Showing posts with label ၀န်ခံချက်. Show all posts
Showing posts with label ၀န်ခံချက်. Show all posts

Monday, 30 January 2012

ဝန်ခံချက်

အလတ်မ blog ကို လာလည်ကြသော ချစ်သူငယ်ချင်းများအား ဦးစွာပထမ တောင်းပန်လိုပါသည်။ အလတ်မ Posts

ဝန်ခံချက်

အလတ်မ Blog ကို လာလည်ကြသော ချစ်သူငယ်ချင်းများအား ဦးစွာပထမ တောင်းပန်လိုပါသည်။ အလတ်မ Posts များကို နေ့တိုင်းမတင်နိုင်တာကို ခွင့်လွှတ်ပေးပါလို့။

အလတ်မ ဘယ်အရာကိုမဆို စိတ်မပါပဲ မလုပ်တတ်တဲ့အကျင့်ကြောင့် Blog ကိုနေ့တိုင်း မရေးဖြစ်ပါ။ စိတ်ပါလျှင်လည်း တနေ့ထဲ ၂ ပုဒ်လောက်ရေးဖြစ်ပါသည်။ အလတ်မ ဒီ Blog လေးကို 2007 ထဲက စပြီးဖွင့်ခဲ့ပြီး အားလပ်တဲ့အချိန်နှင့် စိတ်ပါမှရေးတတ်တာကြောင့် ဘယ်သူနဲ့မှ Link မချိတ်ခဲ့ပါ။

သူများတွေက Blogger ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသော်ငြားလည်း အလတ်မအနေဖြင့် သူများ (အိမ်) Blogs တွေ လည်လည်သွားပြီး စိတ်မပါလဲ Comments ရေး၊ စိတ်ပါလည်း Comments ရေးပြီး လာလည်တာ လူသိအောင်လဲ မပြောချင်ပါ။ နာမည်ကြီး Blogger လဲ မဖြစ်ချင်ပါ။ ရင်ထဲက ခံစားချက်တွေကို စာအဖြစ် ကောက်ရိုက်လိုက်ခြင်းသာဖြစ်ပါသည်။

အလတ်မ Blog ကို လာလည်တဲ့သူငယ်ချင်းများအတွက် အနှစ်သာရ မရခဲ့ဖူးဆိုလျှင်လည်း နားလည်ပေးကြပါလို့ တောင်းပန်အပ်ပါသည်။

အလတ်မသည် သူများ Blog ရေးလို့ လိုက်ရေးပြီး ငါတို့ Blogger တွေ သတ်သတ်ဖွင့်ထားတဲ့ အကောင့်နဲ့သုံးနေလို့ တခြားအကောင့်တောင် သိပ်မသုံးဖြစ်ဘူးလို့ ကြွားလုံးတွေနဲ့ လာလာပြောသော တချို့ တချို့သော Blogger များကိုလဲ အမြင်ကတ်လှပါသည်။ မနေ့တနေ့ကမှ Blog ရေးပြီး နာမည်မကြီး/ကြီးအောင် ကိုယ့်အလှပုံတွေ တင်ပြီး ဘလော့လူသိများအောင်လုပ်တဲ့ အလုပ်လဲ မလုပ်လိုပါ။

ဘ၀အတွေ့အကြုံများနှင့် ရင်တွင်းဖြစ်များကိုသာ ချရေးခြင်းဖြစ်ပါသောကြောင့် အမှားပါလျှင် (သို့) တစုံ တယောက်သောသူအား ရည်ညွှန်းမိလျှင်လည်း ခံစားနားလည်ပေးစေလိုပါကြောင်း ၀န်ခံလျှက် ..................

အလတ်မ (သို့) ရှင်ထွေး