တေးရေး - ကေအေတီ
ငါနေထွက်ခဲ့ရာအရပ်က သူများတွေနဲ့လွဲ
ဘယ်သူနဲ့မှ ထပ်တူမညီလည်း မင်းကိုတူညီဆဲ
အချစ်များ နောက်ထပ် နောက်တွေ့နိုင်လည်း
ဘယ်မှာမှ မတွေ့တော့ပါ ဆုံးဖြတ်ခဲ့တယ်
ငါ့အသက်နဲ့ထပ်တူပါပဲ ငါအနှစ်သက်ဆုံးဟာ
မင်းပါးလေးပါ လူတိုင်းအတွက်တော့ ထူးနေပေမယ့်
မင်းကို ချစ်နေရတာ သိပ်မဆန်းပါ
ရာဇ၀င်များ/ရာစုများ ပြောင်းလဲသွား
မံမီများ တည်ရှိနေဆဲ မြင်တွေ့နေကျ အမြဲတမ်းရှိမယ် မလွင့်စဉ်ဘူး
ဒီချစ်ခြင်းများ ယူပါ မင်းစိတ်ချလိုက် ( မင်းလေးအတွက်ပေါ့ )
ဒီချစ်ခြင်းများ ပြောင်းလဲမသွားဘူး
ငြိမ်သက်ခြင်းနဲ့ အချစ်များ မာယာမရှိဘူး ပျောက်မသွားဘူး
ရာသီဥတုများ ဖျက်ဆီးချိန်ရောက်ရှိခဲ့တောင်
ဒီချစ်ခြင်းဟာ မဆုံးဘူး ဒီချစ်ခြင်းတွေ မဆုံးဘူး
အသက်ရှင် ချစ်ခွင့်များ ဒီအချိန်ထိ ခွင့်ပြုခဲ့တောင်
ဒီချစ်ခြင်းဟာ မဆုံးဘူး ငါ့အချစ်ခြင်းတွေ မဆုံးဘူး
ဘယ်သူနဲ့မှ ထပ်တူမညီလည်း ငါဆက်မြတ်နိုးမယ် ဘ၀စဉ် အဆက်ဆက်ပေါ့
အသစ်များ ဟောင်းသွားတော့လည်း ငါချစ်နေဦးမယ် ဒီအတိုင်းပါ
ရာစုများ ပြောင်းလဲသွား မံမီများ မပြောင်းလဲ ရှိနေဆဲ
အမြဲတမ်း ချစ်ခြင်းများ ယုံကြည်ထားလိုက်တော့
ဒီချစ်ခြင်းများ ငါ့မပြောင်းလဲတော့ဘူး
ငြိမ်သက်ခြင်းနဲ့အချစ်က မာယာမရှိဘူး ပျောက်မသွားဘူး ဒီချစ်ခြင်းများ
နောက်ဆုံး ချစ်ခြင်းများ ငြိမ်သက်ခြင်းနဲ့ အချစ်က
မာယာမရှိဘူး ပျောက်မသွားဘူး
No comments:
Post a Comment