Monday, 21 January 2013

ဘ၀မြင့်မားခြင်း၏ လမ်းစများ

ဘ၀မြင့်မားခြင်း၏ လမ်းစမျာ

၁။ ချွေတာခြင်းသည် ချမ်းသာခြင်း၏လမ်းစ။    

၂။ စည်းကမ်းရှိခြင်းသည် လူ့အဆင့်အတန်း မြင့်မားခြင်း၏ လမ်းစ။ 

၃။ ရိုးသားခြင်းသည် ယုံကြည်ရခြင်း၏ လမ်းစ။   

၎။ အမှန်အတိုင်းပြောတတ်ခြင်းသည် သစ္စာရှိခြင်း၏ လမ်းစ။   

၅။ ကြိုးစားခြင်းသည် တိုးတက်ခြင်း၏ လမ်းစ။ 

၆။ ဖော်ရွေခြင်းသည် လူချစ်လူခင်ပေါခြင်း၏ လမ်းစ။  

၇။ အခွင့်အရေးမယူတတ်ခြင်းသည် ခင်မင်မှု၏ လမ်းစ။

Thursday, 17 January 2013

A True Mother's Love

A True Mother's Love

A mother's love is consistent
and patient, it will never fade.

A mother's love is warm and
compassionate, even in the
shade.

A mother's love will
always help you through the
weakest hours.

A mother's love
is always like a bouquet of
flowers.

A mother's love is
strong and will never steer
you wrong.

A true mother's
love is beautiful in many ways.

A true mother's love is sincere
and it takes a mother's love to
conquer our fears.

A true mother's
love knows the depth of love.

A true mother's love is contentment,
just like God's love.

My mother's
love is absolutely all of the above.

ပဋ္ဌာန်း (၂၄)ပစ္စည်း၏ အနက်အဓိပ္ပါယ်

ကမ္ဘာကုန်သော်လည်း မကုန်နိုင်သော ပဋ္ဌာန်း (၂၄)ပစ္စည်း ဖြစ်ပါတယ်။
ဘုရားရှင်၏ ဂုဏ်တော်နှင့် ပဋ္ဌာန်း (၂၄)ပစ္စည်းတို့သည်၊ လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဆောင်လွယ်, မှတ်လွယ်, သိလွယ်ရုံမျှ၊ ပဋ္ဌာန်း (၂၄)ပစ္စည်း ဟု အကျဉ်းချုပ် ဖော်ပြထားခြင်း ဖြစ်၏။ 

ပဋ္ဌာန်း (၂၄)ပစ္စည်း သည်၊ ဘုရားကို ဆည်းကပ်ကိုးကွယ်သူတို့၏၊
ဘုရားစစ် ဘုရားမှန် ဟုတ်,မဟုတ် စစ်တမ်းထုတ် ရွေးချယ်မှုအတွက်၊ မှတ်ထင်စစ်ဆေးရန် စံနှုန်းများပင်ဖြစ်၏။ ဘုရားစစ် ဘုရားမှန် ဧကန်ဖြစ်က၊ ပဋ္ဌာန်း (၂၄)ပစ္စည်းနှင့် ပြည့်စုံရ၏။ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ အမိအဖများကိုလည်း ပဋ္ဌာန်း (၂၄)ပစ္စည်းနှင့်ကုသိုလ်ပေးဝေအပ်ပါတယ်။


ပဋ္ဌာန်း (၂၄)ပစ္စည်း ၏ အနက်အဓိပ္ပါယ်များကိုကုသိုလ်ယူကြပါ..

၁။ ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။

၃။ အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

၎။ အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။

၅။ သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကိုမျက်မှောက်ပြူရပါစေသား။

၆။ သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

၇။ အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။

၈။ နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။

၉။ ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

၁၁။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

၁၂။ အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

၁၄။ ၀ိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။

၁၆။ ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ ရပါစေသား။

၁၉။ သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (၇)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ၀ိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

၂၁။ အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ၀ိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

Sunday, 2 September 2012

နိုင်ငံခြားဆိုတာ

အခုခေတ် လူငယ်တွေ နိုင်ငံခြား၊ နိုင်ငံခြားနဲ့ ပြောပြောနေကြတယ်။ နိုင်ငံခြားဆိုတာ အမေ့အိမ်လောက် မကောင်းမှန်း မသိကြသေးလို့ သွားချင်နေကြတာပါ။ နိုင်ငံခြားဆိုတာကြီးကို “ရှင်ထွေး” ကတော့ ဒီလိုပဲ အဓိပ္ပါယ် ဖွင့်ချင်တယ်ရှင့် -

နိုင်ငံခြားမှာလေ ဒုက္ခရောက်ရင် ကူညီမဲ့လူ မရှိဘူး။ အတင်းပြောမဲ့လူတွေပဲ ရှိတယ်။

နိုင်ငံခြားမှာလေ ငွေလိုရင်လေ အလကားချေးမဲ့လူ မရှိဘူး။ အတိုး (သို့) ရလိုမှုတစ်ခုနဲ့ ချေးတဲ့လူပဲ ရှိတယ်။

နိုင်ငံခြားမှာလေ မလုပ်ချင်တဲ့အလုပ်ကို ပိုက်ဆံမျက်နှာ တစ်ခုပဲကြည့်ပြီး လုပ်နေရတဲ့ လူတွေပဲရှိတယ်။
နိုင်ငံခြားမှာလေ ငပိရည်နဲ့ တို့စရာ အစုံအလင်မရှိဘူး။ ပေါင်မုန့်နဲ့ခေါက်ဆွဲပဲရှိတယ်။

နိုင်ငံခြားမှာလေ နေမကောင်းဖြစ်ရင် ဆေးရုံလာစောင့်ပေးမဲ့လူ မရှိဘူး။ ဖုန်းလေးနဲ့ နေကောင်လားလို့ ၀တ်ကျေတန်းကျေ မေးတဲ့လူပဲရှိတယ်။

နိုင်ငံခြားမှာလေ မိတ်ဆွေ သူငယ်ချင်းကောင်း မရှိဘူး။ ကိုယ်နဲ့ခင်တဲ့ လူတွေကပဲ ကိုယ့်မကောင်းကြောင်း အများဆုံး ပြောတဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ တွေ့ရင်တော့ လွမ်းအောင်ချွဲပြီး နောက်ကွယ်ကျရင် မေ့တဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ ပါဆယ်ထည့်ချင်တာတို့ မြန်မာပြည်က ပေးချင်တာတို့ကို လိုလိုလားလား သယ်မဲ့လူ မရှိဘူး။ မပါလာရင် ရန်တွေ့မဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ တစ်ခါ ကူညီပြီးရင် ကိုယ့်ဆီက အခါတစ်ရာလောက် အခွင့်အရေး ပြန်ယူမဲ့လူတွေပဲ ရှိတယ်။

နိုင်ငံခြားမှာလေ တစ်ကျပ်ဖိုး ချမ်းသာရင် တစ်တစ်ထောင်ဖိုးလောက် ရှိသယောင် အကြွားထူတွေပဲ ရှိတယ်။
နိုင်ငံခြားမှာလေ တကယ်ချစ်တဲ့လူကို ရှာဖို့ ခက်ပေမဲ့ Online မှာတော့ QQ တွေကို “ချစ်တယ်” “ချစ်တယ်” လို့ ပြောတဲ့လူတွေပဲ ရှိတယ်။

နိုင်ငံခြားမှာလေ ပြဿနာတစ်ခုကို တိုက်ရိုက် မျက်နှာချင်းဆိုင် ဖြေရှင်းမဲ့အစား ဖုန်းရှောင်တာတို့၊ ပတ်ပြေးတာတို့ လုပ်တဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်က ပေးစရာရှိရင် တပြားမှ မပေးချင်ပဲ။ ကိုယ်က ရမယ်ဆို အသေယူ၊ အသေစားတတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ လူတွေရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်လိုမျိုးနဲ့ ကိုယ်ရာမှာ ကိုယ်လုပ်ချင်ကို လုပ်တဲ့ လူတွေပဲရှိတယ်။

နိုင်ငံခြားမှာလေ မိသားကို လွမ်းသော်လည်း မပြည့်စုံသေးတဲ့ ဘ၀မို့ အောင့်အီးသီးခံပြီး နေနေရတဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ ငါရှာတဲ့ ပိုက်ဆံ၊ ငါကြိုက်သလို သုံးမယ်ဆိုပြီး “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” တွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ သူများ အဆင်ပြေတာ မပြောတာ ငါ့အလုပ်မဟုတ် ငါ ပိုက်ဆံရရင်ပြီးရောဆိုပြီး ပိုက်ဆံမျက်နှာတစ်ခုထဲကြည့်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မစားရက်၊ မသောက်ရက်၊ မ၀တ်ရက်နဲ့ ။ “ကိုယ့်ဝမ်းကိုယ် မသဒ္ဓါ”တဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ Gtalk, Facebook သုံးတတ်တာကို ကွန်ပျူတာကို ကိုယ့်ကိုကိုယ် သိလှပြီ၊ တတ်လှပြီးဆိုပြီး ပညာရှင်စတိုင်နဲ့ ဂိုက်ပေးကြမ်းတဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ လူမျိုးခြားမရှောင် ကိုယ့်အမျိုးကိုဖျက်တဲ့ သံချေးတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်အဆင်ပြေဖို့တစ်ခုအတွက် ဘာမဆို ပေးရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိစ္စတစ်ခုကို မဆုံးနိုင်အောင် ဖွတဲ့လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်စိတ်နဲ့ နှိုင်းပြီး (ကိုယ့်စိတ်နဲ့ နှိုင်း ရိုင်း) ပြောတတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ သူ့အလုပ်မှာ ဘယ်လိုနေရတယ်။ ငါကိုလဲ သူ့လိုပဲ ထားသင့်တယ်ဆိုပြီး။ Boss ကို Complain တက်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ တနင်္ဂနွေနားရက်တောင် မနားနိုင်၊ အလုပ်သမား အခွင့်အရေးဆိုတာကို နားမလည်ပဲ Boss မျက်နှာတခုပဲကြည့်ပြီး အောက်ကျို့နေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်ရတဲ့ လစာနဲ့ မမျှအောင် ရည်စားကို ဖုန်းခေါ်ခေါ်နေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အမိမြေက မိသားစု အဆင်ပြေဖို့ တခုထဲနဲ့ ဘ၀တခုလုံး ဆုံးရှုံးတာကိုတောင် အဆင်ပြေအောင် ပိုက်ဆံရှာနေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အလုပ်တခုရဖို့ အိမ်တကာက စာတိုက်ပုံးထဲမှာ အလုပ်ရှိရင် ခေါ်ပါလို့ စာလိုက်ထည့်ရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အအိပ်ဆင်းရဲနဲ့ ပေးလာခဲ့ရတဲ့ အေးဂျင့်ဖိုး ပြန်ရအောင် ရှာပြီး မပြန်နိုင်ကြသေးတဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ လမ်းမှာ လွှင့်ပစ်ထားသမျှ ပစ္စည်းအကုန်ကောက်ပြီး အမိမြေကို ပြန်ပို့တဲ့ လူတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်အလှည့်ကျရင် တပြားဖိုးမှ အတင်းစီးမခံတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ အသက်ကြီးပြီး အချိန်မစီးတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ဘ၀ကို ဖြစ်သလိုရုန်းကန်ပြီး ပြန်ချင်ပါသော်လည်း လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်လို့ မျက်ရည်ကျိတ်ကျနေရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်ဘာသာလဲ မ၀င်/၀င်လာအောင် လှုံဆော်တတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ သူများပြောသမျှ အကုန်နားထောင်ပြီး အိမ်ရောက်မှ ဖုန်းတလုံးနဲ့ အတင်းလိုက် အုပ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ရွာက အကျင့်မဖျောက်သေးပဲ အော်ကျယ် အော်ကျယ်နဲ့ (၇) အိမ်ကြား၊ (၈) အိမ်ကြား အော်အော်ပြောတတ်တဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ သားကြီး၊ မယားကြီးရှိပါသော်လည်း သူများသားပျို သမီးပျိုကို ဖျက်ဆီးတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ၄ နှစ်၊ ၅ နှစ်လောက် လူပျိုပါလို့ပြောပြီး ပြန်ခါနီးမှ အိမ်ထောင်သည်ဆိုတာကို သိကြရတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ယောက်ျားလေးတန်မဲ့ ချုစားတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မိန်းခလေးက အမေ ခေါ်ရလောက်အောင် မိန်းမဆန်တဲ့ ယောက်ျားတွေလဲ ရှိတယ်။

နိုင်ငံခြားမှာလေ “မိန်းမရှိခိုး၊ သွားမကျိုး” ဂါထာကို အလွတ်ကျက်ထားတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ဟင်းရွက် တစီးကို (၂) ခါ ခွဲပြီး ကြော်စားတတ်တဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ့်ကိုပစ်သွားတဲ့ မိန်းခလေးကို၊ ကိုယ်ကပဲ စွန့်ပစ်လိုက်တဲ့ ပုံစံဖမ်းပြီး ပြောတဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ယောက်ျားခြင်းမရှောင် အတူတူနေတဲ့ လူတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ ကိုယ်အဆင်ပြေရင်ပြီးရော မိန်းမတောထဲ နေရဲတဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မိန်းမယူထားပြီး မိန်းမကို ရေတောင်မသဒ္ဓါတဲ့ ယောက်ျားတွေလဲရှိတယ်။

နိုင်ငံခြားမှာလေ မြန်မာပြည်က မိန်းမ၊ ရည်းစားကိုမေ့ထားလိုက်ပြီး အနေနီးစပ်ပြီး သာယာ သွားတတ်တဲ့ ယောက်ျားတွေလဲ ရှိတယ်။

---------------------------------------------------------------------------------------------

မကောင်းတဲ့ ဘက်မှ ရေးထားတာဖြစ်ပါသော်ငြားလည်း တကယ်ကြုံတွေ့နေရသည်များကို ချရေးခြင်း ဖြစ်သည့်အတွက် အမှားပါရင် ခွင့်လွှတ်ပါလို့............

Saturday, 25 August 2012

ဒီစာသားတွေထဲက တစ်ခုလောက် သင့်ရဲ့ ရင်ဘတ်ထဲ စွဲသွားရင် ပျော်ပါပြီ……..


A man should not sleep on silk till he has walked on sand.
သဲလမ်းပေါ်မလျှောက်ဖူးသရွှေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။



Rich miser is poorer than a poorer than a poor man.
ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။



Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏ စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။



When you shoot the arrow of truth, just dip its point in honey.
အမှန်တရားတည်းဟူသောမြှားတံကို ပစ်သောအခါ မြားထိပ်ကို ပျားရည်ထဲဦးစွာနှစ်ပါ။



A man isn’t poor if he can still laugh.
လူတစ်ဦးသည်ရယ်မောနိုင်သရွေ့ မဆင်းရဲသေးပါ။



Success comes in Cans; not in cant’s.
အောင်မြင်မူသည် လုပ်နိုင်သူများအတွက် သာဖြစ်သည်။ မလုပ်နိုင်သူများအတွက် မဟုတ်။



No burden is too heavy if it is carried with love.
မေတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့် ၀န်ထုပ်ဝန်ပိုးမျှ မလေးလံပါ။



Don’t be afraid of moving slowly; be afraid of standing still.
နှေးနှေးကွေးကွေး ရွေ့လျားခြင်းကိုမစိုးရိမ်ပါနှင့်။ မရွေ့မလျားဘဲနေခြင်းကို စိုးရိမ်ပါ။



You don’t know where you are going if you are always looking back.
သင်သည်နေက်သို့ တစ်ချိန်လုံးပြန်လှည့်ကြည့်နေလျှင် သင်သွားနေသည့် ခရီးကို မသိနိုင်ပါ။



Happiness is found along the way; not at the end of the journey.
ပျော်ရွှင်ခြင်းကို လမ်းခရီးတစ်လျှောက်တွင် တွေ့ရသည်။ ခရီးဆုံးတွင်တွေ့ရသည်မဟုတ်။



We can only appreciate the miracle of sunrise if we have waited in darkness.
ကျွန်ုပ်တို့သည် အာရုဏ်ဦးနေထွက်ခြင်း၏ အံ့ဖွယ်ကို အမှောင်ထဲစောင့်ဆိုင်းခဲ့မှသာ ခံစားနိုင်သည်။



Even if you’re on the right track, you’ll get run over if you just sit there.
သင်လမ်းမှန်နေလျှင်ပင်ဖြစ်စေ ထိုနေရာတွင်သာ ထိုင်နေပါက ကားတက်ကြိတ်ခြင်းခံရလိမ့်မည်။



He who does not hope to win, has already lost.
အောင်မြင်ရန်မျှော်လင့်ထားခြင်း မရှိသောသူသည် ရှုံးနိမ့်နှင့်ပြီးဖြစ်သည်။



You can give without loving, but you cannot love without giving.
သင်သည် မေတ္တာမထားပဲ ပေးကမ်းနိုင်သည်။ သို့သော် မပေးကမ်းဘဲ မေတ္တာမထားနိုင်။



No one knows the weight of another’s burden.
သူတစ်ပါး၏ ၀န်ထုပ်ဝန်ပိုးအလေးကို မည်သူမျှ မသိရှိပါ။



The time of failure is the best time for sowing the seeds of success.
ကျရှုံးသောအချိန်သည် အောင်မြင်မှုမျိုးစေ့ စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သည်။



Wear smile and have friends; wear a frown and have wrinkles.
ပြုံးရယ်ခြင်းဖြင့် မိတ်ဆွေ ပွားပါ။ မျက်မှောင်ကျုံ့ခြင်းဖြင့် ပါးရေးတွန့်ရာများ ပွားပါ။



A CANDLE, BY CONSUMING ITSELF, GIVES LIGHT TO OTHERS.
ဖယောင်းတိုင်သည် မိမိကိုယ်မိမိ လောင်ကျွမ်းခြင်းဖြင့် အခြားသူတို့အား အလင်းရောင်ပေးသည်။

တန်းဖိုးရှိသော စကားများ


အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌ တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။  
                                                                                                    (ဘင်ဂျမင်ဒစ်ဆရေလီ)

 
 
အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
                                                                                                    (အယ်ဘတ်အိုက်စတိုင်း)



လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့် အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓါတ်ကျခြင်း မဖြစ်ပါနှင့်။ 
                                                                                                    (ဟင်းရစ်အစ်ဆန်)



 ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
                                                                                                    (အီစွတ်)



သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများ ဖြစ်တယ်
                                                                                                    (ဆမ်းမာဆက်မော)



ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဉာဏ်ဟာ လုံခြုံမှု အရှိဆုံးဖြစ်တယ်။
                                                                                                    (လိုင်ဗွီ)



စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ 
                                                                                                    (ဆာဖရန်စစ်ဘေကွန်)



 မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
                                                                                                    (နီကီတာခရုရှက်)



တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
                                                                                                    (လူခရီးတပ်စ်)


 
သူငယ်ချင်းဆိုသည်မှာ ၎င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
                                                                                                    (ရပ်ဝယ်ဒိုအီမာဆန်)



ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံး ၀င်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။  
                                                                                                    (ဂျော့ဖရီချော်ဆာ)



ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။
                                                                                                    (အဲဖရက်တင်နီဆင်)




အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။
                                                                                                    (ဘလက်စတုံး)


သန္နိဋ္ဌာန်ချရာ၌ နှေးပါ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ 
                                                                                                    (ဂျွန်ဒရိုင်းဒန်)



 ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။
                                                                                                     (ဘားနဒ်ရှော)



သာယာချမ်းမြေ့သောအိမ်ထောင်ရေးဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသော လင်ယောက်ျားတို့ ရဲ့ အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။
                                                                                                     (ဂျွန်မီတန်)



ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သော လူသာလျှင် အတော်ဆုံး လူဖြစ်တယ်။
                                                                                                     (ဟင်းရစ်အစ်ဆန်)



သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
                                                                                                     (ပလူးတက်)



 သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။ 
                                                                                                     (ချားဒါဝင်)


အနည်းငယ်သုံးစွဲခြင်းကို သတိပြုပါ။
အလွန်သေးငယ်တဲ့ အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။    
                                                                                                    (ဘင်ဂျမင်ဖရင်ကလင်း)




လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။ 
                                                                                                    (စီဆာရို)



ခင်ဗျားရဲ့ သဘောတူညီမှု မပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။ 
                                                                                                    (အယ်လင်နွာရုစဗဲ့)



ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလို ပို၍ကြောက်စရာလည်းကောင်းတယ်။
အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။
                                                                                                    (အလက်ဇန်းဒါးပုတ်)
  

အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော် မလုပ်တတ်ဘဲလုပ်ခြင်း သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။ 
                                                                                                    (ပလူးတက်)



စရိုက်၌လည်းကောင်း၊ အပြုအမှုများ၌လည်းကောင်း၊ ဟန်၌လည်းကောင်း၊ အရာအားလုံး၌လည်းကောင်း  အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
                                                                                                    (လောင်ဖဲလ်လိုး)



ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌ စိတ်မှာ တင်းကျပ်နေတတ်သည်။ 
                                                                                                    (ဗစ်တာဟူဂို)



ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
                                                                                                   (ဂျေ ၊ ဂျေ ၊ ရူးဆိုး)



ပညာရှိများနှင့် တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာ စာအုပ်တစ်ရာ ဖတ်သည်ထက် အကျိုးများ၏။ 
                                                                                                    (သိုးဆောင်းစကားပုံ)



အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။ 
                                                                                                    (အဂ္ဂါး)


သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။
                                                                                                    (အင်္ဂလိပ်စကားပုံ)



စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ ရှာနေတတ် ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကား တစ်ခွန်း ပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။
                                                                                                    (ဒီဖိုမင်း)



စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။
အစွမ်းအစ တုံးခြင်း နှင့် အသိဉာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။
                                                                                                  (ဒေါက်တာဝီလျံအိုစလာ)

သင် စိတ်ဓါတ်ကျနေလား????

တိတ်ဆိတ်ခြင်းကို ရွေးပါ
    တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာမလိုဘူးလို့ သင်ထင်တယ်။
    တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်း နည်းဖစ်လိမ့်မယ်။


တည်ငြိမ်ခြင်းကို ရွေးပါ
   လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ် လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူက မှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည် ငြိမ်ငြိမ်နဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။


အတိတ်ထဲမှာ တဝဲမလည်ပါနဲ့
    လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိ လမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။ နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊ အိမ်ထောင်ပြု /မပြု၊ ကလေးယူ /မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခု လုံးကို သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ သည်းမခံနိုင်ဆုံးအရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။
      "တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး"လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်း မှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။


ရိုးရှင်းတာကို လက်ကိုင်ထားပါ
      စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့် အတိတ်ကို သင်တမ်းတနေတတ်တယ်။ ဒါမှမဟုတ် အနာဂတ် အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကို ပစ္စုပန်နဲ့အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေတယ်။
      ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။ ဥပမာ-- ရာသီဥတုအပြောင်းအလွဲကို အရေပြားနဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။ မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။
      ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။


ခံစားချက်ကို အလဟသမဖြုန်းနဲ့
      သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး?
လူတွေနဲ့လည်း သင်ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင်ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ သင်ဒေါသ ထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိ တတ်တယ်။ သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ဖြစ်တယ်။
  ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှုဖြစ် တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် "ခံစားချက်ကို အလဟသမဖြုန်းနဲ့" လို့ ညင်ညင်သာသာ သတိပေးပါ။


အချိန်ကောင်းကို ဖမ်းဆုပ်ပါ။
      သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှ အဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာ ခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
     အရသာရှိပြီး လှပတဲ့ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ သင်ထည့်ထားမိတယ် ဆိုပါစို့။ ကာလကြာမှ ကိတ်မုန့်စားဖို့ သင်သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထား မိလိမ့်မယ်။
   နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာ မလုပ်လိုက်ရတဲ့ အလုပ် ... ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။


ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။
     လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။ တကယ်လို့  လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့ အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိမ့်မယ်။
      သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။