Showing posts with label အမှတ်တရလေးများ. Show all posts
Showing posts with label အမှတ်တရလေးများ. Show all posts

Monday, 12 December 2011

ဒိုင်ယာရီထဲက မမများ

“ရှင့်” ဒိုင်ယာရီထဲမှာ မှတ်ထားသော မမများအကြောင်း.....

ပထမဆုံး “ရှင့်”ရဲ့ ကျွေးမေမေ မမသီတာပါ။ “ရှင့်”ကို သမီးလေးတစ်ယောက်၊ ညီမလေး တစ်ယောက်လို ဆုံးမ သွန်သင်မှုတွေပေးတယ်။ စိတ်ကောင်းရှိတယ်။ သဘောထားပြည့်ဝတယ်၊ ဉာဏ်ရည်ထက်မြက်ပြီး အားလုံးကို ကူညီတတ်လို့ ချစ်တယ်။

မပန်ကတော့ တိကျပြီး စေ့စပ်တည်ကြည်လို့ ချစ်ရတယ်။

မသွယ်ကတော့ သွက်လက်၊ ထက်မြက်၍ လူကဲခတ်ကျွမ်းပြီး လူကြီးတွေကို ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာ ကျွမ်းလို့ အားကျတယ်။

မမအေးနိုင်ကတော့ ညီမလေးတစ်ယောက်လို ဆုံးမသွန်သင်ပြီး လိုချင်တာကို ဘယ်လိုကြိုးစားပြီး ယူရမလဲဆိုတာ သင်ပေးပြီး တည်ငြိမ်လို့ ချစ်တယ်။

မမကေခိုင်ကတော့ `ရှင့်´ အားငယ်နေချိန်မှာ အားဖြည့်ပေးပြီး အဆိုလဲကောင်းလို့ ချစ်တယ်။ ´ရှင့်´ ``ဆိုကြမယ်/ပျော်ကြမယ်´´ ပြိုင်ပွဲမ၀င်ခင် အသံနေ အသံထားလဲသင်ပြပေးတယ်။ (`ကြက်ဥ´ မီးတူးပြီး မြန်မာ့အသံကို မီးခိုးမှိုင်းတိုက်တုန်းက ၀ိုင်းညာပေးလို့ ပိုပြီးချစ်တယ်) :D

မမေကတော့ စကားပြောအေးဆေးပြီး ဘ၀ကို အေးအေးချမ်းချမ်းနေချင်သူမို့ ချစ်တယ်။

မမကြေးမုံကတော့ သမီးလေးလို့ခေါ်ပြီး အရာရာကို ဆုံးမသွန်သင်မှုတွေပေးလို့ချစ်တယ်။

မမစိုး(မေကြီး)ကတော့ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တတ်အောင် သင်ပေးတယ်။ “ရှင့်”လိုအပ်တာကိုဖြည့်ဆည်းပေးလို့ ချစ်တယ်။

မပိုကတော့ သိသင့်တာတွေများတယ်။ သိအောင်ကြိုးစားရမယ်။ ဘယ်ပညာမဆို သင်ထားတာကောင်းတယ် ဆိုပြီး ပညာကို အလေးထားတတ်အောင် သင်ပေးတယ်။ သူကိုယ်တိုင်လဲ သင်ယူတယ်။ ဗေဒင်ဟောတတ်လို့ ချစ်တယ်။

မမနီလာကတော့ သမီးသမီးနဲ့ခေါ်ပြီး ဘယ်လို နေထိုင် သွားလာသင့်တယ်ဆိုတာ သင်ပေးတယ်။ သူကအေးချမ်းလို့ချစ်တယ်။ (“ရှင့်”က လမ်းလျှောက်တာထက် ပြေးတာများလို့လေ)

မသိမ့်ကတော့ ကြိုးစားပြီး အကူအညီတောင်းရင် ပွစိပွစိနဲ့ လုပ်ပေးနေကြမို့ချစ်တယ်။

မဖြူသဲကတော့ သူကိုယ်တိုင်လဲ ပျော်ပျော်နေတတ်ပြီး အသုံးနဲ့အဖြုန်းခွဲခြားတတ်အောင် နေပြတယ်။ မောင်နှမတွေကို အရမ်းချစ်တတ်လို့ ချစ်တယ်။

မမသိဂီ င်္ကတော့ မိဘကို ဘယ်လိုဂရုစိုက်ရမယ်။ ပိုက်ဆံဘယ်လိုစုရမယ်ဆိုတာ သင်ပေးပြီး သူကိုယ်တိုင်ကလဲ အမျှော်အမြင်ကြီးလို့ ချစ်တယ်။

မနိုင်ကတော့ ဗဟုသုတကြွယ်တယ်။ စာလဲ အရမ်းဖတ်တယ်။ အရာရာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာလို့ ချစ်တယ်။

မ၀င့်ကတော့ သူဘာလုပ်လုပ် ချစ်စရာကောင်းလွန်းလို့ချစ်တယ်။

မမရွှေစင်ဝင်းနီကတော့ ဘ၀ကို ရောင့်ရဲတတ်လို့ အားကျပြီး ချစ်တယ်။

မမယဉ်မျိုးကတော့ ပါပါကြီးသမီးဖြစ်ပြီး လူကြီးတွေနဲ့ အဆင်ပြေအောင်ပြောဆိုတတ်လို့ ချစ်တယ်။

“ရှင့်” ရဲ့ ချစ်မမများအားလုံးသည် မိဘကျေးဇူးသိတတ်ကြပြီး ပညာထူးချွန်ထက်မြက်ကြပါသည်။ ဘာသာတရားလဲ ကိုင်းရှိုင်းကြပါသည်။

ချောမောလှပကြပါသည်။ ( “ရှင့်” လို ရုပ်မဆိုးပါ။ :P )

အားလုံးစိတ်ကောင်း စေတနာကောင်းများရှိပြီး “ရှင့်”ကိုလဲ ချစ်ကြလို့ သူတို့ကို သတိရပြီး ဒိုင်ယာရီမှ အမှတ်တရလေးများအား ဘလော့ပေါ်သို့ တင်လိုက်ပါသည်။

ချစ်မများ ကျန်းမာချမ်းသာကြပါစေ..

ချစ်တဲ့

“ရှင့်”

-----------------------------------------------------------------------------------------------------------------------------------------------------

ဝန်ခံချက်... အထက်ဖော်ပြပါ မမများသည် “ရှင့်” MRTV-3 တွင် လုပ်ခဲ့စဉ်တုန်းက ချစ်ရသော မမများဖြစ်ပါသည်။

ချစ်မမများကို အမြဲတန်း သတိရပြီး ကျေးဇူးအထူးတင်ရှိလျှက်ပါ။

အဲ့ဒီတုန်းက ဘ၀မျိုး ဘယ်လိုမှ ပြန်မရနိုင်တော့မှန်း သိပေမဲ့ တမ်းတလျှက်သာ...