တေးရေး - မောင်မောင်ဇော်လတ်
ဘာမှ မသိတဲ့နေ့တွေ ဆေးခပ်ပြီးထားသလားဟေ့
မင်းရဲ့ စိတ်နဲ့ ငါ့ဘ၀ကြီး စီရင်ခဲ့တဲ့အခါ
မင်းအကြောင်းတွေး တစိမ့်စိမ့်လေး
ဓါးသွားထက်က ပျားရည် တရှိုက်မက်မက်ငါ
စိမ့်ကျတဲ့ ကျောက်စက်ရည်လို မော့သောက်ပစ်လိုက်ပြီး
မင်းကြောင့်ရတဲ့ ငါ့ရဲ့မျက်ရည်တွေ မသုတ်တော့ပါ
အားလုံးပဲ ကျောခိုင်းခဲ့ ပေးဆပ်တော့မယ် ငါ့ဘ၀ တစ်သက်စာ
လာ….. ကြည့်လိုက်ပါ ငါ့ ရင်ခွင်မှာ
ရင်မှာမီးတောက်ခဲ့ပြီကွယ် မင်းစိတ်နဲ့
ငါရဲ့ဘ၀တစ်ခုလုံး မင်းစိတ်ကြီးနဲ့ပဲ ငါလောင်ကျွမ်းခဲ့တာ
ဒုက္ခရောက်ရင်တောင် မင်းစိတ်နဲ့
ငါ့ရဲ့တစ်လောကလုံး မင်းစိတ်ကြီးနဲ့ပဲ ငါတည်ဆောက်ခဲ့တာ
ယုံပါ… ရင်မှာ… မမေ့ပစ်နဲ့ မမေ့ပစ်နဲ့
[ (အားလုံးသိတဲ့နောက် အားလုံးပြီးတဲ့နောက်)၄ ဟေ့…]၂
No comments:
Post a Comment