Showing posts with label အတုယူရာဝယ်. Show all posts
Showing posts with label အတုယူရာဝယ်. Show all posts

Tuesday, 31 January 2012

အတုယူရာဝယ် (၂)

အလတ်မတို့ ရွှေမြန်မာပြည်မှာဆို ကိုးရီးယားရောဂါလို့ပြောရလောက်အောင် ကိုးရီးယားကားတွေ အင်မတန် ပေါများလွန်းပါတယ်။ အိမ်တိုင်းနီးပါး ကိုးရီးယားကားတွေ ရှိတတ်ကြပါသည်။ ကိုးရီးယားတွေ ကြည့်ရသည်မှာ ကောင်းပါသည်။ မကောင်းသည်ဟု မဆိုလိုပါ။ ကောင်းလို့လဲ MWD တို့၊ MRTV တို့က ပြသပေးနေပါသည်။ ဒါပေမဲ့ လူငယ်တွေက အဲ့ဒီ့ထဲကအတိုင်း ၀တ်ပုံ စားပုံကို အတုယူကြပြီး ဘာဖြစ်လို့များ ပညာရေး၊ စီးပွားရေးတွေ အတုမယူတတ်ကြပါလိမ့်လို့ တွေးမိပြီး ရင်နာရပြန်ပါသည်။

အတုယူမည်ဆိုလျှင်...ကိုးရီးယားနိုင်ငံရဲ့ အတော်ဆုံးကျောင်းသားများရဲ့ အဓိကဆန္ဒမှာ ဆရာဖြစ်လိုကြပါသည်။ သူတို့လူမျိုးများသည် ဆရာများအပေါ်တွင် ရိုသေလေးစားမှု အမြင့်ဆုံးဖြစ်ပါသည်။ လစာမှာလဲ အများဆုံးရပါသည်။ အိမ်ထောင်ဖတ် ရွေးချယ်မှုတွင်လဲ ထိပ်ဆုံးအဆင့်တွင် ရှိပါသည်။

ကိုးရီးယားနိုင်ငံသည် PISA တွင် သင်္ချာနှင့် စာဖတ်မှုစွမ်းရည် ပထမဆုရခဲ့ပြီး၊ သိပ္ပံဘာသာတွင်လဲ တတိယဆု ရခဲ့ကြောင်းကိုလဲ သိစေချင်ပါသည်။ ယခုကဲ့သို့ ထူးချွန်ရခြင်းမှာလဲ ကျောင်းချိန်ပြင်ပ၌ အချိန်ပေးပြီး လေ့လာကြသောကြောင့်ဖြစ်ပါသည်။ မိဘများ၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မှီ (နိုင်ငံဂုဏ်ဆောင်) သားကောင်း၊ သမီးကောင်းများဖြစ်စေလိုခြင်းဖြစ်ပြီး ယခုအခါ ဥရောပနှင့် အမေရိကန်နိုင်ငံများအထိ ပညာသင်ကြားဖို့ စေလွှတ်လျှက်ရှိပါသည်။ အဲဒါကြောင့် ကိုးရီးယားနိုင်ငံသည် သိပ္ပံနှင့် နည်းပညာတွင် ပါရမီရှင်များ ပေါ်ထွက်သည့် နိုင်ငံအဖြစ် ကျော်ကြားလှပေသည်။

တချို့ကိုးရီးယားကားများသည် အတုယူတတ်လျှင် အတုယူစရာ အင်မတန်မှကောင်းလှပါသည်။ သူတို့ပြောချင်တဲ့ Message လေးတွေကို ချပေးထားတာကိုက ပညာသားပါလှပါသည်။ သို့ပေမဲ့လည်း ရွှေမြန်မာလေးများ တလွဲဆံပင်ကောင်းကြပြန်ပါသည်။

ကိုးရီးယားကားလူမျိုးများသည် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို အင်မတန် တန်ဖိုးထားကြ ပါသည်။ ခေတ်ပေါ်ကားတွေ ရိုက်တဲ့ ဒါရိုက်တာတွေရှိသလို၊ သူတို့ရဲ့ သမိုင်းနဲ့ ရိုးရာဓလေ့ကိုလဲ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်တဲ့ ဒါရိုက်တာများစွာလဲရှိပါသည်။ (ဥပမာ - နန်းတွင်းရတနာကားမျိုး)

ရွှေမြန်မာမလေးများ ကိုးရီးယားကားတွေထဲကလို အတို၊ အပြတ်၊ ချက်ပြုတ်၊ အဟိုက်တွေ လိုက်ဝတ်ကြပါသည်။ ကိုးရီးယားသူလေးများက အသားဖြူသူကလေးတွေ များလွန်းတာကြောင့် ဘယ်လို ကြည့်ကြည့် လှနေပါသည်။ ကျွန်မတို့ မြန်မာရွှေမကလေးများမှာ လှတဲ့လူလဲ ရှိသလို၊ မလှတဲ့လူများလဲ များလှပါသည်။ သူများဝတ်တာ လိုက်ဝတ်ကြပါ။ မ၀တ်နဲ့မပြောပါဘူး။ ကိုယ်နဲ့ လိုက်လား? မလိုက်လား? ဆိုတာတော့ ကိုယ်ပိုင်ဦးနှောက်ကလေး သုံးပြီးမှ ၀တ်စေချင်ပါသည်။

ကိုးရီးယားသူလေးတွေ Video ထဲမှာ အတိုဝတ်တာက ကိုယ်ပိုင်ကား (သို့) Taxi စီးကြ၊ လမ်းလျှောက်ကြတာဆိုတော့ ဘယ်လိုမှ မျက်စိထဲမှာ အနှောက်အယှက် မဖြစ်မိပါဘူး။ ပြီးတော့ သူတို့က အတိုဝတ်တာကြာလှပြီဆိုတော့ ဘယ်လိုထိုင်ရမယ်ဆိုတာ သိပြီးသားလေ။ ကျွန်မတို့ တချို့ရွှေမြန်မာမလေးတွေ Bus ကား တိုးစီးပြီး အတိုဝတ်တာဆိုတော့ ဘယ်လိုထိုင်ရမယ်ဆိုတာလဲမသိ၊ ကိုယ့်စီးတဲ့ ကားပေါ်မှာ ဘုန်းကြီး၊ သီလရှင်၊ လူကြီးတွေကြားထဲ မထိုင်တတ်တာကို မြင်ရတာ အင်မတန်မှ အရုပ်ဆိုးလှပါသည်။

သူတို့ ခြေသလုံးလေးတွေက ရှည်ရှည်သွယ်သွယ် ဖွေးဖွေးလေးမို့ ကြည့်လို့ကောင်းသလို၊ ရွှေမြန်မာလေးများရဲ့ တချို့ ခြေသလုံးတုတ်တုတ်၊ အမာရွတ်တွေ ဗလဗွ၊ ဂုန်ညှင်းကွင်း မဲမဲလေးတွေနဲ့မို့ `ယိုသူမရှက်၊ မြင်သူမရှက်´ လှပါသည်။

ရွှေမြန်မာတို့ရဲ့ ၀တ်စားပုံမှာ လုံချည် မှ လုံချည်စကပ်၊ လုံချည်စကပ် မှ စကပ်တို၊ စကပ်တို မှ ဘောင်းဘီတို... အဆင့်သို့ တက်လှမ်းပြီး အတုယူနေကြသည်မှာ ယောက်ျားလေးများအဖို့ ကြည့်လို့ကောင်းသည်ဟု ဆိုကြပြန်သည်။

အလတ်မလဲ ငယ်ရာက ကြီးလာသူပါ။ သူတို့ကလေးတွေကို မနာလိုလို့ လိုက်ပြောနေခြင်း မဟုတ်ပါ။ ၀တ်ပါ။ ၀တ်ကြပါ။ အန္တရာယ်ကို ဖိတ်ခေါ်တဲ့ ၀တ်စားမှုမျိုးတော့ မဖြစ်စေလိုပါ။

ကျွန်မ အခုရောက်ရှိနေတဲ့နိုင်ငံမှာ ကျွန်မတို့ ရွှေမြန်မာနိုင်ငံရဲ့အိမ်ထောင်ရေးအကြောင်းပြောရသည်မှာ အလွန် ဂုဏ်ယူလှပါသည်။ ကျွန်မ ဂုဏ်ယူစွာပြောလေ့ရှိသည့် အကြောင်းများမှာ မြန်မာလူမျိုးအများစုမှာ `တစ်လင် တစ်ယား စနစ်ကိုကျင့်သုံးကြောင်း၊ လူကြီးမိဘကို ရိုသေကြောင်း၊ ဘာသာတရားကိုင်းရှိုင်းကြောင်း၊´ တို့ဖြစ်ပါသည်။ ယခုအခါ ရွှေမြန်မာအများစုမှာ ကိုးရီးယားကားထဲက အတိုင်း အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို အတုယူနေကြသည်ဟု ကြားသိရပါသဖြင့် အော့နှလုံး နာလှပါသည်။ ကျွန်မ အနေဖြင့် ကြွားထားသော စကားကိုပြန်ရုတ်သိမ်းရမလိုဖြစ်နေသည့်အတွက် အင်မတန်မှ စိတ်မကောင်းလှပါ။

မြန်မာမကလေးများမှာလဲ ရည်းစား (၄) ယောက်၊ (၅) ယောက် တပြိုင်ထဲထားပြီး အတုခိုးနေကြသည်များမှာလဲ မိဘများ၊ မောင်နှမများ၊ အစ်ကိုများအနေဖြင့် ကိုယ့်သမီး၊ ကိုယ့်ညီမ၊ ကိုယ့်အစ်မကို ကာကွယ်စောင့်ရှောက် စေလိုပါသည်။

အင်တာနက်ပေါ်တွင် မြင်တွေ့နေရသည့် မြန်မာအဆိုတော်၊ သရုပ်ဆောင်များ၏ ၀တ်စားဆင်ယဉ်ပုံမှာလဲ တစ်ခါတစ်ခါ ရီချင်စဖွယ်ကောင်းလှပါသည်။ နိုင်ငံခြား ၀တ်စားဆင်ယဉ်မှုကို အတုယူရာတွင် အမြင်လဲ ရှိဖို့ လိုအပ်လှပါသည်။ ငါ့ရှိလို့ ငါဝတ်တာ ဘာဖြစ်လဲဆိုပြီး ၀တ်ချင်လဲ ၀တ်ပါ။ သူများ ဟားချင်စရာဖြစ်အောင်တော့ မ၀တ်မိဖို့ လိုအပ်လှပါသည်။

အနောက်တိုင်း လူမျိုးများရဲ့ ၀တ်စားပုံမှာကတော့ ရာသီဥတုနဲ့ အချိန်အခါကိုလိုက်ပြီး ၀တ်ဆင်ကြပါသည်။ စပ်စုထားသမျှကို ပြောရမယ်ဆိုရင် Witter Dress, Summer Dress, Spring Dress, Evening Dress (Party Dress), Formal Dress, Wedding Dress, Classic, Casual, Swimwear (Beachwear), Nightwear (Pyjamas), Maternity & Nursing Wrap Dress, Sportwear တွေဆိုပြီး နိုင်ငံအလိုက် အခေါ်အဝေါ် အမျိုးမျိုးတွေ ရှိတတ်ပါတယ်။

Summer ရာသီမှာ Summer အ၀တ်အစားကို ၀တ်ဆင်ကြပါသည်။ Summer မှာ သူ့ရာသီချိန်မှာ ၀တ်တဲ့ အ၀တ်အစားကို မ၀တ်ပဲ အပြင်သွားမိရင် ၀ိုင်းကြည့်ပြီး အတင်းပြောတာ ခံရတတ်ပါတယ်။ အထူးသဖြင့် Summer မှာ အဖြူဝတ်တာများကြပြီး... Spring မှာ အဖြူဝတ်မိရင်လဲ လူကြည့်ခံရတတ်ပါတယ်။ ရောမရောက်တော့ ရောမလိုကျင့်ဆိုသလို အလတ်မတို့လဲ မနည်းကို ၀တ်စားဆင်ယဉ်မှုကို လိုက်ပြီး အတုယူနေရပါတယ်။

အလတ်မတို့ ရွှေရွာမှာဆို ၀တ်ချင်သလို ၀တ်ကြပါတယ်။ Sportwear ကိုလဲ ဆောင်းဝတ်ကြသလို၊ နွေရာသီ၊ မိုးရာသီလဲ ၀တ်ကြပါတယ်။ အနောက်နိုင်ငံကြီးများမှာဆိုရင်ဖြင့် Sportwear ကို အားကစားလုပ်တဲ့အချိန်နဲ့ ကိုယ်ကာယလေ့ကျင့်တဲ့အချိန်မှာပဲ ၀တ်ကြပါတယ်။ တခြားအချိန်မှာ မ၀တ်ကြပါဘူး။

နွေရာသီတွင် Slipper များ ၀တ်သလို၊ Boot (ဘွတ်ရှည်) ဖိနပ်များကိုလဲ ဆောင်းရာသီမှာပဲ ၀တ်ကြပါသည်။ ဟိဟိ တချို့ နာမည်ကြီးတဲ့သူများလို့ စင်ပေါ်မှာ မ၀တ်ပါ။

`တောင်းမှာ အကွပ်၊ လူမှာအ၀တ်´ ဆိုတဲ့ ဆိုရိုးနဲ့အညီ ၀တ်တတ်စေချင်ပါတယ်။


အတုယူရာဝယ်

ကမ္ဘာပေါ်မှာရှိတဲ့ လူသားသန်းပေါင်းမြောက်များစွာရှိသည့်အနက် အတုယူပုံ ယူနည်းများစွာရှိကြပါသည်။ အလတ်မလဲ အတုယူသင့်တယ်ထင်လျှင် ယူခဲ့ဖူး၊ ယူနေဆဲပါ။ အတုယူတိုင်းလဲ မကောင်းပါ။ ကိုယ်ပိုင်ဦးနှောက်ဖြင့် ဆင်ခြင်ပြီး ယူသင့်မှ ယူစေလိုပါသည်။

ယခုခေတ် ရွှေမြန်မာပြည်မှ ကလေးများသည် အတုယူတာ မြန်လွန်းလှပါသည်။ (၈) တန်း၊ (၉) တန်း၊ (၁၀) တန်းနဲ့ ဟိုတယ် တက်အိပ်နေကြသည်ကိုလဲ ကြားရပါသည်။ ရင်ထဲမှာ မကောင်းလှပါ။ ယောက်ျားလေးများ ကိုလဲ နှမချင်းစာနာတတ် စေလိုပါသည်။ အလတ်မကတော့ မောင်လေးကို ဒီလိုပဲ ဆုံးမပါတယ်။ `သူများ သားသမီးကို ယူနိုင်မှ အတူတူနေ၊ မယူနိုင်ရင် မနေနဲ့´လို့။

နိုင်ငံခြားကားတွေကိုကြည့်ပြီး Living together နေတာကို အတုယူသည်ဆိုလျှင် သူတို့နိုင်ငံရဲ့ တခြား အတုယူစရာများကိုလဲ ယူစေချင်ပါသည်။ အနောက်နိုင်ငံကြီးများမှ ကလေးများတွင် `ယောက်ျားနောက် လိုက်ပြေးသည်၊ မိန်းမခိုးပြေးသည်´ဟု မကြားဖူးပါ။ ကျွန်မတို့ ရွှေမြန်မာပြည်မှ ကလေးများသည် တချို့ (၉) တန်း၊ (၁၀) တန်းနဲ့ ယောက်ျားနောက်လိုက်ပြေးလို့ ပညာရေးဆုံးခန်းမတိုင်သည့် လူငယ်များစွာ ရှိကြပါသည်။ အထူးသဖြင့် နယ်မှ ကလေးများဖြစ်ပါသည်။

အသက် (၁၆)နှစ်၊ (၁၇)နှစ် နှင့် မိဘ ဘ၀သို့ရောက်ခဲ့သူများလဲ ရှိပါသည်။ ဒီအရွယ်နဲ့ မိဘဖြစ်ပြီး၊ မိဘကိုယ်တိုင်က (၁၀) တန်းမအောင်၊ ဘွဲ့မရ ဘ၀ကိုရောက်မှတော့ မွေးထားတဲ့သားသမီးကို ဘယ်လိုအခြေအနေမျိုးနဲ့ ပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြမလဲဆိုတာကို တွေးတတ်ဖို့ လိုအပ်လှပါသည်။ ကျွန်မတို့ ရွှေမြန်မာ အများစုမှာ လူလတ်တန်းစားနှင့် ဆင်းရဲသားတွေ များကြပါသည်။ ကိုယ့်ဘ၀ကို သိဖို့ အလွန်အရေးကြီးပါသည်။

Living together နေပါ။ မနေနဲ့ မပြောပါဘူး။ (ပြောလို့လဲ ရမှာမှ မဟုတ်တာ) မိဘက မရှိမဲ့ ရှိမဲ့လေး ကုတ်ကပ်စုပြီး သားသမီးတွေကို (၁၀) တန်းလေးအောင် အဝေးသင်လေး ဆက်တက်ပြီး ပညာတတ် တစ်ယောက် ဖြစ်စေချင်တာတော့ မိဘတိုင်းရဲ့ မေတ္တာနဲ့ စေတနာပါ။ လူငယ်တွေ အနေနဲ့ မိဘရဲ့မေတ္တာကို မစော်ကားဖို့တော့ အရမ်းကို အရေးကြီးပါသည်။ လူငယ်ဘ၀ရည်းစားထားတယ်။ အတူတူနေကြတယ်။ အပစ်လို့ မပြောပါဘူး။ နေပါ။ ကိုယ်လဲ ကိုယ်နေချင်သလိုနေပြီးပြီဆိုရင် မိဘကိုလဲ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒလေး အတိုင်း နေပေးကြပါ။

ရည်းစားနဲ့အတူတူနေတဲ့ ယောက်ျားလေး၊ မိန်းခလေးတိုင်းကိုလဲ သစ္စာရှိစေလိုပါသည်။ ရည်မှန်းချက်တွေလဲ ရှိစေလိုပါသည်။ ငါတို့ချစ်လို့ အတူတူနေပြီးပြီ အခုငါတို့က မိဘရှာတဲ့ပိုက်ဆံနဲ့ ကျောင်းတက်နေရတယ်။ သူတို့ရဲ့ ဆန္ဒကို ငါတို့ဖြစ်အောင် အကောင်အထည်ဖော်ပေးရမယ်။ အခု နင်နဲ့ငါ ဘ၀တစ်ခုကို အတူတူ တည်ဆောက်မယ်ဆိုရင် ငါတို့ရဲ့ မိဘတွေပဲ ငါ့တို့ရဲ့ မင်္ဂလာစားရိတ်၊ ငါတို့ရဲ့ ရှေ့ဆက်မဲ့ ဘ၀ခရီးအတွက် စိတ်ဆင်းရဲရမယ်။ ငါတို့လဲ ခဏတာပဲ ပျော်ရမယ်။ အဲ့ဒီ့တော့ နင်လဲ ကျောင်းပြီးအောင်တက် ငါလဲ ကျောင်းပြီးအောင်တက်မယ်။ (၂) ယောက်လုံးဘွဲ့ရအောင်ကြိုးစားမယ်။ ဘွဲ့ရပြီးတာနဲ့ ငါတို့အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်ဆိုပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ရည်မှန်းချက်ထားဖို့မှာ ဖြစ်သင့်သည့် ရည်ရွယ်ချက်ပါ။ ငါတို့ဘ၀သစ်တစ်ခုကို တည်ဆောက်ကြမယ်ဆိုပြီး သစ္စာရှိရှိနဲ့ တွဲတဲ့ အတွဲ ဘယ်နှစ်တွဲများတွေ့ဖူးပါသလဲ? အဲ့ဒီ့အတွဲကို ဂုဏ်ယူပါတယ်။ အဲ့ဒီ့အတွဲကမှ တကယ့် ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုတဲ့ ပညာရှိအတွဲလို့ တင်စားလိုက်ပါသည်။

အလတ်မတို့ ရွှေမြန်မာပြည်မှ ကလေးများကိုလဲ အနောက်နိုင်ငံမှာ ကလေးများလို ဖြစ်စေချင်ပါသည်။ အနောက်နိုင်ငံမှ ကလေးအများစုသည် သူတို့ရဲ့အသက် (၁၆) နှစ်ကျော်မှာ သူတို့တက်ချင်တဲ့ တက္ကသိုလ်ကို ရွေးချယ်ပြီး ဖြစ်ပါသည်။ မိဘများကလဲ တက်ချင်သည့် တက္ကသိုလ်ကို ခွင့်ပြုကြသည်။ မိဘများရဲ့ ရည်မှန်းချက်မှာ သားသမီးဖြစ်ချင်တာ လုပ်ချင်တာကို လုပ်ခွင့်ပြုမှ အောင်မြင်သည်ဟူ၍ ဖြစ်သည်။ လူတိုင်း လူတိုင်းတွင် ၀ါသနာပါသည့်အလုပ်ကို လုပ်ခွင့်ရသူများမှာ တခြားလူများထက် ပိုပြီးအောင်မြင်ကျော်ကြား ကြသည်ကို သတိပြုမိကြဖို့ မိဘများအနေဖြင့်လည်း လိုအပ်လှပါသည်။

အလတ်မ အခုနေထိုင်သည့် အနောက်ဥရောပနိုင်ငံတစ်ခုတွင်မူ ကလေးများကို အသက် (၆) နှစ်မှစ၍ အစိုးကျောင်း အပ်ခွင့်ပြုပါသည်။ ဆိုလိုသည်မှာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အချိန်ရောက်မှ ကျောင်းပညာ (အတန်းပညာ)ကို စပြီး သင်စေလိုပါသည်။ အလတ်မတို့ ရွှေမြန်မာပြည်တွင် သားသမီးများကို (၅) နှစ် တချို့ဆိုလျှင် (၅) နှစ်မပြည့်သေးတာကိုပင် လိမ်၍ ကျောင်းအပ်ကြပါသည်။ မိဘများ သတိပြုစေရန်မှာ ကိုယ့်သားသမီးကို တကယ်ပညာတတ်စေလိုလျှင် ဆန္ဒမစော စေလိုပါ။ မိဘများကိုလဲ အတုယူစေလိုပါသည်။

ဒီနိုင်ငံက ကျောင်းတိုင်းတွင် အသက် (၁၅ မှ ၁၈) နှစ်ဆိုလျှင် Sexual ဘာသာရပ်ကို သင်ယူကြရပါသည်။ အရွယ်ရောက်တဲ့ လူငယ်များအတွက် ဗဟုသုတ၊ ပညာရသည့်အတွက်ကြောင့် ရွှေမြန်မာကလေးများလို `မိန်းမခိုးပြေး၊ လင်နောက်လိုက်ပြေး´ တာ မရှိခြင်းလဲ ဖြစ်ပါသည်။ သူတို့အနေနဲ့ Living together ဆိုသည်မှာ ပညာရေးလောက် အရေးမကြီးပါ။ ကလေးများအနေဖြင့် ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ ပညာရေးသည် တတိယဖြစ်ပါသည်။ ပညာရှာရတွင်လည်း တကယ့်ကိုယ်ပိုင်အရည်အချင်းအစစ်နဲ့ သင်ယူကြပါသည်။ သူတို့စိတ်ထဲတွင်လည်း ပညာတတ်မှ လူရာဝင်မည်။ တစ်ဘ၀လုံးအတွက် ခိုင်မာမည်ဟု ခံယူထားကြပါသည်။ မိဘများမှ ခိုင်မာသည့် ဆုံးဖြတ်ချက်ချနိုင်လောက်အောင် ၀ိုင်းဝန်းပံ့ပိုးပေးကြပါသည်။

အသက် (၁၈) နှစ်ပြည့်မှ အစိုးရကျောင်းပြီးပါသည်။ အဲဒါကြောင့် သူတို့လိုချင်သည့် တက္ကသိုလ်ကို အသက် (၁၆) နှစ်တွင် ငါကတော့ ဆေးတက္ကသိုလ်တက်မှာဆိုတော့ အခုထဲက ကြိုးစားရမယ်။ ငါကတော့ အင်ဂျင်နီယာလုပ်မှာဆိုတော့ အခုထဲက အရှိန်ယူရမယ်ဆိုပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြပါသည်။ တချို့ကလေးများသည် မိမိဝါသနာပါသည့် အနုပညာကျောင်းတက်ချင်သည်ကို မိဘများမှ ခွင့်ပြုကြတာလဲ တွေ့ဖူးပါသည်။ အတန်းတင်စာမေးပွဲအပြီး (၂) လ နဲ့ (၅) လကြားတွင် တက္ကသိုလ်ဝင်ခွင့် စပြီးတင်ရပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ ယောက်ျားလေးတိုင်း စစ်ထဲ မ၀င်မနေရ ၀င်ရပါသည်။ စစ်သင်တန်း (၂) နှစ် တက်ပြီးမှ တက္ကသိုလ်တက်ခွင့်ပြုပါသည်။

ယခုခေတ် လူငယ်တိုင်း ပညာတတ်ကြပါသည်။ ပညာမတတ်တဲ့လူ အင်မတန်မှ ရှားပါး ပါသည်။ နောက်ထပ် ကျောင်းတွင် မယူမရနေရ ယူရသည်မှာ ဘာသာစကားတစ်ခုဖြစ်ပါသည်။ English လိုတော့ လူငယ်တိုင်းပြောတတ်ကြပါသည်။ သူတို့ မိခင်ဘာသာ၊ English ဘာသာနှင့် တခြားဘာသာစကား တစ်ခု အားလုံးပေါင်း (၃) ခု သင်ရပါသည်။ ဒီနိုင်ငံက ကလေးအများစုသည်လည်း Living together နေကြ ပါသည်။ သူတို့အနေနဲ့ ဤအရာသည် ပညာရေးလောက် အရေးမကြီးပါ။ သူတို့ရဲ့ ရည်မှန်းချက်လောက် အရေးမကြီးပါ။ ကျောင်းမှာထဲက ကြိုက်လာတဲ့ စုံတွဲများမှာလည်း တက္ကသိုလ်ရောက်တဲ့အထိ တွဲကြပါသည်။ တက္ကသိုလ်ချင်းမတူ နိုင်ငံခြားပြီး တက်ရတဲ့အတွဲများလဲရှိပါသည်။ သူတို့ရဲ့ ပညာရေးပန်းတိုင်ပြီးဆုံးလျှင် အမိမြေသို့ ပြန်လာကြပါသည်။

တက္ကသိုလ်ပြီးလို့ ပြန်လာတဲ့ ယောက်ျားလေးတိုင်း မိဘနှင့်အတူ မနေတော့ပါ။ တိုက်ခန်းကို Installment ၀ယ်ပြီး နေကြပါသည်။ အရင် ရည်စားဟောင်းနှင့် Living together နေပါသည်။ သူတို့ လက်ထပ်ဖို့ သင့်/မသင့် အတူတူနေပြီး စဉ်းစားဆုံးဖြတ်ကြပါသည်။ စိတ်သဘောထားခြင်း မတိုက်ဆိုင်မှ နောက်တစ်ယောက် သို့ ပြောင်းတတ်ကြပါသည်။ တစ်ယောက်ထဲကို (၂) ယောက်၊ (၃) ယောက် မထားကြပါ။

တက္ကသိုလ်ကျောင်းပြီးပြီးခြင်း ဘယ်ယောက်ျားလေးမှ မိန်းမ မယူကြပါ။ သူတို့အတွက် ပညာရေးပြီးရင် စီးပွားရေး၊ အလုပ်အကိုင်တစ်ခုရှိဖို့သာလျှင် အဓိကဖြစ်ရပြန်ပါသည်။ အလုပ်အကိုင်၊ အိမ် (တိုက်ခန်း)၊ ကားရှိပြီဆိုလျှင်တောင်မှ ယောက်ျားလေး အများစုမှာ အသက် (၃၂) နှစ် ကျော်မှ မင်္ဂလာဆောင်ကြပြီး ဘ၀တစ်ခုကို စတင်တည်ဆောက်ကြပါသည်။

ဤနိုင်ငံမှ အိမ်ထောင်ရှင်ယောက်ျားလေးအများစုမှာ အသက်ကြီးမှ အိမ်ထောင်ပြုကြရခြင်းမှာ ယောက်ျားလေး များ စစ်သင်တန်း (၂) နှစ်တက်နေသည့်အချိန်တွင် မိန်းခလေးများ တက္ကသိုလ် (၂) နှစ် ပြီးနေပြီး ဖြစ်ပါသည်။ မိန်းခလေးများမှာ ယောက်ျားလေးများထက် (၂) နှစ် စော၍ ကျောင်းပြီးသောကြောင့် ယောက်ျားလေးများ Stable ဖြစ်မှ အိမ်ထောင်ပြုသောကြောင့် ဖြစ်ပါသည်ဟု ယူဆလျှက်....