Wednesday 29 February 2012

မေတ္တာတရား၏ အခြေခံကျင့်ဝတ် (၁၅) ပါး

မေတ္တာတရားပွားများမည့် သူများသည် အခြေခံကျင့်ဝတ် (၁၅) ပါးကို လက်ကိုင်ထားကြ ရမည်ဖြစ်၏။ မေတ္တာတရားအား ပွားများရာတွင် အလွယ်နှင့်ပြုလုပ်၍ မရ။ မေတ္တာတရား မပွားများမီ မေတ္တာတရားပွားများရေးအတွက် လိုအပ်သော အခြေခံများကို ပြည့်စုံအောင် ကျင့်သုံးရမည်ဖြစ်၏။ ယင်းအခြေခံ ကျင့်ဝတ်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။

(၁) စွမ်းဆောင်နိုင်ခြင်း
မေတ္တာတရားပွားများမည့်သူသည် သီလ၊ သမာဓိ၊ ပညာ အကျင့်များကို ကျင့်ရန် စွမ်းဆောင်နိုင်သူ ဖြစ်ဖို့လို၏။ သဒ္ဓါ တရားထက်သန်ရန် လို၏။ လုံ့လ၊ ၀ီရိယပြင်းထန်၍ ဇွဲရှိမှသာ မေတ္တာပွားများနိုင်၏။

(၂) ဖြောင့်မတ်ခြင်း
မေတ္တာတရား ပွားများရန် ရိုးသားဖြောင့်မတ်ဖို့လို၏။ မရှိသော ဂုဏ်ကိုရှိဟန်ပြုသူ၊ လမ်လည်ပြောဆိုတတ်သူ၊ ကောက်ကျစ်စဉ်းလဲတတ်သူတို့သည် မေတ္တာတရားပွားများနိုင်သူများ မဟုတ်။ မေတ္တာတရား ပွားလိုပါက သာဌေယျ ခေါ် လှည့်စားမှု ကင်းရမည်။ ကာယကံနှင့် ၀စီကံ ဖြောင့်မတ်ရမည်။ သို့မဟုတ်ပါက မေတ္တာတရား ပွားများနိုင်မည် မဟုတ်ပါ။

(၃) အလွန်ဖြောင့်မတ်ခြင်း
မေတ္တာတရားပွားများလိုပါက ထိုသူသည် မိမိအပြစ်ကို ဖုံးကွယ်၍ အပြစ်ကင်းဟန်ဆောင်မှု (မာယာ) ကင်းရမည်ဖြစ်၏။ မနောကံ ဖြောင့်မတ်ရမည်ဖြစ်၏။ သူတစ်ပါးအား လိမ်လည်လှည့်ဖျားရန် စိတ်ဖြင့်ပင် မကြံစည်သူ ဖြစ်ရမည်ဖြစ်၏။ ထိုသို့သောသူမှသာ မေတ္တာတရားပွားများနိုင်ပါ၏။

(၄) ဆိုဆုံးမ လွယ်ခြင်း
မေတ္တာတရားပွားများလိုသည့် အခြေခံအားဖြင့် ဆရာသမား၊ မိဘ၊ အကြီးအကဲတို့၏ ဆုံးမမှု၊ ပြောဆိုမှုကို သိလွယ်၊ နားလည်လွယ်၊ တစ်သဝေမတိမ်း လိုက်နာလွယ်သူဖြစ်ရန် လို၏။ ရာဟုလာသည် အသက် (၇) နှစ် အရွယ် ရှင်သာမဏေဘ၀၌ပင် သဲပုံကိုပုံ၍ ထိုသဲပုံရှိ သဲလုံးအရေအတွက်နှင့်အမျှ အဆုံးအမများ ရပါစေဟု ဆုတောင်းတတ်၏။

(၅) နူးညံ့ခြင်း
မေတ္တာတရားပွားများမည့်သူသည် နူးညံ့သိမ်မွေ့သော စိတ်သဘောထားရှိရန်လို၏။ အဆင်မပြေသော စိတ်သဘောထား၊ ဖီလာကပ်ဖဲ့လုပ်သော စိတ်သဘောထားများ မရှိဘဲ ရွှေကို လိုသလို နန်းဆွဲ၍ ရသကဲ့သို့ လည်းကောင်း၊ အဖြားခတ်၍ ရသကဲ့သို့ လည်းကောင်း မေတ္တာထားသူ၏ စိတ်သည် နူးညံ့သိမ်မွေ့မှု ရှိရမည် ဖြစ်၏။

(၆) မာနအလွန် မကြီးခြင်း
မေတ္တာတရားပွားများလိုပါက အလွန်အမင်းကြီး မာနမကြီးရန် လိုအပ်၏။ ဘယ်သူ့ကိုမျှ အဖက်မတန်ဟု ယူဆကာ အလွန်အကျွံမနာကြီးမှုမျိုးကို ပယ်နိုင်ရမည်ဖြစ်၏။ ဆွေမျိုးဂုဏ်၊ ပညာဂုဏ်၊ အာဏာဂုဏ်တို့ကို အမှီပြု၍ မောက်မာစွာ ပြောဆိုမှုများ ကင်းရမည်ဖြစ်၏။ ဘ၀င်မြင့်မှု၊ မနာနထောင်လွှားမှုတို့ကို ပယ်ရမည် ဖြစ်၏။

(၇) ရောင့်ရဲလွယ်ခြင်း
မေတ္တာရှင်သည် ရောင့်ရဲလွယ်ရမည့်အပြင် တင်းတိမ်လွယ်ရမည်ဖြစ်၏။ လောဘသက္ကာရမကြီးဘဲ ရောင့်ရဲ တင်းတိမ်မှုကို အမြတ်ဆုံးအရာအဖြစ် ထားရှိနိုင်သူဖြစ်ရန်လို၏။ ရသမျှ၊ တန်သမျှနှင့် ရောင့်ရဲမှုရှိရန် လို၏။

(၈) မွေးမြူပြုစုရန် လွယ်ခြင်း
မေတ္တာတရားပွားများလိုသူသည် အစားအသောက်၊ အနေအထိုင် ဇီဇာမကြောင်ဘဲ ကျေနပ်နိုင်သူဖြစ်ရန် လို၏။

(၉) အမှုကိစ္စ နည်းခြင်း
အမှုကိစ္စပွားများခြင်း၊ အမှုကိစ္စထူပြောခြင်းတို့ မရှိဘဲ မိမိရည်မှန်းသော အမှိုကစ္စကိုသာ စူးစိုက်လုပ်ဆောင် တတ်သောစိတ် ရှိရန်လိုအပ်၏။

(၁၀) လွယ်ကူစွာ ရွှေ့ပြောင်းသွားလာနိုင်ခြင်း
အသုံးအဆောင်ပစ္စည်းများကို အလွယ်ရွေ့ပြောင်းနိုင်သူဖြစ်ရန်လို၏။ ဆန္ဒရှိပါက ငှက်ကဲ့သို့ ၀န်ထုပ်ဝန်ပိုးမရှိပဲ အလွယ်ပျံနိုင် သွားနိုင်သူဖြစ်ရန် လို၏။

(၁၁) ဣနြေ္နငြိမ်သက်ခြင်း
မေတ္တာတရားများလိုသူသည် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဟူသော ဣနြေ္နငါးပါးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရမည်ဖြစ်၏။ ဣနြေ္နနှင့် သိက္ခာကို တည်ငြိမ်စွာ စောင့်ထိန်းရမည်ဖြစ်၏။

(၁၂) ဆင်ခြင်ဉာဏ် ရင့်ကျက်ခြင်း
မေတ္တာတရားပွားများမည့် ပုဂ္ဂိုလ်သည် ကိစ္စအားလုံးကို ဆင်ခြင်တိုင်းထွာတတ်သော အသိဉာဏ်ရင့်သန်သူ ဖြစ်ရန် လိုအပ်ပါ၏။

(၁၃) ကြမ်းတမ်းရိုင်းပျမှု ကင်းရမည်
မေတ္တာတရားသည် နူးညံ့သောအရာဖြစ်၏။ မေတ္တာတရား လက်ကိုင်ထားလိုသူသည် ကြမ်းတမ်းရိုင်းပျမှု ကင်းရန်လို၏။ ကိုယ်၊ နှုတ်၊ စိတ်၊ ရိုင်းပျမှု မရှိဘဲ ယဉ်ကျေးသိမ်မွေ့ရမည်ဖြစ်၏။ ပရိတ်သတ်အလယ်တွင် ဒူးထောင်ပေါင်ကားမထိုင်ဘဲ ပိရိသေသပ်စွာ နေတတ်ရမည်ဖြစ်၏။ ယဉ်ကျေးသော အပြုအမှု အနေအထိုင် ရှိရမည်ဖြစ်၏။

(၁၄) တွယ်တာမှု ကင်းခြင်း
တစ်စုံတစ်ဦးအပေါ် တွယ်တာနေမှု၊ သံယောဇဉ် ကြီးမားနေမှုလျော့နည်းရန် လို၏။ တစ်စုံတစ်ယောက်အပေါ် တွယ်တာမှုကြီးနေပါက အများအပေါ် တွယ်တာရန် အားနည်းနေမည်ဖြစ်၏။

(၁၅) အပြစ်ကင်းစင်ရမည်
မေတ္တာရှင်သည် မည်မျှသေးငယ်သော အပြစ်ကိုမျှပင် မပြုလုပ်ဘဲ အပြစ်ကင်းစင်သူဖြစ်ရန် လိုအပ်ပါ၏။

Thursday 23 February 2012

Without You

Without You

Mom, without you, there would be no me.
Your love, your attention, your guidance,
have made me who I am.

Without you, I would be lost,
wandering aimlessly,
without direction or purpose.

You showed me the way
to serve, to accomplish, to persevere.

Without you, there would be an empty space
I could never fill, no matter how I tried.

Instead, because of you,
I have joy, contentment, satisfaction and peace.
Thank you, mom.

I have always loved you
and I always will.

What a kiss means?



What a kiss means.. actually read the whole thing cause its nice!

  • Kiss on the Stomach = I'm ready
  • Kiss on the Forehead = I hope we're together forever
  • Kiss on the Ear = Your my everything
  • Kiss on the Cheek = We're friends
  • Kiss on the Hand = I adore you
  • Kiss on the Neck = We belong together
  • Kiss on the Shoulder = I want you
  • Kiss on the Lips = I love you
  • Kiss on the Pregnant = Our dream came true




What the gesture means...
  • Holding Hands = We definitely love each other
  • Slap on the Butt = That's mine
  • Holding on tight = I don't want to let go
  • Looking into each other's Eyes = I just plain love you
  • Playing with Hair = Tell me you love me
  • Arms around the Waist = I love you too much to let go
  • Laughing while Kissing = I am completely comfortable with you



ADVICE!
  • Don't ask for a kiss, take one.
  • If you were thinking about someone while reading this, you're definitely in Love



REQURIEMENTS
  • Post this again after reading!!


Thanks

Thursday 16 February 2012

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

၁။ ခြေလက္ခဏာ ......................................... ၁၃ ရပ်
၂။ ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
၃။ စိတ်လက္ခဏာ .......................................... ၆ ရပ်
၎။ လက်ဖ၀ါးလက္ခဏာ ................................... ၉ ရပ်
၅။ လည်ပင်းလက္ခဏာ ................................... ၁ ရပ်
၆။ အသံလက္ခဏာ ......................................... ၃ ရပ်
၇။ မျက်နှာလက္ခဏာ ...................................... ၈ ရပ်
၈။ သွားလက္ခဏာ .......................................... ၁ ရပ်
၉။ မျက်စေ့လက္ခဏာ ..................................... ၄ ရပ်
၁၀။ ဆံပင်လက္ခဏာ ...................................... ၃ ရပ်



ကိုယ်လက္ခဏာ (၁၆) ရပ်

၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင်
၂။ လင်္ကျာရစ်လည်သောအချက်
၃။ လင်္ကျာရစ်လည်သောဗွေ
၎။ ရွှေသောအဆင်း
၅။ နက်သောချက်
၆။ ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ ကြီးမြတ်သော သားမြတ်
၉။ ဆင်ကဲ့သို့ သွားခြင်း
၁၀။ သိမ်မွေ့ သော ခါးရှိခြင်း
၁၁။ သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ ကောင်းသောကိုယ်ရှိခြင်း
၁၃။ ဖွံ့ သောပေါင်ရှိခြင်း
၁၄။ ကိုယ်မွေးနည်းခြင်း
၁၅။ လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း


စိတ်လက္ခဏာ (၆) ရပ်
၁။ ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။ စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ ချစ်ခင်နှစ်သက်ခြင်း
၅။ အရိပ်ခြေသိခြင်း
၆။ ဖြောင့်မတ်တည်ကြည်ခြင်း


လည်ပင်းလက္ခဏာ (၁) ရပ်
၁။ လည်ရေး ၃ ဆင့်ရှိခြင်း


အသံလက္ခဏာ (၃) ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။ အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ ဥသြသံနှင့်တူသောအသံရှိခြင်း



မျက်နှာလက္ခဏာ (၈) ရပ်
၁။ လပြည့်ဝန်းနှင့်တူစွာရှိခြင်း
၂။ ရှည်သောမျက်နှာရှိခြင်း
၃။ နီသောနှုတ်ခမ်းရှိခြင်း
၎။ ဖြိုးမောက်သောနှာတံရှိခြင်း
၅။ ပြည့်ဖြိုးသောပါးရှိခြင်း
၆။ မှဲ့ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။ သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ ချွန်သောနှာခေါင်းရှိခြင်း


သွားလက္ခဏာ (၁) ရပ်
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သော ချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း


မျက်စေ့လက္ခဏာ (၄) ရပ်
၁။ မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း
၂။ ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။ သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ ပဒုမ္မာကြာကဲ့ သို့  အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း


ဆံပင်လက္ခဏာ (၃) ရပ်
၁။ အဖျားကော့သော ဆံပင်ရှိခြင်း
၂။ ရှည်သော ဆံပင်ရှိခြင်း
၃။ သိမ်မွေ့ သော ဆံပင်ရှိခြင်း


ဤကားကောင်းခြင်း (၆၄) ရပ်တည်း


ကောင်းခြင်းလက္ခဏာ (၆၄) ရပ်တွင် ခြေ နှင့် လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)



ဆရာကြီး ဦးထွန်းလှရေးသားသည်ကို တဆင့်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို စမတ်ကျအောင် ဘယ်လိုနေမလဲ?



ကျွန်မတို့ နေ့စဉ်ဘ၀မှာ၊ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် နေထိုင်တတ်ဖို့ဟာ ဘ၀မှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် အလွန်အရေးပါ ပါတယ်။ နေ့စဉ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် စစတွေ့တွေ့ချင်းမှာ ၀တ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ စမတ်ကျန သပ်ရပ်မှုဟာ လူတစ်ဦး တစ်ယောက်စီရဲ့ ပင်ကိုယ်ရုပ်လက္ခဏာတွေနဲ့ သိပ်ပြီး မဆိုင်လှပါဘူး။ အဲ့ဒါထက် လူတစ်ဦးစီရဲ့ ၀တ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမူအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့သာ များစွာ သက်ဆိုင်ပါတယ်။ ကဲ… စမတ်ကျနအောင် နေထိုင်ပြုမူဖို့ ဘယ်လိုအချက်တွေကို သတိပြုရမယ်၊ ဘာတွေ ဆောင်ရွက်ကြရမယ်ဆိုတာ ကြည့်ကြရအောင်။


၁။ ၀တ်စားဆင်ယင်မှု (Dressing Style)
အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊ မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်လ်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fitting ကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။ ဥပမာ- ကိုယ်က ၀လွန်းရင် အင်္ကျီက သိပ်သေးပြီး ကြပ်နေတာမျိုး၊ ကိုယ်ကပိန်လွန်းရင် အင်္ကျီက သိပ်ကြီးပြီး ပွနေတာမျိုး မဖြစ်ပါစေနဲ့။
နောက်ပြီး ၀တ်ဆင်မယ့်အ၀တ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့်နေရာဋ္ဌာန၊ ပွဲလမ်းသဘင်နဲ့ ကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ ခေတ်ရှေ့ပြေးချင်တယ်၊ သူများထက် ထင်ပေါ်ချင်တယ်ဆိုပြီး မင်္ဂလာဆောင်လိုမျိုးကို ခေတ်လွန်သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုးနဲ့ မတက်ရောက်ဖြစ်အောင် ဂရုပြုရပါမယ်။


၂။ ပြောပုံဆိုပုံ (Communication Style)
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားပြောဆို ဆက်ဆံကြတဲ့နေရာမှာလည်း ကာလဒေသအလိုက် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရ ပါမယ်။ ကိုယ်က စကားကျယ်ကျယ်အော်ပြောလိုက်လို့ အနှောင့် အယှက်ဖြစ်မဲ့ နေရာမျိုး ဥပမာ- Library လိုမျိုးမှာဆိုရင် စကားကျယ်ကျယ် မပြောမိအောင် အထူးသတိပြုရ ပါမယ်။
နောက်တစ်ခါ စမတ်ကျလိုသူတိုင်း သတိပြုရမှာက အခေါ်အဝေါ်ပါ။ လူပေါင်းစုံ အသက်အရွယ်ပေါင်းစုံနဲ့ ဆက်ဆံဆောင်ရွက်ကြတဲ့နေရာမှာ အသက်အရွယ် အဆင့်အတန်းအလိုက် ဦးလေးတန်သည် အစ်ကိုတန်သည် ယဉ်ကျေးစွာပြောဆိုဆက်ဆံ ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုစမတ်ကျပြီး ကိုယ့်ရဲ့အဆင့်အတန်း (Life Standard) ကိုပါ မြင့်တက်စေပါတယ်။


၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ (Self Confidence)
ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ စမတ်မကျနိုင်ဘူး ဆိုတာကတော့ အသေအချာပါပဲ။


၎။ လူ့ကျင့်ဝတ်များကို လိုက်နာပါ။ (Etiquette)
လောကမှာ လိုက်နာရမယ့် ကျင့်ဝတ် (Ethic) တွေနဲ့ (Etiquette) တွေဆိုတာ ရှိပါတယ်။ Ethic ဆိုတာကတော့ ရှင်းပါတယ်။ ဆရာတစ်ယောက်က ကျောင်းစိမ်းအင်္ကျီဝတ်ပြီး အရက်၊ ဆေးလိပ်မသောက် သင့်တာမျိုးပါ။ နောက် မင်းသားမင်းသမီးတွေအနေနဲ့ ဆယ်ကျော်သက် ပရိသတ် လူငယ်လူရွယ်တွေ အတုယူ အတုခိုးမှားစေနိုင်မယ့် အပြုအမူတွေကို မလုပ်ပြသင့်တာမျိုးပါ။
(Etiquette) ဆိုတာကတော့ အက်သစ်(Ethic)လောက် မပြင်းထန်ပါဘူး။ ဥပမာ- ထမင်းစားပွဲ ၀ိုင်းမှာ ချောင်းမဆိုး သင့်တာမျိုး၊ ညစာစားပွဲမှာ လက်ဆုံစားရင် ဇွန်းသံခက်ရင်းသံ ကျယ်ကျယ်လောင်လောင် မထွက်သင့်တာမျိုးပါ။ ဒါကြောင့်မို့ English Dictionary က Etiquette ဆိုတဲ့စကားလုံးကို ‘ The Code of ethical behavior regarding professional practice or action ’ “ လူကြီးလူကောင်း ပရော်ဖက်ရှင်နယ်များ လိုက်နာရန် လူမှုစည်းမျဉ်းများ ” လို့ ဖွင့်ဆိုထားခြင်းပါ။ စမတ်ကျလိုသူတိုင်း သက်ဆိုင်ရာ လူအဖွဲ့အစည်းရဲ့ Ethic and Etiquette စည်းမျဉ်းများကို လိုက်နာကြရပါမယ်။


၅။ နားထောင်တတ်အောင် သင်ယူပါ။ (Learn for Listening)
စမတ်ကျလိုသူတွေဟာ နေရာတကာမှာ သူတို့ချည်းပဲ စကားကို လုပြောလေ့ မရှိပါဘူး။ သူတစ်ပါးပြောဆို နေတာကို စိတ်ဝင်တစား နားထောင်တတ်ခြင်းဟာလည်း စမတ်ကျခြင်းရဲ့ ၀ိသေသ လက္ခဏာတစ်ရပ်ပါ။ ကမ္ဘာကျော် စကားပြောအကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ နားအထောင်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ သင်လည်း စမတ်ကျအောင် နားထောင်ကြည့်လိုက်ပါ။


၆။ လမ်းလျှောက်ရင် မတ်မတ်လျှောက်ပါ။ (Walking Style)
စမတ်ကျတဲ့သူတွေဟာ ကုတ်ချောင်းကုတ်ချောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဘယ်တော့မှ လမ်းမလျှောက်ကြပါဘူး။ ဒါပေမယ့် စမတ်ကျကျ လမ်းလျှောက်ကြတဲ့နေရာမှာ ဆောင့်ကြွားဆောင့်ကြွား ပုံစံမျိုး ဖြစ်မနေအောင်လည်း အထူးသတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ Personality ကို ဖော်ပြနေတယ်ဆိုတာကို အမြဲ သတိရပါ။


၇။ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ။ (Personal Hygiene)
တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကလည်း စမတ်ကျဖို့အတွက် များစွာ အရေးပါပါတယ်။ ခြေသည်း လက်သည်း၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကအစ စမတ်ကျကျ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ နောက် အရေးကြီးတာက ခံတွင်းနံ့ပါ။ ဥပမာ- ကိုယ်က ကော်ဖီလိုမျိုး ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ ငုံဆေး စကားမျိုးတွေကို ဆောင်ထားသင့်ပါတယ်။


၈။ ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ။ (Kind Heart)
စမတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားတွေကိုလည်း ပိုင်ဆိုင်ကြပါတယ်။ နေ့သစ်တစ်ခု အစပြုလာတာနဲ့ တတ်နိုင်သလောက် ကိုယ်နဲ့ဆက်ဆံရမယ့်သူတွေအပေါ် ကြင်နာပါ။ မေတ္တာထားပါ။
သွားရင်းလာရင်း သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေကိုတွေ့ရင် တတ်အားသမျှ ကူညီရိုင်းပင်းပါ။ ကြင်နာတတ်တဲ့ နှလုံးသားတွေဟာ Personality နဲ့ စမတ်ကျနမှုတွေကို ဆောင်းကြဉ်းပေးနိုင်တယ်ဆိုတာ သင် တွေ့လာရပါလိမ့်မယ်။


(လင်းသိုက်ညွန့် (မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်။) http://yourlifesuccess.blog.com/2011/08/07/how-to-make-yourself-smart/

လက်ထပ်ပေါင်းသင်းခြင်း အနုပညာ



ဇနီးမောင်နှံနှစ်ဦးရဲ့ ပေါင်းသင်း လက်ထပ်ခြင်းအနုပညာ

လောကကြီးမှာ ယောက်ျားနဲ့မိန်းမဆိုတဲ့ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ လိင်မတူတဲ့ ဒီလူနှစ်မျိုးနှစ်စားက အချင်းချင်းဆွဲငင်တတ်ကြသလို ချစ်ရည်လူးတဲ့စကားတွေကိုလည်း ပြောဆိုတတ်ကြတယ်။ ယောက်ျားရဲ့အခြား တစ်ခြမ်းက မိန်းမလို့ဆိုရင် မိန်းမရဲ့အခြားတစ်ခြမ်းဟာလည်း ယောက်ျားပဲဖြစ်ပါတယ်။ ယောက်ျားမရှိတဲ့ မိန်းမ၊ မိန်းမ မရှိတဲ့ယောက်ျားတွေဟာ အခြမ်းမပြည့်စုံသူတွေဖြစ်တယ်။ စက်ဝန်းတစ်ခုအဖြစ် အခြမ်းနှစ်ခု ပေါင်းစပ် ပြီး ရှေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လှိမ့်နိုင်ဖို့ မောင်နှံနှစ်ဦးရဲ့ ပေါင်းသင်းခြင်းအနုပညာကို သင်ယူတတ်မြောက် ထားဖို့ လိုပါလိမ့်မယ်။



အပြန်အလှန် တန်ဖိုးထားနှစ်သက်ခြင်း

ဇနီးမောင်နှံအတွက် အမှာစကား၊ မင်္ဂလာစကားတွေ အများကြီးရှိပေမယ့် အဲဒီစကားတွေရဲ့ အခြေခံ သဘောတရားက “(၁) တစ်ဘက်လူရဲ့ တန်ဖိုးထားနှစ်သက်ခံရသူဖြစ်အောင် ကြိုးစားပါ။ (၂) တစ်ဘက်လူကို တန်ဖိုးထားနှစ်သက်တတ်သူဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ အချက်နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

အချစ်ရဲ့တကယ့်အနှစ်သာရက အချင်းချင်းနှစ်သက်တာကို ရှာဖွေတွေ့ရှိခြင်းပဲဖြစ်တယ်။ တန်ဖိုးထားနှစ်သက် တာကို “ပန်း”လို့ တင်စားရင် အချစ်က “အသီး” ပဲ ဖြစ်မယ်ထင်ပါတယ်။ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း အရှက် အဝံ့မရှိ ထုတ်ဖော်ပြောပါ။ ချီးမွမ်း၊ ချီးကျူးစကားပြောဖို့ ကပ်စီးမနဲပါနဲ့။ သင့်တော်တဲ့နေရာ၊ ဆီလျော်တဲ့အမူအရာနဲ့ ကိုယ်ချစ်တဲ့လူကိုပြောတဲ့ “နင့်ကို ငါချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ တပ်တစ် တပ်ထက် အင်အားကြီးပါတယ်။ တန်ဖိုးထားနှစ်သက်တယ်ဆိုတာက တစ်ဘက်သားကို အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်းနဲ့ အားပေးဖေးမခြင်း စတာတွေကို ခံစားစေသလို ကျေနပ်အားရတဲ့ ခံစားချက် ကိုလည်း ဖြစ်စေပါတယ်။ နားလည်ခြင်းဆိုတဲ့အဓိပ္ပာယ်မှာ အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်း၊ ချီးကျူးခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းတွေ ပါပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ရင်ထဲမှာ တန်ဖိုးထားနှစ်သက်ခြင်းက လိုကို လိုအပ်ပါ တယ်။ ဒါဟာလည်း ဇနီးမောင်နှံနှစ်ဦးရဲ့ ပေါင်းသင်ခြင်းလျှို့ဝှက်ချက်ထဲက တစ်ခုဖြစ်ပါတယ်။



ခံစားမှုကို စုဆောင်းခြင်း

လူတိုင်းရင်ထဲက အနက်ရှိုင်းဆုံးတစ်နေရာမှာ ခံစားမှုတွေကို စုဆောင်းထားတဲ့ ဘဏ်လေးတစ်ခုရှိပါတယ်။ တကယ်လို့ အဲဒီဘဏ်လေးထဲမှာ အချစ်နဲ့ရယ်မောစရာတွေကို အမြဲစုထားရင် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း စတဲ့ အရာတွေက တိုးတိုးလာသလို ပြုံးရယ်ခြင်း၊ နူးညံ့ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်း စတဲ့ အတိုးအမြတ်တွေ ကိုလည်း ဖြစ်ထွန်းစေပါတယ်။ တစ်ခါတလေမှာ တကိုယ်ကောင်းဆန်မိ၊ မယုယ မကြင်နာဖြစ်မိပြီး ဘဏ်ထဲ ဘာမှ မစုဆောင်း မိရင်တောင် ဘဏ်က Overdraw မဖြစ်သွားနိုင်ပါဘူး။ ကြည်နူးပျော်ရွှင်ခြင်းတွေ စုဆောင်းထားတာနည်းရင်တော့ ငြင်းခုန်ရန်ဖြစ်တိုင်း ပြင်းထန်မှုတွေ ကြီးကျယ်စေတတ် ပါတယ်။

ယုံကြည်ခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းကို အကြွေးစာရင်းထဲမှာပဲထားပြီး စုဆောင်းထားတာကိုပဲ အမြဲထုတ်ထုတ်သုံးနေရင်လည်း နောက်ဆုံးမှာ ခံစားချက်ပြိုကွဲခြင်း၊ အိမ်ထောင်ရေးအက်ကြောင်းထခြင်း စတဲ့ အပျက်အဆီးထဲ ရောက်သွားနိုင်ပါတယ်။ လူ့ဘဝက ရှုပ်ထွေးပွေလီလွန်းပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့ ဟာ အထိန်းအချုပ်မဲ့ပြီး တစ်ဘက်လူ၊ ကိုယ့်အိမ်ထောင်ဖက်ကို ထိခိုက်နာကျင်အောင် လုပ်မိတတ်ပါတယ်။ ခံစားမှုဘဏ်အကောင့်လေး Overdraw မဖြစ်သွားစေတဲ့ အကောင်းဆုံးနည်းက ဘဏ်ထဲကို နာလိုဖွယ်စကား၊ ချစ်ခင်နှစ်သက်တဲ့ခံစားမှု၊ တန်ဖိုးထားမြတ်နိုးတဲ့ အပြုအမူတွေ အမြဲတမ်း စုဆောင်းနေဖို့ပဲဖြစ်ပါတယ်။



ကိုယ်ပိုင်လွတ်လပ်မှု

လက်ဘနွတ်စာရေးဆရာ (Kahlil Gibran)က “နှစ်ခုကို တစ်ခုဖြစ်အောင် ပေါင်းတဲ့ အထဲမှာ နေရာလပ်လေး တစ်ခုတော့ ရှိဖို့လိုတယ်”လို့ ဆိုခဲ့ပါတယ်။ တယောကြိုးတွေဟာ အသံတစ်သံထဲမှာ တုန်ခါနေတယ်ဆိုပေမယ့် ကြိုးတိုင်းမှာ မတူတဲ့အသံကိုယ်စီနဲ့ ကွဲပြားကြပါတယ်။ ဒါမှလည်း သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေကို တီးခတ်နိုင်မှာဖြစ်တယ်။ အိမ်ထောင်ရေးဆိုတာ တစ်ဦးချင်းရဲ့လွတ်လပ်မှု၊ တစ်ဦးချင်းရဲ့ ဒီမိုကရေစီဖြစ်တယ်။ “နင်က ငါ့ဟာပါ” လို့ သံသယ မလွန်ကဲပါနဲ့။ ဒါဟာ အချစ်အိမ်လေးကို လှောင်အိမ် အချုပ်ဖြစ်အောင် ဖန်တီး လိုက်တာနဲ့ အတူတူပါပဲ။ အချစ်ကို အဓွန့်ရှည် တည်တံစေချင်ရင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးရပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ပြောနေတာမဟုတ်သလို တခြားသူကိုပြောင်းလဲနိုင်ဖို့ ကြိုးစားခိုင်းတာလည်း မဟုတ်ပါဘူး။ သင့်တော်တဲ့ အခြေအနေတစ်ခု၊ နေရာတစ်ခုဖြစ်အောင် အချင်းချင်းထိန်းညှိဖို့၊ အတူတကွ ဆိုပေမယ့်လည်း ကိုယ်ပိုင်နေရာလေးရှိဖို့တော့ လိုအပ်ပါတယ်။ အိမ်ထောင်ရေးဆိုတဲ့မြေကြီးထဲမှာ ကိုယ်ပိုင်အပင်လေးနှစ်ပင် လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားစေခြင်းအားဖြင့် ပျော်ရွှင်တဲ့ အသီးအပွင့်တွေ ကို ဝေဝေဆာဆာ ဖူးပွင့်စေနိုင်ပါတယ်။



အပြန်အလှန် လေးစားခြင်း

“သင့်ကို လူတွေဘယ်လို ဆက်ဆံစေချင်ရင် လူတွေကို သင်လည်းဘယ်လိုဆက်ဆံပါ”ဆိုတဲ့ စကားအတိုင်း အိမ်ထောင်ရေးတည်မြဲဖို့ အဓိကအရေးပါတဲ့အချက်က အချင်းချင်းလေးစားတတ်ဖို့ပဲဖြစ်ပါတယ်။ တစ်ဘက်သား ကို လေးစားတတ်မှ တစ်ဘက်သားရဲ့လေးစားမှုကိုရမှာဖြစ်တယ်။ တစ်ဘက်သားကို လေးစားတတ်ရုံတင်မက သူ့မိဘ၊ သူ့ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကိုပါ လေးစားတတ်ရပါမယ်။ တကယ်လို့ တစ်ဘက်သားရဲ့မိသားစုကို မလေးစား၊ မထီမဲ့မြင်ပြုတယ်။ တချို့က တစ်ဘက်ရဲ့မိသားစုကို ကိုယ့်ပြိုင်ဖက်လို သဘောထားတယ်။ ဒါဟာ အင်မတန် ရုပ်ဆိုးအကြည်တန်တဲ့ တုံးအမှုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အထီးကျန်ကမ္ဘာထဲ တွန်းပို့နေသလို သင့်ရဲ့အိမ်ထောင်ရေးကိုလည်း ပြိုကျပျက်ဆီးစေနိုင်ပါတယ်။

ငွေကြေးနဲ့အချစ်…. မိသားစုရဲ့အခြေခံမှာ ငွေကြေးနဲ့အချစ် တစ်ခုခုလစ်ဟနေလို့မဖြစ်ပါဘူး။ ပြောနေကျစကား အတိုင်းပြောရရင် အချစ်ဆိုတာလိုအပ်သလို ပေါင်မုန့်ဆိုတာလည်း လိုအပ်ပါတယ်။ ငွေကြေးမရှိရင် အချစ်ကို သက်ရောက်တတ်တာကိုတော့ ဘယ်သူမှငြင်းဆန်လို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ငွေကြေးက ကောင်းကျိုးကို လည်း ဖြစ်စေသလို ဆိုးကျိုးကိုလည်း ဖြစ်စေပါတယ်။ မိသားစုဘဝမှာ ငွေကြေးကို အရမ်းအလေးထားလို့ မဖြစ် ပါဘူး။ “စီးပွားရေး စီမံကိန်း”ဆိုပြီး တစ်ဘက်သားကို ထိန်းချုပ်ခြယ်လှယ်တာမျိုး၊ တစ်ဘက်သားကို ငွေကြေးနဲ့ ပတ်သက်တဲ့လုပ်ပိုင်ခွင့် မပေးတာမျိုး ဖြစ်စေတတ်လို့ပါ။ သင့်ရဲ့ဒီလိုစီမံကိန်းကို မခံမရပ်နိုင်တဲ့ တစ်နေ့မှာ မိသားစုအိမ်ငယ်လေးထဲကနေ သူထွက်ပြေးသွားတတ်ပါတယ်။ ဒီလိုအချိန်ရောက်မှ ငွေကြေးဆိုတာ ဒြပ်မဲ့၊ လူကမှ သက်ရှိ၊ လူသာလျှင် ချစ်ခြင်းအဆောက်အဦးကြီးရဲ့ ထုပ်တန်းဆိုတာကို သင်သိလာမှာဖြစ်တယ်။



ဖူးစာကံကို တန်ဖိုးထားပါ

“ရှေးဘဝရဲ့အတိတ်ကံကြောင့် ဒီဘဝမှာလာတွေ့ကြတယ်” ဆိုတဲ့အတိုင်း အပြောကျယ်တဲ့လောကကြီးမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အခြားတစ်ခြမ်းနဲ့ လာဆုံခဲ့ကြတယ်။ အတိတ်ကံ ဘယ်လောက်ကောင်းခဲ့သလဲ! ဒါကြောင့် ဒီကံကို ကျွန်မတို့ တန်ဖိုးထားသင့်ပါတယ်။ ဖူးစာကံကြောင့် လာဆုံကြတဲ့ ဒီအိမ်ထောင်ရေးကို တီဗီကြည့်သလိုမျိုး အချိန်မရွေး ဟိုချန်နယ်ချိန်း၊ ဒီချန်နယ်ချိန်း မလုပ်သင့်ပါဘူး။ ပထမအိမ်ထောင်ရေးမှာ တည်ကြည်လေးနက်မှု မရှိသူဟာ ဒုတိယအိမ်ထောင်ရေးကိုလည်း ကောင်းကောင်းလည်ပတ်စေနိုင်မှာ မဟုတ်ပါဘူး။ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ရှိမှုနဲ့ပြောင်းလဲတတ်တဲ့ ခံစားချက်တွေက ယောက်ျားနဲ့ မိန်းမရဲ့ ပေါင်းသင်းခြင်း တည်မြဲရေးကို သက်ရောက်စေတတ် ပါတယ်။ တကယ် လို့ ကယ်တင်လို့ မရနိုင်တော့တဲ့ သေကွဲအိမ်ထောင်ရေး မဟုတ်ခဲ့ရင် အတတ်နိုင်ဆုံး ကြိုးစားကုသပါ။ လက်စ တွဲပြီဆိုတာနဲ့ “ပျိုမျစ်တဲ့လက်ကနေ အိုမင်းတဲ့လက်ဖြစ်သည်အထိ” တွဲပါ။ စကားတစ်ခွန်းကြောင့်၊ အခက်အခဲလေး တစ်ခုကြောင့်နဲ့ လက်တွဲမဖြုတ်လိုက်ပါနဲ့။



ပေးဆပ်တတ်ပါစေ

လူအများက “အချစ်ခံ”ရတာကို နှစ်သက်တတ်ကြပြီး “ချစ်ဖို့” ကိုတော့ မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ဖို့ကောင်းအောင် နေမလဲဆိုတာကိုပဲသိကြပြီး တစ်ဘက်သားကို ဘယ်လိုချစ်မယ်၊ ဘယ်လို ဂရုစိုက်မယ်ဆိုတဲ့ ခြေလှမ်းကိုတော့ စမလှမ်းချင်ခဲ့ကြဘူး။ တကယ့်အချစ်က အရာရာအားလုံးကို “ပေးဆပ်” တာပါ၊ “ရယူ” တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခွန်အားနဲ့ သူ့ရဲ့ခွန်အားကို တက်ကြွစေတာပါ။ ပေးဆပ်ခြင်းက ရယူခြင်းထက် လူကို ပိုပျော်ရွှင်စေပါတယ်။ ပေးဆပ်လိုက်ရလို့ ဆုံးရှုံးချို့ငဲ့သွားတာ မဟုတ်ပါဘူး။ ပေးဆပ်လိုက် ရလို့ ဘဝကဖြစ်တည်သွားတာပါ။ အချစ်ဆိုတာ ဖြူစင်သန့်ရှင်းတဲ့အရာပါ။ အချစ်ထဲမှာ တောင့်တမှုတွေ၊ အကျိုး အမြတ်တွေ ရောစပ်မနေသင့်ပါဘူး။ အချစ်ဆိုတာ မျှဝေခြင်းပါ၊ တစ်ဘက်သတ်မဟုတ်ပါဘူး။ အချစ်ဆိုတဲ့အရာ ထဲမှာ ဂရုစိုက်ခြင်း၊ တာဝန်ယူခြင်း၊ လေးစားခြင်း စတဲ့အသိဉာဏ်တွေ ပါပါတယ်။ “သူ့ထဲမှာ ကိုယ်ရှိပြီး ကိုယ့်ထဲမှာ သူရှိ” တာဟာ အိမ်ထောင်ရေးရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။



အပြန်အလှန် ကြင်နာခြင်း

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကြင်နာတတ်သူနဲ့အကြင်နာခံချင်သူတွေ ဖြစ်ကြပါတယ်။ သင်တွေ့ဆုံခဲ့တဲ့သူက လူတွေကိုပဲကြင်နာတတ်ပြီး အကြင်နာမခံချင်တဲ့ ဖခင်လိုယောက်ျားမျိုး၊ မိခင်လို မိန်းမမျိုးလို့ မထင်လိုက်ပါနဲ့။ ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တူပါတယ်။ ဘဝထဲက ချဉ်၊ ငံ၊ စပ်၊ ခါး အရသာတွေကို အတူတကွ ခံစားသင့်ပါတယ်။ သူ(သူမ) အလုပ်ပြန်ချိန် ရေအေးလေးတစ်ခွက် ကမ်းတာ၊ သူအိပ်ပျော်ချိန် စောင်လေးခြုံပေးတာ… ဒါတွေဟာ မပြောပလောက်တဲ့ အပြုအမူဆိုပေမဲ့ အချစ်ကို အဓွန့်ရှည်စေတယ်၊ အကြင်နာတွေ နှလုံးသားထဲ တစိမ့်စိမ့်ဝင်စေတယ်၊ အိမ်ထောင်ရေးကို ထာဝရတည်မြဲစေပါတယ်။



ခွင့်လွှတ်ခြင်းကို သင်ယူပါ

ဝတ်စားဆင်ယင်မှုရဲ့ အမြင့်ဆုံးအဆင့်က ဆွဲဆောင်မှုရှိခြင်းဆိုရင် အချစ်ရဲ့အမြင့်ဆုံးအဆင့်က ခွင့်လွှတ်ခြင်းပဲဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ရေးကို မှန်မှန်ကန်ကန် လည်ပတ်နိုင်ဖို့ဆိုတာ ဇနီးမောင်နှံနှစ်ဦးလုံး အချင်းချင်း လိုက်လျောညီထွေအောင် နေတတ်ရုံမက အပေးအယူလည်း သင့်ဖို့ လိုပါတယ်။ အိမ်ဆိုတာ ချစ်ခြင်းမေတ္တာအကြောင်း ပြောဖို့နေရာလေးပါ။ အကျိုးအကြောင်း မသင့်တဲ့ အရာတွေ ငြင်းခုန်တဲ့နေရာ မဟုတ်ပါဘူး။ ဒဿနပညာရှင်တစ်ဦးက “မင်္ဂလာမဆောင်ခင် မျက်လုံးနှစ်လုံးကို ကျယ်ကျယ်ဖွင့်ပါ။ မင်္ဂလာဆောင်ပြီးရင် မျက်လုံးတစ်လုံးကို မှိတ်ထားပါ” လို့ ဆိုခဲ့ပါတယ်။ လူတိုင်း ခြောက်ပစ်မကင်းနိုင်ပါဘူး။ ဒီလူကို ချစ်ကြိုက်ခဲ့တယ်ဆိုတာက သူ့မှာ သင့်ကိုဆွဲဆောင်နိုင်တဲ့ အရာ ရှိခဲ့လို့ပဲ မဟုတ်ပါလား?

တကယ်လို့ လူတစ်ယောက်ကို သင်နှစ်နှစ်ကာကာချစ်တယ်ဆိုရင် သူ့ရဲ့အရာရာကို ခွင့်လွှတ်နားလည်နိုင်ဖို့ ကြိုးစားပါ။ တကယ်လို့ လူတစ်ယောက်ကို သင်ခွင့်လွှတ်နားလည်တယ်ဆိုရင် သူ့ကိုသင်အရမ်းချစ်လို့ပါပဲ။ ခွင့်လွှတ်ခြင်းက အချင်းချင်း ဆက်ဆံပြောဆိုမှုကို ချောမောပြေပြစ်စေနိုင်သလို သင့်ကိုလည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ပေးနိုင်ပါတယ်။



နားလည်ပေးပါ

ဇနီးမောင်နှံကြားမှာ အချင်းချင်း “နားလည်” တတ်ရပါတယ်။ “နားလည်ခြင်း” ဆိုတာ အရှုံးနဲ့ သင်ရင်ဆိုင်ရချိန် သင့်ကိုလေးစားမှု ပျက်စေတဲ့စကား မပြောသူ၊ သင်စိတ်လိုက်မာန်ပါလုပ်ချိန် သင့်ကို လေသံချိုချိုနဲ့ ရှင်းပြဖြေရှင်းချက်ပေးသူ၊ သင်စိတ်ဆင်းရဲချိန် သင့်ကိုဝန်မပိုစေသူ၊ သင်ပြုံးရင် သူအရင်ရယ်သူ၊ သင်စိတ်ညစ်ရင် သူအရင်စိတ်ပူတတ်သူ၊ သူပျော်တာတွေ သင့်ကိုပြောပြတတ်သူ၊ သူစိတ်ညစ်တာတွေ သင့်ကို မသိစေချင်သူ၊ မိုင်ပေါင်းထောင်သောင်းဝေးလည်း သင့်ကို ယုံကြည်စိတ်ချသူ… နားလည်တတ်ဖို့ ဂရုစိုက်ကြင်နာခြင်းတွေ လိုအပ်သလို ချစ်ခြင်းတွေလည်း လိုအပ်ပါတယ်။

ချစ်ခင်တတ်ကြပါစေ......

Wednesday 15 February 2012

“နှစ်ဦးသဘောတူ ဆိုင်ရှင် / ဆိုင်ငှား - ငှားရမ်းခြင်းစာချုပ်”


နှစ်ဦးသဘောတူ ဆိုင်ရှင် / ဆိုင်ငှား - ငှားရမ်းခြင်းစာချုပ်

ရက်စွဲ ။ ခုနှစ်၊ လ၊ ( )ရက်

ဆိုင်ခန်းပိုင်ရှင် ။

အမည်

မှတ်ပုံတင်

နေရပ် .

ဆိုင်ငှားရမ်းသူ ။

အမည်

မှတ်ပုံတင်

နေရပ်

အငှားချထားသည့်ဆိုင်ခန်း

၁ ။ အထက်အမည်ပါ ဆိုင်ခန်းပိုင်ရှင်နှင့် ဆိုင်ခန်းငှားရမ်းသူဟု ဆိုကြရာတွင် ၎င်းတို့ကိုယ်တိုင်အပြင် ၎င်းတို့၏ အမွေစား အမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် ကိုယ်စားပြုခံရသူများအားလုံး ပါဝင်သည့်အပြင် ဆိုင်ရှင်မှ ဆိုင်ငှားသို့ ယုံကြည်အပ်နှံ၍ ခေတ္တငှားရမ်းထား ခြင်းဖြစ်ကြောင်း မှတ်ယူရမည်။

၂ ။ ငှားရမ်းသူမှ ငှားရမ်းခကို လစဉ်လတိုင်း ( ) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ကတိပြုသည်။

၃ ။ ငှားရမ်းသူမှလည်းကောင်း၊ ပိုင်ရှင်မှလည်းကောင်း၊ မငှား/ငှား လိုသော် တစ်ဦးကိုတစ်ဦး ( )လ ကြိုတင်၍ အကြောင်းကြားရန် နှစ်ဦးနှစ်ဖက် နားလည်ကြပါသည်။

၎ ။ စာချုပ်သက်တမ်းပြည့်သော ( )ရက်နေ့တွင် ဆိုင်ငှားသည် ဆိုင်ပိုင်ရှင်အား မူလငှားရမ်းစဉ်အခြေအနေ အတိုင်း ဆိုင်ရှင်သို့ပြန်လည်ပေးအပ်ရမည်။

( ) ( )

ဆိုင်ခန်းပိုင်ရှင် ဆိုင်ခန်းငှားရမ်းသူ

အသိသက်သေများ

၁ ။ ၂ ။

အမည် အမည်

မှတ်ပုံတင် မှတ်ပုံတင်

လိပ်စာ လိပ်စာ

“နှစ်ဦးသဘောတူ __________ အရောင်းအ၀ယ် စရံပေးကတိစာချုပ်”



နှစ်ဦးသဘောတူ ___________________ အရောင်းအ၀ယ် စရံပေးကတိစာချုပ်”

မြို့၊ အမှတ် (_ ) န၊ ဦး/ဒေါ် ( မှတ်ပုံတင်အမှတ )ကိုင်ဆောင်သူပိုင် ဖြစ်သော . ကို မြို့၊ အမှတ် ( ) န၊ ဦး/ဒေါ် ( မှတ်ပုံတင်အမှတ )ကိုင်ဆောင်ထား သူအား တန်ဖိုးကျပ်ငွေ /-(ကျပ် တိတိဖြင့်

ခုနှစ်၊ လ၊ ( ) ရက်နေ့တွင် အပြီးအပိုင်ရောင်းချလိုက်ပါသည်။


ယနေ့စာချုပ် ချုပ်သည့်နေ့တွင် သယ်ယူသူက ရောင်းချသူအား စရံငွေ ကျပ /-

(ကျပ် တိတိ) ကို ပေးထားပြီး၊ ကျန်ငွေ ကျပ် /- (ကျပ် တိတိ) ကို ( - - )နေ့တွင် အပြေကြေ ပေးချေမည်ဖြစ်ကြောင်း ၀ယ်ယူသူက ၀န်ခံပါသည်။ အကယ်၍ ပေးချေရန် ပျက်ကွက်ခဲ့လျှင် ပေးထားသည့် စရံငွေ အဆုံးခံမည် ဖြစ်ကြောင်းဝန်ခံပါသည်။ ရောင်းချသူကလည်း ဝယ်ယူသူက ငွေအပြေကြေပေးဆောင်နိုင်ပါလျှက် မိမိရောင်းချရန် ပျက်ကွက်ခဲ့ပါလျှင်၊ ရယူထားပြီးဖြစ်သော စရံငွေအပြင် ယင်းစရံငွေ၏ (၂) ဆ ကို ပြန်လည်ပေးလျှော်မည်ဖြစ်ကြောင်း ဝန်ခံ ကတိပြုပါသည်။

အဆိုပါရောင်းချသူ ဦး/ဒေါ် သည် အဆိုပါ( )ကို မိမိပိုင်ဆိုင်ပြီး၊ အပေါင်အနှံ၊ အချုပ်အချယ်၊ အရှုပ်အရှင်းလုံးဝ ကင်းရှင်းကြောင်းနှင့် ၎င်းနှင့်စပ်လျင်း၍ တစ်စုံတရာ အရှုပ်အရှင်း ပေါ်ပေါက်လာလျှင် မိမိစရိတ်ဖြင့် အကုန်အကျခံ၍ လုံးဝပြေလည်သည့်တိုင်အောင် ဖြေရှင်းပေး မည်ဖြစ်ကြောင်း၊ ပြောဆိုဝန်ခံသည်ကို သဘောတူညီကြ၍ အောက်ပါအသိသက်သေများရှေ့တွင် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြပါသည်။

( ရောင်းချသူ ) ( ဝယ်ယူသူ )

.

.

အသိသက်သေများ

.

.

. . .

“ဆိုင်ခန်းငှားရမ်းခြင်းနှစ်ဦးသဘောတူကတိစာချုပ်”


ဆိုင်ခန်းငှားရမ်းခြင်းနှစ်ဦးသဘောတူကတိစာချုပ်

ဤစာချုပ်ကို မြို့နယ်၌ သက္ကရာဇ်၊ - ခုနှစ်၊ လ( )ရက်နေ့ တွင်အောက်အမည်ပါ ဆိုင်ခန်းပိုင်ရှင် နှင့် ငှားရမ်းသူတို့ သဘောတူချုပ်ဆိုကြခြင်းဖြစ်ပါသည်။

ဆိုင်ခန်းပိုင်ရှင်

ဆိုင်ခန်းငှားရမ်းသူ

ငှားရမ်းသည့်ဆိုင်ခန်း

ငှားရမ်းသည့်သက်တမ်း ခုနှစ်၊ လ ( ) ရက်နေ့မ ခုနှစ်၊ ( ) ရက် နေ့ထိ လပေါင်း( ) လ

ငှားရမ်းသည့်နှုန်းထား တစ်လလျှင် ငှားရမ်းခ /-(ကျပ် ) တိတိ

ဆိုင်ခန်းတွင် ဖွင့်လှစ် မည့်စီးပွားရေးလုပ်ငန်း

စည်းကမ်းချက်များ

(၁) ဆိုင်ခန်းငှားခနှုန်းခထားမှာ တစ်လလျှင် /- ဖြစ်ပြီး ငှားရမ်းသည့်သက်တမ်း ( ) လ အတွက် ကျသင့်ငွေ /-(ကျပ် ) တိတိကို ယနေ့စာချုပ် ချုပ်သည့်နေ့တွင် အကြေပေး ချေရပါမည်။

(၂) ငှားရမ်းသူသည် ဆိုင်ခန်းတွင် သုံးစွဲသည့်လျှပ်စစ်ဓါတ်အားခကို လစဉ် /-(ကျပ် တိတိ) သတ်မှတ်ပြီး လစဉ် လဆန်း ( ) ရက်နေ့တွင် ဆိုင်ရှင်သို့ ပေးဆောင်ရပါမည်။

(၃) ဥပဒေနှင့်ငြိစွန်းသော ဆောင်ရွက်မှုများ ပြုလုပ်ပါက ဆိုင်ခန်းငှားရမ်းသူဧ။် တာဝန်သာဖြစ်ပြီး အကယ်၍ ဥပဒေနှင့်ငြိစွန်းမှု တစ်စုံတရာ ပေါ်ပေါက်လာပါက ဆိုင်ရှင်သို့ပေးထားပြီးသော ဆိုင်ခန်းငှားခများကို အဆုံးရှုံးခံ၍ ဆိုင်ခန်းမှဖယ်ရှား ထွက်ခွာသွားရပါမည်။

(၄) ဆိုင်ခန်းကို နှစ်ဦးနှစ်ဖက် ဆက်လက်ငှားရမ်းလိုပါက အငှားစာချုပ်အသစ် ထပ်မံချုပ်ဆိုရမည်ဖြစ်ပြီး ငှားရမ်းခကို ပြောင်းလဲ သတ်မှတ်ခွင့်ရှပါသည်။ ဆိုင်ရှင်မှသော်လည်းကောင်း၊ ဆိုင်ငှားမှသော်လည်းကောင်း ဆိုင်ခန်းကို ဆက်လက်ငှားရမ်းရန် ဆန္ဒမရှိပါက အငှား သက်တမ်း မကုန်မီ ( )လ ကြိုတင်၍ အသိပေးရမည်ဖြစ်ပါသည်။

ဤငှားရမ်းခြင်းသဘောတူစာချုပ်ကို ချုပ်ဆိုကြသူများသည် ဤစာချုပ်ပါ စည်းကမ်းချက်များကို ကိုယ်တိုင်ဖတ်ရှုနားလည် သဘောပေါက်ကြသဖြင့် မိမိတို့ဧ။် လွတ်လပ်သော ဆန္ဒနှင့် အညီ သက်သေများရှေ့၌ လက်မှတ်ရေးထိုးကြပါသည်။

( ) ( )

ဆိုင်ခန်းပိုင်ရှင် ဆိုင်ခန်းငှားရမ်းသူ

အသိသက်သေများ

၁ ။ ၂ ။

အမည် အမည်

မှတ်ပုံတင် မှတ်ပုံတင်

လိပ်စာ လိပ်စာ