးရေး - လင်းလင်း

Key : E

Intro : Dbm A E B Dbm A E B

Dbm A

မျှော်လင့်ချက် တစ်ခုနှစ်ခုလောက် ငါ့ဆီ နင်ပစ်ထားပြီး

E B

သံသရာ ဟိုးအဝေး…. နင်ခရီးထွက်သွား

ပျောက်ဆုံးခြင်းအနက်အဓိပ္ပါယ် အဖြေတစ်ခုခု

နင်မှာကြားပြီး နမိတ်ဖတ်ထားခဲ့သလား

ယာဉ်ပျံကြီးစီးပြီး တခြားကမ္ဘာ နင်ပျံသန်းသွား

ကမ္ဘာမြေတစ်ဖက်စွန်း ရပ် ငါငေးကျန်ခဲ့

ဘ၀နဲ့မဆံ့တဲ့ အသိတွေမှာ လွန်ဆွဲရင်း

အချိန်တွေ တစ်ဖက်စွန်း ကျိုးကြေပြတ်တောက်သွား

D A

ရင်ခွင် ဗလာကျင်းထဲ

D A B

ညှီရော်ပုပ်သိုးခဲ့

Cho:

E Dbm

ပျက်စီးခြင်း ပျက်သုန်းခြင်း ပျောက်ဆုံးခြင်း

A E B

ပြိုပျက်ခြင်းရဲ့နောက်မှာ အဖြေ တစ်ခုတော့ သိချင်တယ်

ကွာဝေးခြင်း ကျဆုံးခြင်း ကြေကွဲခြင်း

ပြိုလဲခြင်းရဲ့နောက်မှာ အဖြေ တစ်ခုတော့ သိချင်တယ်

Music : E Dbm A E B E Dbm A E B G A G A D Dbm

ဘာမှမရှိတဲ့နောက် ဘာကျန်ဦးမှာလဲ

ဘယ်လို ငါတွေးပြီး ဘယ်ဆီရှေ့ဆက်မလဲ

ပျောက်ဆုံးခြင်း အနက်အဓိပ္ပါယ် အဖြေတစ်ခုခု

ဘယ်လို ငါတွေးပြီး ဘယ်ဆီရှေ့ဆက်မလဲ

( Cho: ) Fade

No comments:

Post a Comment