Tuesday 14 February 2012

“နှစ်ဦးသဘောတူတိုက်ခန်းအရောင်းအ၀ယ်ကတိစာချုပ်”

“နှစ်ဦးသဘောတူတိုက်ခန်းအရောင်းအ၀ယ်ကတိစာချုပ်”

နေ့စွဲ၊ ခုနှစ်၊ လ ၊ ရက်

ရောင်းသူ ။ ။ အမည် (မှတ်ပုံတင်အမှတ်) .

နေရပ် .

ဝယ်ယူသူ ။ ။ အမည် (မှတ်ပုံတင်အမှတ်) .

နေရပ် .

အရောင်းအ၀ယ်ပြုလုပ်သည့်တိုက်ခန်း

တိုင်း ၊ မြို့နယ် ရပ်ကွက် ၊ လမ်း ၊

အမှတ် ( ) ၊ ( ) ဟုခေါ်တွင်သော အလျား ( ) ပေ ၊ အနံ ( ) ပေရှိ တိုင်ခန်းနှင့် ၄င်းတိုက်ခန်းနှင့် ပက်သက်သော အကျိုးခံစားခွင့် အရပ်ရပ် -

၁။ အထက်တွင်ဖေါ်ပြပါရောင်းသူက မိမိသာတရားဝင်ပိုင် အကျိုးခံစားခွင့်ရှိနေသည့် ဖေါ်ပြပါ တိုက်ခန်းနှင့် အကျိုးခံစားခွင့် အရပ်ရပ်ကို တန်ဖိုးငွေကျပ် / ( ကျပ် တိတိ) ဖြင့်ရောင်းချလိုကြောင်း အဆိုပြုကမ်းလှမ်းလာရာ အထက်ပါဝယ်ယူသူကလည်း ယင်းတန်ဘိုးဖြင့်ပင် ၀ယ်ယူရန် သဘောတူပါသည်။

၂။ ဤသို့သဘောတူညီကြသည့်အလျှောက် ယနေ့စာချုပ်ချုပ်ဆိုသည့်( - - ) ရက်နေ့၌ပင် အဆိုပါ တန်ဘိုးငွေကျပ် / ( ကျပ် တိတိ) ကိုတစ်လုံးတစ်ခဲတည်း အပြေအကြေ ၀ယ်ယူသူမှ ပေးချေရာ ရောင်းချသူက လက်ခံရရှိကြောင်း ၀န်ခံပါသည်။ ယင်းတိုက်ခန်းနှင့်ပက်သက်သော အကျိုးခံစားခွင့် အရပ်ရပ်၊ စာရွက်စာတမ်းတို့ကို ၀ယ်ယူသူသို့ လွှဲပြောင်းပေးအပ်ရာ ၀ယ်ယူသူမှ လက်ခံ ရရှိကြောင်းဝန်ခံပါသည်။

၃။ ဖေါ်ပြပါရောင်းချသည့် တိုက်ခန်းနှင့်ပက်သက်၍ ပေါင်နှံထားခြင်း၊ လွှဲပြောင်းထားခြင်း၊ အမွေစား အမွေခံပေးကမ်းထားခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းထားခြင်းတို့မှ ကင်းရှင်းပါကြောင်း ရောင်းချသူက တာဝန်ယူဝန်ခံကတိပြုပါသည်။ နောက်နောင် အရှုတ်အရှင်းပေါ်ပေါက်လာပါက ၀ယ်ယူသူတွင် နစ်နာဆုံးရှုံးမှုမရှိစေဘဲ၊ မိမိတို့စရိတ်ဖြင့် ပြေလည်ကင်းရှင်းသည်အထိ တာဝန်ယူဖြေရှင်း ပေးမည် ဖြစ်ကြောင်း ရောင်းသူက ၀န်ခံကတိပြုပါသည်။

ဤစာချုပ်ကို ရောင်းသူနှင့်ဝယ်ယူသူတို့မှ ကောင်းစွာဖတ်ရှုနားလည် သဘောပေါက်ကြပါသဖြင့် အောက်ပါအသိသက်သေများ ရှေ့တွင် ၀န်ခံလက်မှတ်ရေးထိုး ကတိပြုချုပ်ဆိုကြပါသည်။

ရောင်းချသူ ၀ယ်ယူသူ .

အသိသက်သေများ

၁ ။ ၂ ။ .

.

No comments:

Post a Comment