Monday, 19 March 2012

Facebook က Relationship Status အကြောင်း


အခုတလော အလုပ်တွေများနေတာနဲ့ပဲ blog ထဲမှာ စာမတင်နိုင်တာကို ခွင့်လွှတ်ပေးကြပါနော်။
ဘာရယ်မဟုတ်ပါဘူး.... အခုပဲ သူငယ်ချစ်တစ်ယောက် Facebook မှာ Status ပြောင်းတာကို သတိရပြီး တင်လိုက်တာပါ...

အင်္ဂလိပ်ဝေါဟာရက ခံယူတဲ့လူအပေါ်မှာ နဲ့ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဘာသာပြန်ကြတယ် မှတ်လား...

Facebook က Relationship Status အကြောင်းကို မသိသေးသူများအတွက် တင်ပေးလိုက် ပါတယ်.... ခဏခဏ မမေးအောင်လို့ပါ.... :D

Understand there are certain difference between men and women, and have ran a series of classified case studies in order to determine what these various status mean to each gender. They are the following:

Thursday, 8 March 2012

လောင်းရိပ်မိတဲ့ပန်း

မိဘရဲ့ လောင်းရိပ်ကို တချို့လူတွေက ကြိုက်ကြတယ်။ တချို့လူတွေက မုန်းကြတယ်။ ကြိုက်တဲ့လူတွေက မိဘကိုချစ်တာလဲပါသလို၊ အပျင်းကြီးပြီး မိဘလုပ်စာ ထိုင်စားချင်တဲ့လူတွေလဲပါလို၊ တစ်ဦးထဲသော ကျန်ခဲ့သော အမေမို့၊ အဖေမို့ဆိုပြီး အကြောင်းအမျိုးမျိုးတွေပြကြတယ်။

မုန်းတဲ့လူတွေကတော့ ဘ၀ကိုတိုးတက်ချင်တဲ့စိတ်ရှိတဲ့လူ၊ လွတ်လွတ်လပ်လပ်နေချင်တဲ့လူ၊ မိဘကို အဝေးကနေ ထောက်ပံ့ချင်တဲ့လူ၊ နားညည်းတဲ့ဒဏ်၊ အိမ်ပူတဲ့ဒဏ်တွေကို မခံနိုင်တဲ့လူများက မိဘလောင်းရိပ်ကနေ ကိုယ်လွတ်ရုန်းကြတယ်။

အလတ်မရဲ့ ကိုယ်တွေ့ဘ၀လေးကိုပြောပြရမယ်ဆိုရင် အလတ်မရဲ့ ဖေဖေဟာ မိဘလောင်းရိပ်မိခံရတဲ့လူ တစ်ယောက်ဖြစ်တယ်။ အခုအချိန်ထိလဲ မိနေတုန်း၊ နောင်တရနေတုန်းပဲ။ အလတ်မ ငယ်ငယ်ထဲက အမြဲ ကြားနေကျ စကားတွေက “ငါ မိဘလောင်းရိပ်မိနေလို့ ငါဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ၊ မလုပ်ခဲ့ရတာ” “အခုဆို ငါ့သူငယ်ချင်းတွေ ရန်ကုန်မှာ အရမ်းအောင်မြင်နေတာ၊ အရမ်းချမ်းသာနေတာ၊ ငါအသုံးမကျလို့ ဒီလိုဖြစ်ရတာဆိုပြီး” ဖေဖေပြောလေ့ရှိတာတွေပါပဲ။

အလတ်မရဲ့ ဖေဖေဟာ အနုပညာကို အရမ်းဝါသနာပါသူဖြစ်တယ်။ ပန်းချီဆွဲတယ်၊ ဒီဇိုင်းထွင်တယ်၊ အိမ်က လုပ်ငန်းကြော်ငြာဆိုင်းဘုတ်တောင် ကိုယ့်ဖာသာ လုပ်တယ်၊ အားကစားတံဆိပ်ရိုက်တတ်တယ်။ ယောက်ျားဝတ် ဘလော့စ်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီတွေကို ကိုယ်တိုင်ချုပ်တတ်တယ်။ ဓါတ်ပုံကိုလဲ Professional ရိုက်တတ်တယ်။ ကိုယ်တိုင်စိုက်တဲ့ ပန်းဥယျာဉ်လေးရှိတယ်။

ဖေဖေက သူလုပ်ချင်တဲ့ အနုပညာလုပ်ငန်းကို ရန်ကုန်မှာ လုပ်ချင်တယ်။ အဖွားက ခွင့်မပြုဘူး။ ရန်ကုန်ကို အကြာကြီးဆင်းသွားရင်တောင် နေမကောင်းလို့ ပြန်လာပါဆိုပြီး ခေါ်လို့ အလုပ်တစ်ဖက်နဲ့ ပြန်ပြေးရတယ်။ အိမ်ပြန်ရောက်တော့ အကောင်းကြီး။ စိတ်ဆိုးလို့ ဆင်းသွားရင်လဲ ပြန်လိုက်ခေါ်တယ်။

ဒီလိုနဲ့ ဖေဖေလဲ အိမ်ထောင်ကျပြီးတော့ မွေးရပ်ဇာတိမှာပဲ နေဖြစ်တယ်။ အဖွားက အဝေးကြီးထွက်သွားမှာစိုးလို့ သူ့ခေါင်းရင်းက ပိုနေတဲ့ အခြမ်းကို အမွေသဘောနဲ့ရောင်းပြီး နေစေတယ်။ ဒီလိုနဲ့ ဖေဖေလဲ လောင်းရိပ်ဘ၀ကြီး ထဲက ရုန်းမထွက်နိုင်ခဲ့ဘူး။

သူကိုယ်လွတ်မရုန်းနိုင်တိုင်း သူ့ရင်ထဲက နောင်တတွေကို သားသမီးတွေကို ပြောပြောပြလေ့ရှိပြန်တယ်။ အဖွားက “ငါသေမှ နင်လုပ်ချင်ရာလုပ်” လို့ အမိန့်ထုတ်ထားတော့ ဘာလုပ်လို့ရဦးမှာလဲ။ အခုဆို ဖေဖေလဲ အသက်တွေလဲကြီးပြီမို့ တော်ရာမှာပဲ နေရတော့တာပေါ့။ အလတ်မ အနေနဲ့တော့ သင်ခန်းစာ ရသွားတာပေါ့။

အဲ့ဒီ့အချိန်ကစပြီး အလတ်မကတော့ မိဘလောင်းရိပ်ကို မုန်းတဲ့လူဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ မိဘကို မချစ်လို့တော့မဟုတ်ဘူး။ တိုးတက်ချင်တယ်၊ ထောက်ပံ့ချင်တဲ့စိတ်နဲ့ “ငါ့လှေငါထိုး ပဲခူးရောက်ရောက်” စိတ်ဓါတ်ရှိတာလဲ ပါမပေါ့လေ။

အလတ်မ လောင်းရိပ်ကို ဘယ်လောက်ကြောက်သွားသလဲဆို “ဆယ်တန်း” အောင်စာရင်းထွက်ပြီးတာနဲ့ ရန်ကုန်ကို တန်းပြေးတော့တာပဲ။ ကိုယ် ၀ါသနာပါတဲ့ ကွန်ပျူတာအကြောင်းလေ့လာရင်း ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံးကို ဒိုင်ယာရီစာအုပ်မှာ ချရေးရင်းနဲ့ အောင်မြင်မှုတွေကို ကိုယ့်ဖာသာ ဆွတ်ခူးနေခဲ့တယ်။ (အလတ်မကတော့ ဖြစ်ချင်တာတွေကို စာရင်းလုပ်ထားတယ်။ ပြီးရင် တစ်ခုပြီး တစ်ခု အောင်မြင်အောင် လုပ်တယ်။ လုပ်ပြီးတာနဲ့ အမှန်ခြစ်လေး ခြစ်ထားလိုက်တယ်။) အဲ့ဒီ့ အမှန်ခြစ်တွေကို ပြန်ကြည့်ရင်းနဲ့ပဲ ဘ၀အမောတွေကို ဖြေဖျောက်နေရတယ်။

အဓိက အလတ်မ ပြောချင်တာကတော့ ယခုခေတ် အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ လူငယ်တွေကို ကိုယ့်အားကိုယ်ကိုး စေချင်တယ်။ မိဘဘယ်လောက်ချမ်းသာ ချမ်းသာ ကိုယ့်ဘ၀တစ်သက်သာလုံးအတွက် အခိုင်အမာဆုံးနဲ့ ပွဲလယ်အတင့်ဆုံး ပညာကို ကြိုးစားပြီးသင်ယူစေချင်တယ်။ ဘယ် အသက်မွေးဝမ်းကျောင်း ပညာမဆို တစ်ချိန်ချိန်မှာ အသုံးဝင်တာကိုလဲ သိစေချင်တယ်။ ဖိနပ်ချုပ်၊ ထီးပြင်တာကအစ ဘယ်အရာမဆို တတ်ထားတော့ ထမင်းမငတ်ဘူးပေါ့။ ငယ်ငယ်တုန်းက သင်ဖူးတဲ့ ကုဋေရှစ်ဆယ်သူဋ္ဌေးသားလို ဘ၀မျိုးမရောက်ရဘူးဆိုတဲ့ စိတ်ဓါတ်မျိုးတွေလဲ ရှိစေချင်တယ်။

တချို့နိုင်ငံခြား တိုင်းပြည်တွေမှာဆို အသက် (၁၈)နှစ် ပြည့်တာနဲ့ ကိုယ့်ကိုကိုယ် လူကြီးစာရင်းသွင်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတယ်။ မိဘကို အားမကိုးတော့ဘူး ကျောင်းတက်တာကအစ ကိုယ့်စားရိတ်နဲ့ ကိုယ်တက်ကြတယ်။ ကျောင်းချိန်ပြင်ပ အချိန်ပိုင်း အလုပ်လုပ်ပြီး ၀င်ငွေရှာပြီး ပညာကို အပတ်တကုပ် လေ့လာ ဆည်းပူးကြတယ်။ အထူးသဖြင့် အနောက်နိုင်ငံကြီးတွေမှာ အများဆုံး တွေ့ရလေ့ရှိတယ်။ မြန်မာလူငယ်တွေကို ဒီလို အတုယူစေချင်တယ်။ တချို့လူငယ်တွေ အချစ်ကြောင့် ဘ၀ပျက်တာတွေကိုလဲ မြင်တွေ့နေရတော့ တကယ်တော့ အချစ်ဆို ဘ၀တစ်ခုလုံးအတွက် ပြောပလောက်အောင် အရေးမပါ ပါဘူးဆိုတာ ပညာရှိတဲ့ လူတိုင်း လက်ခံကျင့်သုံးခဲ့တယ်ဆိုတာကို သိစေချင်တယ်။ ငယ်ငယ်တုန်းကတော့ အချစ်ဟာ ကမ္ဘာမှာ အရေးအပါဆုံးလို့ ထင်ပေမဲ့ အသက်အရွယ်ရလာ ရင့်ကျက်လာတဲ့အချိန်မှာ အချစ်ဟာ အစိတ်အပိုင်း တစ်ခု လောက်ပဲအရေးပါတော့တယ်ဆိုတာ သိလာကြမှာပါ။

ဒီစာစုလေးထဲကအတိုင်း ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်ပြီး နမူနာယူစေချင်ပါသည်။

`လူမိုက်သည် အမှားကိုကိုယ်တိုင်ကျူးလွန်ပြီးမှ သိ၏၊
လူလိမ္မာသည် သူတပါးကျူးလွန်ပြီးသောအမှားကို သင်ခန်းစာယူ၏။
ပညာရှိကမူ အကြောင်းကိစ္စတို့ကို မဖြစ်ခင်ကပင်
အမှားအမှန်ခွဲခြားနိုင်၏။´


တချို့မိဘလောင်းရိပ်က ဝေးနေတဲ့ လူငယ်တွေကိုလဲ သတိပေးချင်ပါတယ်။ ငါ မိဘလောင်းရိပ်အောက်က လွတ်ပြီဆိုပြီး “ဇောင်းထဲက လွတ်တဲ့ မြင်းလို ကစုန်ပေါက်ပြီး မထွက်စေချင်ဘူး” ငါလုပ်ချင်ရာ လုပ်မယ်၊ အမေလဲ လိုက်မကြည့်နိုင်ဘူး။ အဖေလဲ လိုက်မကြည့်နိုင်ဘူးဆိုပြီး နေချင်သလိုနေ၊ စားချင်သလိုစား၊ မပေါင်းသင့်တဲ့ လူနဲ့ ပေါင်း၊ မကြိုက်သင့်နဲ့လူနဲ့ ကြိုက်ပြီး ပျက်စီးနေမယ်ဆိုရင် လောကမှာ ကိုယ့်လောက် ပညာမဲ့တဲ့လူ မရှိဘူးလို့ သတ်မှတ်သင့်ပါတယ်။ အဲ့ဒီလိုတွေ ပျက်စီးနေမယ်ဆိုရင် မိဘတွေဘယ်လောက် စိတ်ဆင်းရဲရလဲ? ကိုယ့်ဘ၀မှာကော လူတွေက အယုံအကြည် ရှိပါဦးမလား? ချစ်သူကကော အားကိုးလောက်တဲ့ ယောက်ျားအဖြစ်သတ်မှတ်နိုင်ပါ့မလား? ဆိုပြီး ကိုယ့်ဘ၀ကို ပြန်ပြီး တွေးတောဆင်ခြင်သင့် ပါတယ်။ အောင်မြင်တဲ့လူတချို့ဟာ ကိုယ့်ကိုကိုယ်ယုံကြည်ကြတယ်။

အလတ်မရဲ့ သူငယ်ချင်းတစ်ယောက်ဆို မိဘလောင်းရိပ်အောက်က အခုထိ ရုန်းမထွက်နိုင်သေးဘူး။ 2006 ခုနှစ်က သူ အင်တာနက်ဆိုင်စဖွင့်တော့ သူ့မိဘတွေက တိုက်ခန်းတစ်ခန်းရင်းပြီးတော့ ဖွင့်ပေးခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက အင်တာနက်ဆိုင်က သိပ်မပေါသေးတော့ အလုပ်အရမ်းဖြစ်တယ်။ သူရှာသမျှ ပိုက်ဆံကို သူ့အိမ်က သိမ်းတာပဲ။ သူကလဲ အသုံးကြမ်းတယ်။ အခုအချိန်မှာ အင်တာနက်ဆိုင်တွေက မှိုလိုပေါက်လာတော့ သူ့ဆိုင်လဲ အလုပ်မဖြစ်၊ ကိုယ့်ဆိုင်လဲ အလုပ်မဖြစ်ဘူး။ သူရှာတဲ့ နေ့တိုင်းဝင်ငွေကို သူ့အိမ်က သိမ်းတုန်းပဲ။ အခု သူအိမ်ထောင်ပြုတော့မယ်ဆိုတော့ သူက သူ့ကောင်မလေးဆီမှာ မင်္ဂလာဆောင်ဖို့အတွက် လတိုင်း ပိုက်ဆံစု တယ်။

တစ်နေ့ သူ့ကောင်မလေးက ဒေါသတကြီးနဲ့ရင်ဖွင့်တယ်။ သူ့ယောက္ခမလောင်းကပြောတယ်တဲ့။ သူ့သား ရှာတဲ့ ပိုက်ဆံက သူဖြုန်းတာနဲ့တင် ကုန်ပြီတဲ့။ ပိုက်ဆံစုနေတာကလဲ သူရင်းပေးထားတဲ့ပိုက်ဆံပေါ့။ အဲ့ဒီ့တော့ သူပြောချင်တဲ့ အဓိပ္ပါယ်က “နင်တို့ မင်္ဂလာဆောင်ဖို့ စုတဲ့ပိုက်ဆံက ငါ့ပိုက်ဆံဆိုတော့... ငါဆောင်ပေးတဲ့ ပွဲပေါ့” လို့ မပြောယုံတမယ်ပါပဲတဲ့။ ကောင်မလေးလဲ စဉ်းစားနေပါတယ်။ သူ့ကောင်လေးကို ဘ၀လက်တွဲဖော် အဖြစ် ရွေးသင့်/ မရွေးသင့်ကိုပေါ့။

အလတ်မတို့များ နိုင်ငံခြားမှာ (၆) နှစ် ကျွန်ခံတာ တိုက်ခန်းတစ်ခန်းရတယ်။ အဲ့ဒီ့သူငယ်ချင်း သူ့မိသားစုဆီမှာ (၆) နှစ် ကျွန်ခံတာ တပြားမှ မရတဲ့အပြင် သူ့အဖေ၊ အမေနဲ့ ညီမ၊ အစ်ကိုတွေက ကျေးဇူးတင်စကားတစ်ခွန်း မပြောတဲ့အပြင် သူရှာတာ သူဖြုန်းတာနဲ့ ကုန်တယ်လို့ ပြောရက်တယ်။ သူဖွင့်တဲ့ဆိုင်က ရတဲ့ပိုက်ဆံတွေက ဘယ်ရောက်ကုန်လဲ? ဘယ်သူ သိမ်းတာလဲ? လို့သာ မေးလိုက်ချင်တော့တယ်။ ကိုယ့်သားသမီးကို မိဘ၀တ္တရားအတိုင်း လုပ်မပေးတဲ့အပြင် သူတို့မို့ ပြောထွက်တယ်။ အံ့သြပါရဲ့ လောကကြီးရယ်....

သူငယ်ချင်းတို့လဲ အရိပ်တကာ့ အရိပ်ထဲမှာ မိဘလာင်းရိပ်က ကင်းဝေးကြပါစေလို့ ဆန္ဒပြုလျှက်
ရှင်ထွေး

Wednesday, 29 February 2012

မေတ္တာတရား၏ အခြေခံကျင့်ဝတ် (၁၅) ပါး

မေတ္တာတရားပွားများမည့် သူများသည် အခြေခံကျင့်ဝတ် (၁၅) ပါးကို လက်ကိုင်ထားကြ ရမည်ဖြစ်၏။ မေတ္တာတရားအား ပွားများရာတွင် အလွယ်နှင့်ပြုလုပ်၍ မရ။ မေတ္တာတရား မပွားများမီ မေတ္တာတရားပွားများရေးအတွက် လိုအပ်သော အခြေခံများကို ပြည့်စုံအောင် ကျင့်သုံးရမည်ဖြစ်၏။ ယင်းအခြေခံ ကျင့်ဝတ်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။

(၁) စွမ်းဆောင်နိုင်ခြင်း
မေတ္တာတရားပွားများမည့်သူသည် သီလ၊ သမာဓိ၊ ပညာ အကျင့်များကို ကျင့်ရန် စွမ်းဆောင်နိုင်သူ ဖြစ်ဖို့လို၏။ သဒ္ဓါ တရားထက်သန်ရန် လို၏။ လုံ့လ၊ ၀ီရိယပြင်းထန်၍ ဇွဲရှိမှသာ မေတ္တာပွားများနိုင်၏။

(၂) ဖြောင့်မတ်ခြင်း
မေတ္တာတရား ပွားများရန် ရိုးသားဖြောင့်မတ်ဖို့လို၏။ မရှိသော ဂုဏ်ကိုရှိဟန်ပြုသူ၊ လမ်လည်ပြောဆိုတတ်သူ၊ ကောက်ကျစ်စဉ်းလဲတတ်သူတို့သည် မေတ္တာတရားပွားများနိုင်သူများ မဟုတ်။ မေတ္တာတရား ပွားလိုပါက သာဌေယျ ခေါ် လှည့်စားမှု ကင်းရမည်။ ကာယကံနှင့် ၀စီကံ ဖြောင့်မတ်ရမည်။ သို့မဟုတ်ပါက မေတ္တာတရား ပွားများနိုင်မည် မဟုတ်ပါ။

(၃) အလွန်ဖြောင့်မတ်ခြင်း
မေတ္တာတရားပွားများလိုပါက ထိုသူသည် မိမိအပြစ်ကို ဖုံးကွယ်၍ အပြစ်ကင်းဟန်ဆောင်မှု (မာယာ) ကင်းရမည်ဖြစ်၏။ မနောကံ ဖြောင့်မတ်ရမည်ဖြစ်၏။ သူတစ်ပါးအား လိမ်လည်လှည့်ဖျားရန် စိတ်ဖြင့်ပင် မကြံစည်သူ ဖြစ်ရမည်ဖြစ်၏။ ထိုသို့သောသူမှသာ မေတ္တာတရားပွားများနိုင်ပါ၏။

(၄) ဆိုဆုံးမ လွယ်ခြင်း
မေတ္တာတရားပွားများလိုသည့် အခြေခံအားဖြင့် ဆရာသမား၊ မိဘ၊ အကြီးအကဲတို့၏ ဆုံးမမှု၊ ပြောဆိုမှုကို သိလွယ်၊ နားလည်လွယ်၊ တစ်သဝေမတိမ်း လိုက်နာလွယ်သူဖြစ်ရန် လို၏။ ရာဟုလာသည် အသက် (၇) နှစ် အရွယ် ရှင်သာမဏေဘ၀၌ပင် သဲပုံကိုပုံ၍ ထိုသဲပုံရှိ သဲလုံးအရေအတွက်နှင့်အမျှ အဆုံးအမများ ရပါစေဟု ဆုတောင်းတတ်၏။

(၅) နူးညံ့ခြင်း
မေတ္တာတရားပွားများမည့်သူသည် နူးညံ့သိမ်မွေ့သော စိတ်သဘောထားရှိရန်လို၏။ အဆင်မပြေသော စိတ်သဘောထား၊ ဖီလာကပ်ဖဲ့လုပ်သော စိတ်သဘောထားများ မရှိဘဲ ရွှေကို လိုသလို နန်းဆွဲ၍ ရသကဲ့သို့ လည်းကောင်း၊ အဖြားခတ်၍ ရသကဲ့သို့ လည်းကောင်း မေတ္တာထားသူ၏ စိတ်သည် နူးညံ့သိမ်မွေ့မှု ရှိရမည် ဖြစ်၏။

(၆) မာနအလွန် မကြီးခြင်း
မေတ္တာတရားပွားများလိုပါက အလွန်အမင်းကြီး မာနမကြီးရန် လိုအပ်၏။ ဘယ်သူ့ကိုမျှ အဖက်မတန်ဟု ယူဆကာ အလွန်အကျွံမနာကြီးမှုမျိုးကို ပယ်နိုင်ရမည်ဖြစ်၏။ ဆွေမျိုးဂုဏ်၊ ပညာဂုဏ်၊ အာဏာဂုဏ်တို့ကို အမှီပြု၍ မောက်မာစွာ ပြောဆိုမှုများ ကင်းရမည်ဖြစ်၏။ ဘ၀င်မြင့်မှု၊ မနာနထောင်လွှားမှုတို့ကို ပယ်ရမည် ဖြစ်၏။

(၇) ရောင့်ရဲလွယ်ခြင်း
မေတ္တာရှင်သည် ရောင့်ရဲလွယ်ရမည့်အပြင် တင်းတိမ်လွယ်ရမည်ဖြစ်၏။ လောဘသက္ကာရမကြီးဘဲ ရောင့်ရဲ တင်းတိမ်မှုကို အမြတ်ဆုံးအရာအဖြစ် ထားရှိနိုင်သူဖြစ်ရန်လို၏။ ရသမျှ၊ တန်သမျှနှင့် ရောင့်ရဲမှုရှိရန် လို၏။

(၈) မွေးမြူပြုစုရန် လွယ်ခြင်း
မေတ္တာတရားပွားများလိုသူသည် အစားအသောက်၊ အနေအထိုင် ဇီဇာမကြောင်ဘဲ ကျေနပ်နိုင်သူဖြစ်ရန် လို၏။

(၉) အမှုကိစ္စ နည်းခြင်း
အမှုကိစ္စပွားများခြင်း၊ အမှုကိစ္စထူပြောခြင်းတို့ မရှိဘဲ မိမိရည်မှန်းသော အမှိုကစ္စကိုသာ စူးစိုက်လုပ်ဆောင် တတ်သောစိတ် ရှိရန်လိုအပ်၏။

(၁၀) လွယ်ကူစွာ ရွှေ့ပြောင်းသွားလာနိုင်ခြင်း
အသုံးအဆောင်ပစ္စည်းများကို အလွယ်ရွေ့ပြောင်းနိုင်သူဖြစ်ရန်လို၏။ ဆန္ဒရှိပါက ငှက်ကဲ့သို့ ၀န်ထုပ်ဝန်ပိုးမရှိပဲ အလွယ်ပျံနိုင် သွားနိုင်သူဖြစ်ရန် လို၏။

(၁၁) ဣနြေ္နငြိမ်သက်ခြင်း
မေတ္တာတရားများလိုသူသည် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဟူသော ဣနြေ္နငါးပါးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရမည်ဖြစ်၏။ ဣနြေ္နနှင့် သိက္ခာကို တည်ငြိမ်စွာ စောင့်ထိန်းရမည်ဖြစ်၏။

(၁၂) ဆင်ခြင်ဉာဏ် ရင့်ကျက်ခြင်း
မေတ္တာတရားပွားများမည့် ပုဂ္ဂိုလ်သည် ကိစ္စအားလုံးကို ဆင်ခြင်တိုင်းထွာတတ်သော အသိဉာဏ်ရင့်သန်သူ ဖြစ်ရန် လိုအပ်ပါ၏။

(၁၃) ကြမ်းတမ်းရိုင်းပျမှု ကင်းရမည်
မေတ္တာတရားသည် နူးညံ့သောအရာဖြစ်၏။ မေတ္တာတရား လက်ကိုင်ထားလိုသူသည် ကြမ်းတမ်းရိုင်းပျမှု ကင်းရန်လို၏။ ကိုယ်၊ နှုတ်၊ စိတ်၊ ရိုင်းပျမှု မရှိဘဲ ယဉ်ကျေးသိမ်မွေ့ရမည်ဖြစ်၏။ ပရိတ်သတ်အလယ်တွင် ဒူးထောင်ပေါင်ကားမထိုင်ဘဲ ပိရိသေသပ်စွာ နေတတ်ရမည်ဖြစ်၏။ ယဉ်ကျေးသော အပြုအမှု အနေအထိုင် ရှိရမည်ဖြစ်၏။

(၁၄) တွယ်တာမှု ကင်းခြင်း
တစ်စုံတစ်ဦးအပေါ် တွယ်တာနေမှု၊ သံယောဇဉ် ကြီးမားနေမှုလျော့နည်းရန် လို၏။ တစ်စုံတစ်ယောက်အပေါ် တွယ်တာမှုကြီးနေပါက အများအပေါ် တွယ်တာရန် အားနည်းနေမည်ဖြစ်၏။

(၁၅) အပြစ်ကင်းစင်ရမည်
မေတ္တာရှင်သည် မည်မျှသေးငယ်သော အပြစ်ကိုမျှပင် မပြုလုပ်ဘဲ အပြစ်ကင်းစင်သူဖြစ်ရန် လိုအပ်ပါ၏။

Thursday, 23 February 2012

Without You

Without You

Mom, without you, there would be no me.
Your love, your attention, your guidance,
have made me who I am.

Without you, I would be lost,
wandering aimlessly,
without direction or purpose.

You showed me the way
to serve, to accomplish, to persevere.

Without you, there would be an empty space
I could never fill, no matter how I tried.

Instead, because of you,
I have joy, contentment, satisfaction and peace.
Thank you, mom.

I have always loved you
and I always will.

What a kiss means?



What a kiss means.. actually read the whole thing cause its nice!

  • Kiss on the Stomach = I'm ready
  • Kiss on the Forehead = I hope we're together forever
  • Kiss on the Ear = Your my everything
  • Kiss on the Cheek = We're friends
  • Kiss on the Hand = I adore you
  • Kiss on the Neck = We belong together
  • Kiss on the Shoulder = I want you
  • Kiss on the Lips = I love you
  • Kiss on the Pregnant = Our dream came true




What the gesture means...
  • Holding Hands = We definitely love each other
  • Slap on the Butt = That's mine
  • Holding on tight = I don't want to let go
  • Looking into each other's Eyes = I just plain love you
  • Playing with Hair = Tell me you love me
  • Arms around the Waist = I love you too much to let go
  • Laughing while Kissing = I am completely comfortable with you



ADVICE!
  • Don't ask for a kiss, take one.
  • If you were thinking about someone while reading this, you're definitely in Love



REQURIEMENTS
  • Post this again after reading!!


Thanks

Thursday, 16 February 2012

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

၁။ ခြေလက္ခဏာ ......................................... ၁၃ ရပ်
၂။ ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
၃။ စိတ်လက္ခဏာ .......................................... ၆ ရပ်
၎။ လက်ဖ၀ါးလက္ခဏာ ................................... ၉ ရပ်
၅။ လည်ပင်းလက္ခဏာ ................................... ၁ ရပ်
၆။ အသံလက္ခဏာ ......................................... ၃ ရပ်
၇။ မျက်နှာလက္ခဏာ ...................................... ၈ ရပ်
၈။ သွားလက္ခဏာ .......................................... ၁ ရပ်
၉။ မျက်စေ့လက္ခဏာ ..................................... ၄ ရပ်
၁၀။ ဆံပင်လက္ခဏာ ...................................... ၃ ရပ်



ကိုယ်လက္ခဏာ (၁၆) ရပ်

၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင်
၂။ လင်္ကျာရစ်လည်သောအချက်
၃။ လင်္ကျာရစ်လည်သောဗွေ
၎။ ရွှေသောအဆင်း
၅။ နက်သောချက်
၆။ ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ ကြီးမြတ်သော သားမြတ်
၉။ ဆင်ကဲ့သို့ သွားခြင်း
၁၀။ သိမ်မွေ့ သော ခါးရှိခြင်း
၁၁။ သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ ကောင်းသောကိုယ်ရှိခြင်း
၁၃။ ဖွံ့ သောပေါင်ရှိခြင်း
၁၄။ ကိုယ်မွေးနည်းခြင်း
၁၅။ လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း


စိတ်လက္ခဏာ (၆) ရပ်
၁။ ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။ စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ ချစ်ခင်နှစ်သက်ခြင်း
၅။ အရိပ်ခြေသိခြင်း
၆။ ဖြောင့်မတ်တည်ကြည်ခြင်း


လည်ပင်းလက္ခဏာ (၁) ရပ်
၁။ လည်ရေး ၃ ဆင့်ရှိခြင်း


အသံလက္ခဏာ (၃) ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။ အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ ဥသြသံနှင့်တူသောအသံရှိခြင်း



မျက်နှာလက္ခဏာ (၈) ရပ်
၁။ လပြည့်ဝန်းနှင့်တူစွာရှိခြင်း
၂။ ရှည်သောမျက်နှာရှိခြင်း
၃။ နီသောနှုတ်ခမ်းရှိခြင်း
၎။ ဖြိုးမောက်သောနှာတံရှိခြင်း
၅။ ပြည့်ဖြိုးသောပါးရှိခြင်း
၆။ မှဲ့ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။ သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ ချွန်သောနှာခေါင်းရှိခြင်း


သွားလက္ခဏာ (၁) ရပ်
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သော ချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း


မျက်စေ့လက္ခဏာ (၄) ရပ်
၁။ မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း
၂။ ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။ သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ ပဒုမ္မာကြာကဲ့ သို့  အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း


ဆံပင်လက္ခဏာ (၃) ရပ်
၁။ အဖျားကော့သော ဆံပင်ရှိခြင်း
၂။ ရှည်သော ဆံပင်ရှိခြင်း
၃။ သိမ်မွေ့ သော ဆံပင်ရှိခြင်း


ဤကားကောင်းခြင်း (၆၄) ရပ်တည်း


ကောင်းခြင်းလက္ခဏာ (၆၄) ရပ်တွင် ခြေ နှင့် လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)



ဆရာကြီး ဦးထွန်းလှရေးသားသည်ကို တဆင့်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို စမတ်ကျအောင် ဘယ်လိုနေမလဲ?



ကျွန်မတို့ နေ့စဉ်ဘ၀မှာ၊ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် နေထိုင်တတ်ဖို့ဟာ ဘ၀မှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် အလွန်အရေးပါ ပါတယ်။ နေ့စဉ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် စစတွေ့တွေ့ချင်းမှာ ၀တ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ စမတ်ကျန သပ်ရပ်မှုဟာ လူတစ်ဦး တစ်ယောက်စီရဲ့ ပင်ကိုယ်ရုပ်လက္ခဏာတွေနဲ့ သိပ်ပြီး မဆိုင်လှပါဘူး။ အဲ့ဒါထက် လူတစ်ဦးစီရဲ့ ၀တ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမူအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့သာ များစွာ သက်ဆိုင်ပါတယ်။ ကဲ… စမတ်ကျနအောင် နေထိုင်ပြုမူဖို့ ဘယ်လိုအချက်တွေကို သတိပြုရမယ်၊ ဘာတွေ ဆောင်ရွက်ကြရမယ်ဆိုတာ ကြည့်ကြရအောင်။


၁။ ၀တ်စားဆင်ယင်မှု (Dressing Style)
အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊ မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်လ်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fitting ကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။ ဥပမာ- ကိုယ်က ၀လွန်းရင် အင်္ကျီက သိပ်သေးပြီး ကြပ်နေတာမျိုး၊ ကိုယ်ကပိန်လွန်းရင် အင်္ကျီက သိပ်ကြီးပြီး ပွနေတာမျိုး မဖြစ်ပါစေနဲ့။
နောက်ပြီး ၀တ်ဆင်မယ့်အ၀တ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့်နေရာဋ္ဌာန၊ ပွဲလမ်းသဘင်နဲ့ ကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ ခေတ်ရှေ့ပြေးချင်တယ်၊ သူများထက် ထင်ပေါ်ချင်တယ်ဆိုပြီး မင်္ဂလာဆောင်လိုမျိုးကို ခေတ်လွန်သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုးနဲ့ မတက်ရောက်ဖြစ်အောင် ဂရုပြုရပါမယ်။


၂။ ပြောပုံဆိုပုံ (Communication Style)
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားပြောဆို ဆက်ဆံကြတဲ့နေရာမှာလည်း ကာလဒေသအလိုက် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရ ပါမယ်။ ကိုယ်က စကားကျယ်ကျယ်အော်ပြောလိုက်လို့ အနှောင့် အယှက်ဖြစ်မဲ့ နေရာမျိုး ဥပမာ- Library လိုမျိုးမှာဆိုရင် စကားကျယ်ကျယ် မပြောမိအောင် အထူးသတိပြုရ ပါမယ်။
နောက်တစ်ခါ စမတ်ကျလိုသူတိုင်း သတိပြုရမှာက အခေါ်အဝေါ်ပါ။ လူပေါင်းစုံ အသက်အရွယ်ပေါင်းစုံနဲ့ ဆက်ဆံဆောင်ရွက်ကြတဲ့နေရာမှာ အသက်အရွယ် အဆင့်အတန်းအလိုက် ဦးလေးတန်သည် အစ်ကိုတန်သည် ယဉ်ကျေးစွာပြောဆိုဆက်ဆံ ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုစမတ်ကျပြီး ကိုယ့်ရဲ့အဆင့်အတန်း (Life Standard) ကိုပါ မြင့်တက်စေပါတယ်။


၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ (Self Confidence)
ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ စမတ်မကျနိုင်ဘူး ဆိုတာကတော့ အသေအချာပါပဲ။


၎။ လူ့ကျင့်ဝတ်များကို လိုက်နာပါ။ (Etiquette)
လောကမှာ လိုက်နာရမယ့် ကျင့်ဝတ် (Ethic) တွေနဲ့ (Etiquette) တွေဆိုတာ ရှိပါတယ်။ Ethic ဆိုတာကတော့ ရှင်းပါတယ်။ ဆရာတစ်ယောက်က ကျောင်းစိမ်းအင်္ကျီဝတ်ပြီး အရက်၊ ဆေးလိပ်မသောက် သင့်တာမျိုးပါ။ နောက် မင်းသားမင်းသမီးတွေအနေနဲ့ ဆယ်ကျော်သက် ပရိသတ် လူငယ်လူရွယ်တွေ အတုယူ အတုခိုးမှားစေနိုင်မယ့် အပြုအမူတွေကို မလုပ်ပြသင့်တာမျိုးပါ။
(Etiquette) ဆိုတာကတော့ အက်သစ်(Ethic)လောက် မပြင်းထန်ပါဘူး။ ဥပမာ- ထမင်းစားပွဲ ၀ိုင်းမှာ ချောင်းမဆိုး သင့်တာမျိုး၊ ညစာစားပွဲမှာ လက်ဆုံစားရင် ဇွန်းသံခက်ရင်းသံ ကျယ်ကျယ်လောင်လောင် မထွက်သင့်တာမျိုးပါ။ ဒါကြောင့်မို့ English Dictionary က Etiquette ဆိုတဲ့စကားလုံးကို ‘ The Code of ethical behavior regarding professional practice or action ’ “ လူကြီးလူကောင်း ပရော်ဖက်ရှင်နယ်များ လိုက်နာရန် လူမှုစည်းမျဉ်းများ ” လို့ ဖွင့်ဆိုထားခြင်းပါ။ စမတ်ကျလိုသူတိုင်း သက်ဆိုင်ရာ လူအဖွဲ့အစည်းရဲ့ Ethic and Etiquette စည်းမျဉ်းများကို လိုက်နာကြရပါမယ်။


၅။ နားထောင်တတ်အောင် သင်ယူပါ။ (Learn for Listening)
စမတ်ကျလိုသူတွေဟာ နေရာတကာမှာ သူတို့ချည်းပဲ စကားကို လုပြောလေ့ မရှိပါဘူး။ သူတစ်ပါးပြောဆို နေတာကို စိတ်ဝင်တစား နားထောင်တတ်ခြင်းဟာလည်း စမတ်ကျခြင်းရဲ့ ၀ိသေသ လက္ခဏာတစ်ရပ်ပါ။ ကမ္ဘာကျော် စကားပြောအကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ နားအထောင်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ သင်လည်း စမတ်ကျအောင် နားထောင်ကြည့်လိုက်ပါ။


၆။ လမ်းလျှောက်ရင် မတ်မတ်လျှောက်ပါ။ (Walking Style)
စမတ်ကျတဲ့သူတွေဟာ ကုတ်ချောင်းကုတ်ချောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဘယ်တော့မှ လမ်းမလျှောက်ကြပါဘူး။ ဒါပေမယ့် စမတ်ကျကျ လမ်းလျှောက်ကြတဲ့နေရာမှာ ဆောင့်ကြွားဆောင့်ကြွား ပုံစံမျိုး ဖြစ်မနေအောင်လည်း အထူးသတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ Personality ကို ဖော်ပြနေတယ်ဆိုတာကို အမြဲ သတိရပါ။


၇။ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ။ (Personal Hygiene)
တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကလည်း စမတ်ကျဖို့အတွက် များစွာ အရေးပါပါတယ်။ ခြေသည်း လက်သည်း၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကအစ စမတ်ကျကျ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ နောက် အရေးကြီးတာက ခံတွင်းနံ့ပါ။ ဥပမာ- ကိုယ်က ကော်ဖီလိုမျိုး ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ ငုံဆေး စကားမျိုးတွေကို ဆောင်ထားသင့်ပါတယ်။


၈။ ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ။ (Kind Heart)
စမတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားတွေကိုလည်း ပိုင်ဆိုင်ကြပါတယ်။ နေ့သစ်တစ်ခု အစပြုလာတာနဲ့ တတ်နိုင်သလောက် ကိုယ်နဲ့ဆက်ဆံရမယ့်သူတွေအပေါ် ကြင်နာပါ။ မေတ္တာထားပါ။
သွားရင်းလာရင်း သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေကိုတွေ့ရင် တတ်အားသမျှ ကူညီရိုင်းပင်းပါ။ ကြင်နာတတ်တဲ့ နှလုံးသားတွေဟာ Personality နဲ့ စမတ်ကျနမှုတွေကို ဆောင်းကြဉ်းပေးနိုင်တယ်ဆိုတာ သင် တွေ့လာရပါလိမ့်မယ်။


(လင်းသိုက်ညွန့် (မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်။) http://yourlifesuccess.blog.com/2011/08/07/how-to-make-yourself-smart/