Friday, 1 July 2011

ရင်ခုန်လိုက်တိုင်း

တေးရေး - နိုင်အောင်

Intro : Bm A G Em Gbm G G A

( D A Gb Bm G Gb Gb G A )2 G A Bm

Bm

မကြုံဖူးတဲ့ အချစ်က ချိုမြိန်လေမလားလို့ ခါးသက်ခြင်းကို စမ်းသပ်ခဲ့တယ်

နှောင်ကြိုးတွေနဲ့ မာယာတောနက်ထဲ ငါ့မနက်ခင်းတွေ မည်းမှောင်လာခဲ့

Em Gbm G A

အချစ်ရဲ့ ရလဒ်များ ကြေကွဲခြင်းတဲ့လား အသည်းနဲ့ ရင်းပြီး နားလည်လို့

Em Gbm G A

အရှုံးနဲ့ ဆုတ်ခွာခဲ့ ဇာတ်သိမ်းခဲ့ပြီပဲ နာကြည်းခဲ့ပြီ မဆုံချင်တော့ဘူး

Cho:

D A Gb Bm G Gb Gb G A

အို… ရင်ခုန်လိုက်တိုင်း နာကျင်မှုအောက် တုန်ရီချောက်ချား

D A Gb Bm G Gb Gb G A G A Bm

အို.. မေ့ပျောက်မရတော့ ဒဏ်ရာအသစ်တို့ ရင်ခုန်လိုက်တိုင်း

Bm

မေ့ပျောက်မရတော့ပါ

ငါကြောက်ရွံ့တဲ့ မင်းရဲ့လှောင်ရယ်သံများ ရုန်းမထွက်ဖို့ ပြုစားထားခဲ့

မလှပတော့ဘူး အပြုံးတွေ မီးသင့်ခဲ့ရ ကွဲလွင့်ခဲ့ပြီ ပန်းချီကား

အချစ်ဆိပ်မှိုင်းတွေကြား နွံနစ်တဲ့နေ့များ ကျောခိုင်းမေ့ပျောက်ပါရစေတော့

အရိပ်တို့လှည့်လည်ဆဲ ငါငြီးငွေ့ပြီပဲ နာကြည်းခဲ့ပြီ မဆုံချင်တော့ဘူး

အို… ရင်ခုန်လိုက်တိုင်း နာကျင်မှုအောက် ချောက်ချားသွားခဲ့

အို.. မေ့ပျောက်မရတော့

G Gb G

သွားခွင့်ပြုတော့ ချစ်သူရေ

A G Gb

ငါဟာ အတိတ်ရဲ့ကျွန် ကျိန်စာနယ်မှာ လွတ်လမ်းမရှိဘူး

G A G Gb Bm

ငါသေဆုံးခဲ့ပြီ ရင်ခုန်မှာကို အကြောက်ဆုံးပါဟေ့ မေ့ပျောက်မရတော့ပါ

Music : Bm A G Em Gbm G A Bm Bm Em Gbm G A Em Gbm G A

Repeat : ( Cho : ) Fade

No comments:

Post a Comment