Friday, 1 July 2011

လျှောက်လျှောက်

တေးရေး - မောင်မောင်ဇော်လတ်

အာရုဏ်မိုးလင်း

လက်နဖူးတင်

သက်ပြင်းနဲ့ နိုးတဲ့မနက်ခင်း

ကြုံလာတဲ့ ဇာတ်

အဆင်ပြေတဲ့ အရပ်

ကျေကျေနပ်နပ် မနေတတ်သရွေ့ ဟေ့

လိုချင် တပ်မက်

ငါချဉ်ခြင်းတက်

ပူလောင်တဲ့ရမက် တစ်ရက်ပြီးတစ်ရက်

လူလိုစားရင်း လူလိုသွားရင်း လူတွေကြားထဲ

မနေတတ်သရွေ့ဟေ့

လျှောက်… လျှောက်… မင်းတို့ လမ်း မင်းတို့ရွေးပြီး ကိုယ်တိုင်

လျှောက်… လျှောက်… ကျုပ်တို့ လမ်း ကျုပ်တို့ရွေးပြီး ကိုယ်တိုင်

လျှောက်… လျှောက်… အကြောင်းပြချက် လုံးဝလုံးဝမလိုဘူး

လျှောက်… လျှောက်… မငြိနဲ့

မြင်သမျှပြောတော့

အဆင်မပြေဘူးပေါ့

အရာမထင်ဘူးလား ကဲ… ခင်ဗျားတို့သဘော

တကယ် ``ဇ´´ပြင်းလား ဟန်ဆောင်ခြင်းလား

သေချာစဉ်းစား ယောင်္ကျားစကားပြော

No comments:

Post a Comment